ဆီးရီးယားသို့ လူသားချင်းစာနာသော အကူအညီပေးနိုင်ရေး အချိန်တစ်နှစ်သက်တမ်းတိုးရန် ကုလသမဂ္ဂ ဆုံးဖြတ်

ဂျီနီဗာ ဇူလိုင် ၁၀
ကုလသမဂ္ဂ  လုံခြုံရေးကောင်စီ သည်  တူရကီမှတစ်ဆင့်  ဆီးရီး ယား  နိုင်ငံရှိ  စစ်ပွဲများဖြစ်ပွားရာ နေရာသို့     လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ များပေးပို့နိုင်ရေးအတွက်   အချိန် သက်တမ်း တစ်နှစ်တိုးမြှင့်ပေးရန် ဆုံးဖြတ်ချက်ကို  တညီတညွတ် တည်း   ထောက်ခံခဲ့ကြသည်ဟု သိရသည်။  
အိမ်နီးချင်း    တူရကီနိုင်ငံမှ တစ်ဆင့်     ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းသို့  အစား အစာ၊ ဆေးဝါးနှင့်   အခြားသော ထောက်ပံ့ရေးပစ္စည်းများ  ပေးပို့ ရန်      လမ်းကြောင်းဖွင့်ထားမှု ယခင်သတ်မှတ်ချက်မှာ     ဇူ လိုင် ၁၀ ရက်တွင် သက်တမ်းကုန်ဆုံး ပြီဖြစ်သည်။   အဆိုပါဒေသမှာ ဆီးရီးယားသမ္မတ    အာဆတ်၏ တိုက်ခိုက်မှုကြောင့်  ထွက်ပြေး လာရသူ သုံးသန်းနှင့် အခြားသော နေရပ်ရွှေ့ပြောင်းများ နေထိုင်ရာ နေရာလည်းဖြစ်သည်။ အမေရိ ကန် ပြည်ထောင်စုနှင့် ဥရောပ မဟာမိတ်များသည်   ထောက်ပံ့ ရေးပစ္စည်းများ   ပေးပို့နိုင်ရေး လမ်းကြောင်းကို    ဆက်လက် ဖွင့်ထားရန်   လိုလားကြသည်။ နောက်ဆုံးဇူလိုင် ၁၀ ရက်တွင် ကုလသမဂ္ဂသည် ထောက်ပံ့ရေး ပစ္စည်းများပေးပို့နိုင်မည့်  လမ်း ကြောင်းဖွင့်ထားမှု  ကာလကို နောက်ထပ်    တစ်နှစ်တိုးရန် ဆုံးဖြတ်ခဲ့သည်ဟု    သိရသည်။ 
အင်န်အိတ်ချ်ကေ