ဆီးဂိမ်းစ်ပြိုင်ပွဲအကြို မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း တောင်ကိုရီးယားနိုင်ငံ၌  ခြေစမ်းပွဲများ သွားရောက်ကစားမည်

 

ရန်ကုန်   ဧပြီ   ၂၂


(၃၁) ကြိမ်မြောက်  ဆီးဂိမ်းပြိုင်ပွဲ အတွက်   စခန်းဝင်လေ့ကျင့်နေ သည့်     မြန်မာ့လက်ရွေးစင်   အမျိုးသမီး ဘောလုံးအသင်းသည် တောင်ကိုရီးယားနိုင်ငံ၌   သွား ရောက်လေ့ကျင့်ကာ        ခြေစမ်းပွဲ များ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 


မြန်မာ့လက်ရွေးစင်  အမျိုး သမီး   ဘောလုံးအသင်းသည် တောင်ကိုရီးယားနိုင်ငံသို့ ဧပြီ ၂၄ ရက်တွင်   ထွက်ခွာမည်ဖြစ်ပြီး မေလ ပထမပတ်အထိ လေ့ကျင့်မှု ပြုလုပ်ကာ     ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမည်   ဖြစ်သည်။ မြန်မာ့လက်ရွေးစင်  အမျိုးသမီး အသင်းသည်    တောင်ကိုရီးယား လူငယ်         လက်ရွေးစင်အသင်း အပါအဝင်   အမျိုးသမီးကလပ်အသင်းများနှင့်   ခြေစမ်းပွဲများ    ယှဉ်ပြိုင်ကစားသွားမည်ဖြစ် သည်။  မြန်မာ့ လက်ရွေးစင်   အမျိုးသမီးအသင်း သည် ၂၀၂၁ ခုနှစ် အောက်တိုဘာမှ စတင်ကာ နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်  အောက်တိုဘာတွင်   အာရှဖလား  ခြေစစ်ပွဲ၊ ၂၀၂၂ ခုနှစ်   ဇန်နဝါရီတွင်   အာရှဖလားပြိုင်ပွဲ   နောက်ဆုံးအဆင့်တို့         ယှဉ်ပြိုင်ခဲ့ကာ ယင်းပြိုင်ပွဲများမတိုင်မီ      နိုင်ငံတကာခြေစမ်းပွဲ များ   ကစားရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  အဆင်မပြေခဲ့ဘဲ    ဆီးဂိမ်း ပြိုင်ပွဲမတိုင်မီမှသာ   ကစားခွင့်ရရှိခြင်းဖြစ် သည်။ မြန်မာ့လက်ရွေးစင်  အမျိုးသမီးအသင်း သည်  တောင်ကိုရီးယားခရီးစဉ်သို့   ကစား သမား ၂၂ ဦးသာ ခေါ်ဆောင်သွားမည်ဖြစ် သည်။   

 


ယင်းကစားသမားများအနက်    အိန္ဒိယ ကလပ်  ဂိုကူလမ်အသင်းတွင်  သွားရောက် ကစားနေသည့်    တိုက်စစ်မှူးဝင်းသိင်္ဂီထွန်း မှာ      တောင်ကိုရီးယားခရီးစဉ်တွင်    အသင်း နှင့်         ပူးပေါင်းနိုင်ဦးမည်မဟုတ်ဘဲ      မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း   ဗီယက်နမ် နိုင်ငံသို့ ရောက်ရှိမှသာ လာရောက်ပူးပေါင်းနိုင် မည်ဖြစ်သည်။  မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် မေလ ပထမပတ်အထိ တောင်ကို ရီးယားနိုင်ငံ၌    လေ့ကျင့်မည်ဖြစ်ပြီး   ဆီးဂိမ်း ပြိုင်ပွဲကျင်းပမည့်      ဗီယက်နမ်နိုင်ငံသို့ တိုက်ရိုက် သွားရောက်မည်ဖြစ်သည်။ မြန်မာ့ လက်ရွေးစင်အမျိုးသမီးအသင်းကို    နည်းပြ ချုပ်အဖြစ်   ဦးတင်မြင့်အောင်က   ကိုင်တွယ် နေပြီး လက်ရှိရွေးချယ်ထားသည့်   လူစာရင်း တွင်  စီနီယာကစားသမားများနှင့် လူငယ် ကစားသမားများ ပါဝင်လာသည်။

 


မြန်မာ့လက်ရွေးစင်  အမျိုးသမီးအသင်း သည်   ဆီးဂိမ်းပြိုင်ပွဲတွင်   ထိုင်း၊  စင်ကာပူ၊  လာအိုအသင်းတို့နှင့်        တစ်အုပ်စုတည်း  ကျရောက်နေသည်။                       
   

ရဲရင့်လွင်