ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) နောက်ဆုံးနေ့အဖြစ် မြန်မာနှင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား ယနေ့ယှဉ်ပြိုင်မည်

 

နေပြည်တော်  မေ  ၉


(၃၂) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ  အုပ်စု (က) နောက်ဆုံးနေ့ကို မေ ၁၀ ရက် (ယနေ့) ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် အိမ်ရှင်ကမ္ဘောဒီးယား တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အုပ်စုနောက်ဆုံးပွဲများကို တစ်ချိန် တည်းကစားမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ကျင်းပမည်ဖြစ်သည်။

 

 
အုပ်စု (က) နောက်ဆုံးနေ့အဖြစ်  RSN ကွင်း၌  မြန်မာနှင့် ဖိလစ်ပိုင်၊ အိုလံပစ်အမျိုးသားကွင်း၌  အင်ဒိုနီးရှားနှင့်  အိမ်ရှင် ကမ္ဘောဒီးယားတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းအုပ်စုတွင် အင်ဒိုနီးရှားအသင်းက ကိုးမှတ် ဖြင့်   ဆီမီးဖိုင်နယ်တက်ရောက်ရန်  သေချာထားပြီး ကျန်တစ်နေရာအတွက် ခြောက်မှတ်ရထားသည့် မြန်မာနှင့် လေးမှတ်ရထားသည့် ကမ္ဘောဒီးယားတို့ အခွင့်အရေး ရှိနေသည်။   

 


ဖိလစ်ပိုင်သည်    ရမှတ်တစ်မှတ်ဖြင့်     ဆီမီးဖိုင်နယ် တက်ရောက်ရန် မျှော်လင့်ချက်မရှိတော့ဘဲ   မြန်မာနှင့်ပွဲတွင် ဂုဏ်သိက္ခာအတွက်သာ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။  


ရဲရင့်လွင်