ဆူဇူကီးဖလားပြိုင်ပွဲ ဒီဇင်ဘာ ၅ ရက် စတင်မည် ပထမနေ့တွင် မြန်မာနှင့် စင်ကာပူ၊ တီမောနှင့် ထိုင်း ယှဉ်ပြိုင်မည်

 

ရန်ကုန်  ဒီဇင်ဘာ  ၃


၂၀၂၀   အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲကို  ဒီဇင်ဘာ  ၅  ရက်တွင် စင်ကာပူနိုင်ငံ၌ စတင်ကျင်းပမည် ဖြစ်ပြီး    ပြိုင်ပွဲပထမနေ့တွင် မြန်မာနှင့် စင်ကာပူ၊ တီမောနှင့် ထိုင်းအသင်းတို့    ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။   ယင်းပြိုင်ပွဲကို ပုံမှန်အရ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ကျင်းပရမည်    ဖြစ်သော်လည်း ကိုဗစ်-၁၉   ကပ်ရောဂါကြောင့် ယခုနှစ်သို့ ရွှေ့ဆိုင်းကျင်းပရခြင်း ဖြစ်သည်။

 

ပြိုင်ပွဲပထမနေ့အဖြစ် ဒီဇင် ဘာ  ၅  ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် တီမောအသင်း နှင့် ထိုင်းအသင်း၊ မြန်မာစံတော် ချိန်  ည  ၇  နာရီတွင် မြန်မာနှင့် အိမ်ရှင်       စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားမည်   ဖြစ်သည်။ အုပ်စုပွဲစဉ်များကို   ဒီဇင်ဘာ  ၅ ရက်မှ ၁၉ ရက်အထိ ကျင်းပမည် ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု ကျပ်အတွင်း ကျရောက်နေသဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင် ရန် ပွဲတိုင်းအရေးပါလျက်ရှိသည်။ အုပ်စုပွဲများကို တစ်နေ့လျှင် နှစ်ပွဲ နှုန်းဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာ ပါဝင်သော အုပ်စု(က) ပွဲစဉ်များကို အမျိုးသားအားကစားကွင်း၊ အုပ်စု (ခ)ပွဲစဉ်များကို   ဘစ်ရှန်ကွင်း၌ ပြုလုပ်သွားမည်ဖြစ်သည်။

 


ပြိုင်ပွဲကို      အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး    အုပ်စု (က) တွင်  ထိုင်း၊   မြန်မာ၊   ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမော၊ အုပ်စု (ခ) တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ မလေး ရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား နှင့် လာအိုအသင်းတို့ ပါဝင်နေ သည်။  မြန်မာအသင်းသည် အုပ်စု အဖွင့်ပွဲကစားရမည့်   စင်ကာပူ အသင်းနှင့် ဆူဇူကီးဖလားပြိုင်ပွဲ တွင် ၂၀၁၄ ခုနှစ်က နောက်ဆုံး တွေ့ဆုံခဲ့ကာ လေးဂိုး-နှစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ ယင်းနောက်ပိုင်း တွင်    ဆူဇူကီးဖလားပြိုင်ပွဲ၌ တွေ့ဆုံခြင်းဖြစ်ပြီး ဖိတ်ခေါ်ပြိုင်ပွဲ များနှင့်   ခြေစမ်းပွဲများတွင်သာ တွေ့ဆုံခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လက နောက်ဆုံး    တွေ့ဆုံခဲ့ခြင်းဖြစ် သည်။ ယခုယှဉ်ပြိုင်မည့် စင်ကာပူ နိုင်ငံရှိ အမျိုးသားအားကစား ကွင်းတွင်  ခြေစမ်းပွဲကစားခဲ့ခြင်း ဖြစ်ပြီး မြန်မာအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
မြန်မာအသင်းသည် ဆူဇူကီး ပြိုင်ပွဲအတွက် အောက်တိုဘာလ ဆန်းပိုင်းတွင် စတင်လေ့ကျင့်ခဲ့ပြီး အောက်တိုဘာလကုန်ပိုင်းမှ နိုဝင် ဘာလကုန်ပိုင်းအထိ  တူရကီနိုင်ငံ တွင်   သွားရောက်လေ့ကျင့်ကာ ခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။ 


ရဲရင့်လွင်၊ ဓာတ်ပုံ- beritasatu