ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများအသုံးပြုကာ အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်

 

နေပြည်တော်   ဩဂုတ်   ၂၇


နိုင်ငံတော်အတွင်း    ဆူပူအကြမ်းဖက်သူ   လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အအုံများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူ လူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများပစ်ဖောက်ခြင်း၊ ထောင်ထား ခြင်းများ လုပ်ဆောင်လျက်ရှိသည်။


  သွားရောက်စစ်ဆေး


ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ် ခန့် တွင်    မွန်ပြည်နယ်    ကျိုက်ထိုမြို့နယ်    ကမ်းနီကျေးရွာရှိ    ကျေးလက် ကျန်းမာရေးဆေးခန်း၌   ပေါက်ကွဲမှုဖြစ်ပွားကြောင်း  သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက    သွားရောက်စစ်ဆေးခဲ့ရာ  သားဖွားဆရာမ    ဒေါ်မိုးသန္တာ (၄၁နှစ်) (ဘ) ဦးလှထွန်းသည် ဆေးပေးခန်း၌ရှိနေစဉ်     ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးမှ      ရွာအဝင်ကွန်ကရစ်လမ်း  အတိုင်း   အကြမ်းဖက်သူ အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိ လာပြီး    ဆေးခန်းခြံစည်းရိုးအတွင်း      ဝင်ရောက်၍     လက်ပစ်ဗုံးဖြင့်      ပစ်ပေါက်          ထွက်ပြေးသွားခဲ့သဖြင့်       ဆေးခန်းမီးဖိုခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး   ပေါက်ကွဲမှုကြောင့် အဝတ်အစား ဗီရိုတစ်လုံး၊ အိပ်ခန်းတံခါးတို့ပျက်စီးခဲ့ကြောင်း (ယာပုံ)နှင့်  လူထိခိုက် ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။


စုံစမ်းဖော်ထုတ်


အထက်ပါဖြစ်စဉ်မှ   အကြမ်းဖက်မှုလုပ်ရပ်များကို   ကျူးလွန်သူ များအား  ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး   လုံခြုံရေးတပ်ဖွဲ့ ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း    သတင်းရရှိသည်။        

သတင်းစဉ်