
မြန်မာ ယူ-၂၂ အမျိုးသားဘောလုံး အသင်းသည် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် ဧပြီ ၂၇ ရက် ညပိုင်းက ရန်ကုန်မြို့မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာ သွားသည်။
မြန်မာ ယူ-၂၂ အမျိုးသား ဘောလုံးအသင်းတွင် အုပ်ချုပ်သူ-ဦးစည်သူဝင်း၊ နည်းပြချုပ်-ဖိုက်အွန်ဘိုင်နာ (ဂျာမနီ)၊ လက် ထောက်နည်းပြများ အဖြစ် လောရင့်ဇ်၊ ဦးဇော်ဝင်းထွန်း၊ ဂိုးနည်းပြ-အန်ဒရီ၊ ဦးဇော် လင်းအောင်၊ ကြံ့ခိုင်ရေးနည်းပြ-ရစ်ချက်၊ ဆရာဝန်-ဒေါက်တာ ကျော်သန့်ဇင်၊ မီဒီယာတာဝန်ခံ-ဦးဇော်မင်းထိုက်၊ အားကစား သမားများအဖြစ် ဂိုးသမား-ပြည့်ဖြိုးသူ (ရတနာပုံ)၊ ဟိန်းထက်စိုး (ဧရာဝတီ)၊ နောက်တန်း- ရှင်းသန့်အောင် (ဟံသာဝတီ)၊ ကောင်းထက်ပိုင် (ရတနာပုံ)၊ ထူးမြတ်ခန့် (ကချင် ယူနိုက်တက်)၊ လတ်ဝေဘုန်း (ရှမ်းယူနိုက်တက်)၊ သက်ဟိန်းစိုး (ရတနာပုံ)၊ညဏ်လင်းထက် (ရန်ကုန်)၊ နောင်နောင်စိုး (ရတနာပုံ)၊ အလယ်တန်း-အောင်မျိုးခန့် (ရတနာပုံ)၊ အာကာကျော် (မဟာယူနိုက် တက်)၊ ရန်ကျော်စိုး (ရန်ကုန်)၊ ဇော်ဝင်းသိန်း (ရန်ကုန်)၊ ရဲရင့်ဖြိုး (ဧရာဝတီ)၊ ခွန်ကျော်ဇင်ဟိန်း (ဟံသာဝတီ)၊ ရှေ့တန်း-ချစ်အေး (ရတနာပုံ)၊ ဥက္ကာနိုင် (ရန်ကုန်)၊ စွမ်းထက် (ရတနာပုံ)၊ အောင်သီဟ (ဧရာဝတီ) နှင့် ဟိန်းထက်အောင် (ဆီလန်ဂေါ၊ မလေးရှား) တို့ ပါဝင် ကြသည်။ မြန်မာ ယူ-၂၂ အသင်း သည် ဆီးဂိမ်းပြိုင်ပွဲအတွက် မတ်လနောက်ဆုံးပတ်တွင် စတင် လေ့ကျင့်ခဲ့ပြီး ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ဧပြီ ၁၁ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ၌ သွားရောက်လေ့ကျင့်ကာ ထိုင်း ကလပ်အသင်းများနှင့် ခြေစမ်း ပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။
ဆီးဂိမ်းအမျိုးသားဘောလုံး ပြိုင်ပွဲကို ဧပြီ ၂၉ ရက်မှ မေ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က) တွင် အိမ်ရှင်ကမ္ဘောဒီးယား၊ အင်ဒို နီးရှား၊ ဖိလစ်ပိုင်၊ တီမောတို့နှင့် ကျရောက်နေသည်။ မြန်မာ အသင်းသည် အုပ်စုပွဲများအဖြစ် မေ ၂ ရက်တွင် တီမောအသင်း၊ မေ ၄ ရက်တွင် အင်ဒိုနီးရှားအသင်း၊ မေ ၇ ရက်တွင် ကမ္ဘောဒီးယား အသင်း၊ မေ ၁၀ ရက်တွင် ဖိလစ်ပိုင်အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MFF