ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း အင်ဒိုနီးရှားကို ဂိုးပြတ်ရှုံးနိမ့်

 

ရန်ကုန်   မေ    ၄


(၃၂) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသား  ဘောလုံးပြိုင်ပွဲ  အုပ်စု (က) တတိယနေ့ကို   မေ  ၄  ရက်က ဆက်လက်ကျင်းပရာ အင်ဒိုနီးရှားနှင့်  တီမောအသင်း  အနိုင်ရပြီး မြန်မာအသင်း    ရှုံးပွဲ ကြုံတွေ့ခဲ့သည်။

 


မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ   ငါးဂိုးပြတ်  အရေး နိမ့်ခဲ့ခြင်းဖြစ်သည်။   လိုအပ်ချက်၊  အားနည်းချက်များရှိနေသည့်  မြန်မာအသင်းသည် အင်ဒိုနီးရှားကို ယှဉ်ကစားနိုင်ခြင်းမရှိဘဲ ဂိုးပြတ်အရှုံးပေးခဲ့ရသည်။ မြန်မာအသင်းသည် ယခုပွဲရလဒ်ကြောင့် ဆီမီးဖိုင်နယ် တက်ရောက်ရန် ရုန်းကန်ရတော့မည်ဖြစ်သည်။

 


အုပ်စု  (က)  အခြားပွဲတွင် တီမောအသင်းက  ဖိလစ်ပိုင်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယခုပွဲအပြီးတွင် အင်ဒိုနီးရှားအသင်းက နှစ်ပွဲကစား ခြောက်မှတ်၊ ကမ္ဘော ဒီးယားအသင်းက  နှစ်ပွဲကစား  လေးမှတ်၊  တီမောနှင့်  မြန်မာအသင်းက  နှစ်ပွဲကစား သုံးမှတ်စီ၊ ဖိလစ်ပိုင်အသင်းက သုံးပွဲကစား တစ်မှတ်ရရှိထားသည်။


ရဲရင့်လွင်