ဆီးဂိမ်းအမျိုးသားဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်း မလေးရှားကို ရှုံးနိမ့်

 

ရန်ကုန်   မေ    ၄


(၃၂)  ကြိမ်မြောက်   ဆီးဂိမ်းအမျိုးသားဘော်လီဘောပြိုင်ပွဲ အုပ်စု ဒုတိယနေ့ကို  မေ  ၄  ရက်က  ဆက်လက်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲဆက်ခဲ့သည်။

 


အုပ်စုဒုတိယနေ့တွင် မလေးရှားအသင်းက  မြန်မာအသင်း ကို  သုံးပွဲ-တစ်ပွဲ၊  ထိုင်းအသင်းက   ဗီယက်နမ်အသင်းကို  သုံးပွဲ-တစ်ပွဲ၊  အင်ဒိုနီးရှားအသင်းက  စင်ကာပူအသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရခဲ့သည်။  မြန်မာအသင်းသည်  ပထမပွဲ ငယ်တွင်  အနိုင်ရသော်လည်း ပွဲငယ်သုံးပွဲဆက်တိုက် ပြန်လည် ရှုံးနိမ့်ခဲ့သဖြင့် ရှုံးပွဲဆက်ခဲ့ခြင်းဖြစ်သည်။  မြန်မာအသင်းသည် ပထမပွဲငယ်တွင် ၂၅-၂၁ မှတ်ဖြင့်အနိုင်ရသော်လည်း ဒုတိယ ပွဲငယ်တွင် ၂၁-၂၅ မှတ်၊ တတိယပွဲငယ်တွင် ၁၄-၂၅ မှတ်၊ စတုတ္ထပွဲငယ်တွင် ၂၀-၂၅ မှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။  မြန်မာ အသင်းသည် တစ်ပွဲကစားရန် ကျန်သေးသော်လည်း ဆီမီး ဖိုင်နယ်     တက်ရောက်ခွင့်ဆုံးရှုံးသွားပြီဖြစ်သည်။   မြန်မာ အသင်းသည်  အုပ်စုနောက်ဆုံးပွဲအဖြစ်  မေ  ၆  ရက်တွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။  

               
ရဲရင့်လွင်