
ရန်ကုန် ဧပြီ ၁၄
မြန်မာ ယူ - ၂၂ အသင်းသည် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံ ၌ လေ့ကျင့်လျက်ရှိပြီး ထိုင်းကလပ် အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိသည်။
မြန်မာ ယူ - ၂၂ အသင်း နည်းပြချုပ် ဖိုက်အွန်ဘိုင်နာသည် မတ်လနောက်ဆုံးပတ်တွင် စတင် လေ့ကျင့်ခဲ့သည့် ပဏာမကစား သမား ၃၆ ဦးအနက် ၂၆ ဦးကို ထိုင်းခြေစမ်းခရီးစဉ်သို့ ခေါ်ဆောင် သွားပြီး မလေးရှားကလပ် ဆီလန်ဂေါအသင်းတွင် ကစားနေ သည့် တောင်ပံတိုက်စစ်ကစား သမား ဟိန်းထက်အောင်မှာမူ ပြိုင်ပွဲနီးမှ လာရောက်ပူးပေါင်း မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဧပြီ ၁၀ ရက်မှ ၂၁ ရက်အထိ သွားရောက်လေ့ကျင့် လျက်ရှိပြီး ခြေစမ်းပွဲလေးပွဲ ကစားမည်ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ပထမဆုံးခြေစမ်းပွဲအဖြစ် ဧပြီ ၁၁ ရက်က ထိုင်းကလပ် ဘန်ကောက် အသင်းနှင့် ယှဉ်ပြိုင်ကစားရာ တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြန်မာ ယူ -၂၂ အသင်းအတွက် အနိုင်ဂိုးကို မိနစ် ၄၀ တွင် ဥက္ကာ နိုင်က သွင်းယူခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဧပြီ ၁၂ ရက် က ထိုင်းကလပ် ဆာမတ်ဆောင် ခရွန်အသင်းနှင့် ကွင်းပိတ်ခြေစမ်း ပွဲ ကစားခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် လက်ကျန်ခြေစမ်းပွဲ များအဖြစ် ဧပြီ ၁၇ ရက်တွင် ထိုင်းလိဂ်-၁ ကလပ် ရတ်ချာဘူရီ အသင်း၊ ဧပြီ ၁၈ ရက်တွင် ထိုင်းလိဂ်-၂ ကလပ် ကာစတန် ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ထိုင်းခြေစမ်း ခရီးစဉ်အပြီးတွင် ရန်ကုန်မြို့၌ အပြီးသတ်ပြင်ဆင်မှု များ ပြုလုပ်မည်ဖြစ်သည်။ ရဲရင့်လွင်