ဆီးရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများသည် သာမန်ပြည်သူများအပေါ် များစွာသက်ရောက်မှုရှိကြောင်း ကုလသမဂ္ဂအစီရင်ခံစာ ဖော်ပြ

ဘေရွတ်  ဇူလိုင်  ၁၂
ဆီးရီးယားနိုင်ငံအပေါ်       ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများသည် နိုင်ငံ တွင်းရှိ   သာမန်လူတန်းစားများ၏ အသက် အိုးအိမ်စည်းစိမ်ကို    ပြင်းထန်စွာ   ဂယက် ရိုက်စေခဲ့ကြောင်း   ကုလသမဂ္ဂ   အနောက် အာရှဆိုင်ရာ    စီးပွားရေးနှင့်   လူမှုရေး ကော်မရှင်က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန် သည့် အစီရင်ခံစာတွင် ဖော်ပြသည်။
ဆီးရီးယားနိုင်ငံတစ်ဝန်း        ပိတ်ဆို့ အရေးယူမှုကို ဆန့်ကျင်သည့် စစ်တမ်းဖြေဆို သူများ၏ ၆၆ ရာခိုင်နှုန်းက ကျား-မ၊ ပညာ ရေး၊  အသက်အရွယ်၊  နိုင်ငံရေးဆက်နွှယ်မှု သို့မဟုတ် ဒေသမခွဲခြားဘဲ နေ့စဉ်လူနေမှုဘဝ အပေါ် ၎င်းတို့၏ ဆိုးကျိုးများကို ဖြစ်ပေါ်စေခဲ့ ကြောင်း   အစီရင်ခံစာတွင်  ဖြေကြားထား သည်။  အဆိုပါ  စစ်တမ်းတွင်   ဆီးရီးယား နိုင်ငံသား   စုစုပေါင်း ၁၁၇၉ ဦးက တုံ့ပြန် ဖြေကြားခဲ့ကြသည်။
ဒဏ်ခတ်ပိတ်ဆို့  အရေးယူမှုများသည်  မရှိမဖြစ်လိုအပ်သော လူမှုရေးဝန်ဆောင်မှု များနှင့်    လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ    အကူအညီများ  ပေးအပ်ခြင်းကို နှောင့်ယှက်ခြင်း၊        ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုများ၊ စက်ကိရိယာများတင်သွင်း ခြင်း၊ ရေနှင့်တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပညာ ရေးဆိုင်ရာပစ္စည်းများကို  လျော့ကျစေခြင်း စသည့် တိုက်ရိုက်အကျိုးသက်ရောက်မှုများ အပြင် အခြားသောသွယ်ဝိုက်ထိခိုက်မှုများ ကိုလည်း ဖြစ်ပေါ်စေခဲ့ကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။  
ထို့ကြောင့် လူသားချင်းစာနာထောက်ထား မှု   အဖွဲ့အစည်းများ   အပါအဝင်   အခြား သက်ဆိုင်သူများနှင့် စဉ်ဆက်မပြတ်  တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန်၊ ဒဏ်ခတ်ပိတ်ဆို့မှု များ၏ ဂယက်ရိုက်ခတ်မှုများကို  ကိုင်တွယ် ဖြေရှင်းရန်၊ အသွင်ကူးပြောင်းမှုနှင့် တည်ငြိမ် အေးချမ်းမှုများဆောင်ရွက်ရန် ခံနိုင်ရည်အား တည်ဆောက်ရေးနှင့်  တည်ငြိမ်အေးချမ်းမှု တည်ဆောက်ရေးလုပ်ငန်းများကို  ထိရောက် စွာ   ဆောင်ရွက်နိုင်ရန်အတွက်  ဆီးရီးယား တွင် ရေရှည်တည်တံ့သော အသက်မွေးဝမ်း ကျောင်းများ မြှင့်တင်ပေးရန်  ကုလသမဂ္ဂက တောင်းဆိုခဲ့သည်။
ဆင်ဟွာ