ဆိုက်ဘာအကြမ်းဖက်မှုက အကြမ်းဖက်အန္တရာယ်သစ်များအကြား အကြီးမားဆုံးအန္တရာယ်ဖြစ်လာ

 

ဘစ်ရှ်ကက်  မေ ၂၅
ဆိုက်ဘာရာဇဝတ်မှုနှင့် ဆိုက်ဘာအကြမ်းဖက်မှုတို့သည် အကြမ်းဖက် အန္တရာယ်နှင့် ခြိမ်းခြောက်မှုအသစ်များအကြားတွင် အကြီးမားဆုံး အန္တရာယ်ဖြစ်ကြောင်း ကာဂျစ္စတန်သမ္မတ ဆာဒ်ယာ ဂျာပါရော့ဗ် က ပြောကြားသည်။
တစ်ဦးတည်း ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိ
ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှ အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုကို တစ်ဦးတည်း ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိကြောင်း၊  မကြာသေးမီကာလ များက ပေါ်ပေါက်လာသည့်အကြမ်းဖက်အန္တရာယ်နှင့် ခြိမ်းခြောက်မှု အသစ်များအကြား   ဆိုက်ဘာရာဇဝတ်မှုနှင့်   ဆိုက်ဘာအကြမ်းဖက်မှု တို့သည်  အကြီးမားဆုံးအန္တရာယ်ဖြစ်သောကြောင့် သတိပြုသင့်ကြောင်း သမ္မတ ဂျာပါရော့ဗ်က အလေးအနက် ပြောကြားသည်။
ဘစ်ရှ်ကက်မြို့၌ မေ ၂၄ ရက်က ကျင်းပသည့်  လွတ်လပ်သော ဓနသဟာယနိုင်ငံများ၏ (၅၄) ကြိမ်မြောက် လုံခြုံရေးအဖွဲ့ အကြီးအကဲ များနှင့် အထူးဝန်ဆောင်မှုများ ကောင်စီအစည်းအဝေးတွင် ဂျာပါရော့ဗ် က ထိုသို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်ဝါဒကို ပြင်းပြင်းထန်ထန်ရှုတ်ချ
အစည်းအဝေးအတွင်း  ဂျာပါရော့ဗ်က   လုံခြုံရေးနယ်ပယ်တွင် အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒသည် အပြင်းထန်ဆုံးပြဿနာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပြီး ကာဂျစ္စတန်သည် အကြမ်းဖက်ဝါဒကို မည်သည့်ပုံစံဖြင့်မဆို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အလေးပေး ပြောကြားခဲ့သည်။                                                         ဆင်ဟွာ