ဆင်ပေါင်ဝဲမြို့နယ်၌ ဂိုဒေါင်အား မီးရှို့ဖျက်ဆီးသူကို အရေးယူ

 

နေပြည်တော်   ဇူလိုင်   ၁    


မကွေးတိုင်းဒေသကြီး     ဆင်ပေါင်ဝဲမြို့နယ်   ဝန်ကုန်းကျေးရွာနေ    ဦးကျော်နိုင် (၃၈ နှစ်) ၏ နွားစာများနှင့် မီးစက်ထားရှိသည့် သွပ်မိုး၊ ပျဉ်ကာဂိုဒေါင်အား ဇွန် ၃၀ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က တစ်ရွာတည်းနေ ကျော်တိုး(၃၀ နှစ်)က  မီးရှို့ခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားကြောင်း   သတင်းအရ   ဧကရာဇ်ရဲကင်းစခန်းမှ  တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က  သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် ဦးကျော်နိုင်၏ ဂိုဒေါင်မှာ တန်ဖိုးငွေလေးသိန်းကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့သောကြောင့် ကျော်တိုးအား ကိုးပင်နယ်မြေရဲစခန်း(ပ)၁၉/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


ရဲပြန်ကြား