စကားကိုကောင်းစွာဆိုတတ်ခြင်း၊ စကားကို ကောင်းစွာပြောတတ်ခြင်းသည် မင်္ဂလာမည်၏ဟု ဗုဒ္ဓမြတ်စွာဘုရားကဟောပါသည်။ စကားကိုကောင်းစွာဆိုတတ်ခြင်းဟုဆိုလျှင် စကားပြောသည့်အခါ ချိုချိုသာသာပြောခြင်းက စရပါမည်။ လေ့လာတွေ့ရှိချက်များအရ လူတစ်ဦးနှင့်တစ်ဦးကြား အခန့်မသင့်ဖြစ်မှုမျာ

Type

ကျော်ကျော်လှိုင်

စကားကိုကောင်းစွာဆိုတတ်ခြင်း၊ စကားကို ကောင်းစွာပြောတတ်ခြင်းသည် မင်္ဂလာမည်၏ဟု ဗုဒ္ဓမြတ်စွာဘုရားကဟောပါသည်။ စကားကိုကောင်းစွာဆိုတတ်ခြင်းဟုဆိုလျှင် စကားပြောသည့်အခါ ချိုချိုသာသာပြောခြင်းက စရပါမည်။ လေ့လာတွေ့ရှိချက်များအရ လူတစ်ဦးနှင့်တစ်ဦးကြား အခန့်မသင့်ဖြစ်မှုများ၏ ၈၅ရာခိုင်နှုန်းသည် လေသံကြောင့်ဖြစ်ပါသည်။ အထူးသဖြင့် လင်နှင့်မယားကြားတွင် လေသံကြောင့် အဆင်မပြေမှုများ ဖြစ်ရလေ့ရှိပါသည်။ စကားပြောဆိုသည့်အခါ တစ်ဖက်သား နားဝင်အောင် ချိုချိုသာသာ ပြောတတ်ခြင်းသည် စကားကို ကောင်းစွာဆိုတတ်ခြင်း ဖြစ်ပါသည်။
မြန်မာစကားပုံများ
မြန်မာစကားပုံတွင် “နှုတ်ချို လျှို တစ်ပါး”၊   “နှုတ်ကောင်းလျှင် ပြည်စိုး”ဟု ဆိုပါသည်။ နှုတ်ကောင်းလျှင် တိုင်းပြည် ကို စိုးမိုးအုပ်ချုပ်နိုင်သည်ဟု အဓိပ္ပာယ်ရ ပါသည်။ တစ်နည်းအားဖြင့် တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်သည့်   မင်းသည်   စကား အပြောအဆိုချိုသာဖို့ လိုပါသည်။ ချိုချို သာသာ  ပြောတတ်ဖို့လိုသလို  ယဉ်ယဉ် ကျေးကျေးပြောတတ်ရန်လည်း  လိုပါ သည်။   ချိုချိုသာသာ  ပြောသော်လည်း သားနှင့်အမိ၊  မောင်နှင့်နှမ  နားမဝင်နိုင် သည့်  စကားမျိုး   ပြော၍မရပါ။   နေရာ ဒေသအလိုက်၊      လူပုဂ္ဂိုလ်အလိုက် ယဉ်ကျေးသည့် စကားကိုပြောတတ်ရပါ မည်။ နေရာဒေသကိုလိုက်ပြီး  မပြောသင့် သည့် စကားများ ရှိပါသည်။ အထူးသဖြင့် မိမိ   မရောက်ဖူးသော   ဒေသများသို့ ရောက်သည့်အခါ ဒေသခံများ၏ အပြော အဆို၊ ယဉ်ကျေးမှုများကို လေ့လာသင့်ပါ သည်။
“နှုတ်ကြောင့်သေ၊   လက်ကြောင့် ကြေ”  အဆိုကလည်း  စကားပြောဆိုရာ တွင် သတိထားရမည့်  အချက်ကို ညွှန်ပြ ပါသည်။  နှုတ်ဆိုသည်မှာ  လျှာဖြစ်ပါ သည်။  လျှာမရှိလျှင်  စကားပြော၍မရပါ။ သို့သော် လျှာကို မထိန်းနိုင်လျှင် ဝိရောဓိ ဖြစ်ပါမည်။  ဝိရောဓိမှ  ပဋိပက္ခဖြစ်မည်။ ပဋိပက္ခဖြစ်ရာမှ   နောက်ဆုံးစိတ်လိုက် မာန်ပါပြုမူခြင်းကြောင့် အသက်ပါ ဆုံးရှုံး နိုင်ပါသည်။ လျှာကို  လူမိုက်တွေပိုင်သည့် အခါ   လျှာသည်  ဓားမဖြစ်လာပါသည်။ ဓားမတစ်ချောင်းသည် လူကိုခုတ်၍  ရ သကဲ့သို့ လူမိုက်တို့၏  လျှာသည်  အကျိုး ပျက်စီးခြင်းကိုသာ  ဖြစ်စေပါသည်။ လူလိမ္မာများ၊  ပညာတတ်များ   ပိုင်ဆိုင် သည့်အခါ လျှာသည် သံလိုက်နှင့် တူပါ သည်။ သံလိုက်သည်   သံကို  ဆွဲဆောင် သကဲ့သို့ လူလိမ္မာပညာရှိများ ပြောသည့် စကားသည် တစ်ဖက်သားကို  ကောင်းရာ လုပ်ရန်၊ ကောင်းသည့် အမူအကျင့်များ ကျင့်ရန်၊  ဆွဲဆောင်နိုင်သည့်  စကားများ ဖြစ်လာပါသည်။
ပညာရှိ   လူလိမ္မာများသည်  စကား ပြောရာတွင်       မိမိလျှာကိုထိန်းကာ ဆင်ခြင်ကြပါသည်။ စကား အပြောအဆို ဆင်ခြင်ခြင်းသည်   စကားပြောကောင်း ခြင်းပင်ဖြစ်သည်။  “စကားခြောက်ခွန်း လူတွင်ထွန်း၊ ရှောင်ခွာ နှစ်ခွန်းသာ” ဟု စကားကြီးခြောက်ခွန်းတွင် နှစ်ခွန်းသာ ပြောအပ်သည်ဟု    ဗုဒ္ဓမြတ်စွာဘုရား ဟောခဲ့ပါသည်။
စကားကြီး ခြောက်ခွန်း
၁။ ဟုတ်မှန်၍   အကျိုးရှိပြီး  တစ်ဖက် သားက ကြိုက်သောစကား။ 
ဥပမာပေးရလျှင်-    လူတစ်ယောက် ကောင်းတာလုပ်လျှင် ချီးမွမ်းသည့်စကား ဖြစ်ပါသည်။   ချီးမွမ်းခြင်းသည် လူတစ် ယောက်ကို   တန်ဖိုးတင်ပေးခြင်းဖြစ်၍ ပြောသင့်သောစကား   ဖြစ်ပါသည်။ တစ်ဖက်သားကလည်း   ကြိုက်နှစ်သက် ပါသည်။
၂။  ဟုတ်မှန်    အကျိုးရှိပြီး   တစ်ဖက်သား မကြိုက်သောစကား။ 
ဥပမာပေးရလျှင်- အရက်သောက်လျှင် ဒုက္ခရောက်မည်။   ရောဂါဖြစ်မည်။ တစ်နေ့မှာ အသက်တောင် အန္တရာယ်ပေး နိုင်သည်ဟု  ပြောလျှင်  မှန်သောစကား၊ အကျိုးရှိသော စကားဖြစ်သော်လည်း အရက်သမားက    ကြိုက်မည်မဟုတ်။ သို့သော်  ပြောသင့်သည့်   စကားဖြစ်ပါ သည်။
၃။ ဟုတ်မှန်၏၊   အကျိုးမရှိ၊  တစ်ဖက် သားလည်း မကြိုက်သောစကား။ 
ဥပမာပေးရလျှင်- ပုံပျက်ပန်းပျက်ဝနေ သူတစ်ယောက်ကို “ဝလိုက်တာ၊ ပုံပျက် ပန်းပျက်ကြီးပါလား”    ဟု    ဆိုလျှင် အပြောခံရသူက  ကြိုက်မည်မဟုတ်ပါ။ မှန်သော်လည်း အကျိုးမရှိ တစ်ဖက်သား မကြိုက်သည့်စကားဖြစ်ပါသည်။
၄။ ဟုတ်မှန်၏    အကျိုးမရှိ၊  တစ်ဖက် သားကြိုက်သောစကား။ 
ဥပမာပေးရလျှင် -  အတင်းပြောခြင်း ဖြစ်ပါသည်။   မကောင်းသော  သတင်း သည် အမှန် ဖြစ်သော်လည်း အကျိုးမရှိ၍ မပြောသင့်ပါ။   မိမိနှင့်   အတင်းပြောသူ ကတော့ ကြိုက်နှစ်သက်မည် ဖြစ်သော် လည်း  မပြောသင့်သည့်   စကားဖြစ်ပါ သည်။
၅။ မဟုတ်    မမှန်၊   အကျိုးမရှိ၊ တစ်ဖက် သားကြိုက်သောစကား။
မဟုတ်မမှန်သော   စကားကို  မည်သည့် အခါမှ မပြောသင့်ပါ။
၆။ မဟုတ်မမှန်၊    အကျိုးလည်း  မရှိ၊ တစ်ဖက်သား  မကြိုက်သောစကား။ 
မဟုတ်မမှန်သောစကားကို   မည်သည့် အခါမှ မပြောသင့်ပါ။ 
အထက်ပါ   စကားကြီးခြောက်ခွန်း တွင် ၁ နှင့် ၂ သာ ပြောသင့်သော စကား ဖြစ်ပါသည်။ 
စကားပြောဆိုရာနှင့်   ပတ်သက်၍ နောက်အဆိုတစ်ခုက “ချစ်စေလိုလျှင် ခံတွင်းလက်နှစ်သစ်” ဟု ဆိုပါသည်။ လူ အများ၏ အချစ်ကို   လိုချင်လျှင်  ခံတွင်း လက်နှစ်သစ်မှာရှိသည့်   လျှာပေါ်တွင် မူတည်ပါသည်။  ချစ်ဖွယ်သောစကားကို ဆိုခြင်း၊ ချိုချိုသာသာပြောခြင်း၊ ယဉ်ယဉ် ကျေးကျေး    ပြောခြင်းဖြင့်   လူတွေ၏ အချစ်ကို ရပါမည်။ လူတွေ၏ အချစ်က မြင်ရန် အခွင့်အလမ်းများပါသည်။ လူ သည် အတ္တကြီးပါသည်။ မိမိချစ်ခင် ကူညီ ရန် အဆင့်သင့်ရှိသော်လည်း မိမိမချစ်ခင် မနှစ်သက်သူကို       အကူအညီပေးရန် ဝန်လေးကြသည်။
ယဉ်ယဉ်ကျေးကျေး၊  ချိုချိုသာသာ ပြောသော်လည်း ပြောသည့်စကားများက “သုဘာ သိတ” ဖြစ်ရပါမည်။ “လောက ရေးရာတွင်    အများအကျိုးရှိအောင် နည်းလမ်းညွှန်ပြနိုင်သော    အပြော ကောင်း အဆိုကောင်း   ပုဂ္ဂိုလ်တို့၏  ဟောပြောမှုများသည် သုဘာသိတ ဖြစ် သည်” ဟု   ပရိတ်ကြီး     နိဿယသစ် ဆရာတော်     အရှင်ဝါသေဠက   ဆိုခဲ့ပါ သည်။ ဓမ္မတရားစကား၊ တရားရှိသော စကား၊ တရားမျှတသောစကား၊ တရား နှင့်ညီသည့်         စကားများ ပြောရပါမည်။  ပီယဝါစာ    ချစ်ဖွယ်သော   စကားများ   ပြောရပါမည်။  တရားနှင့်ညီသည့် စကား များ ပြောရပါမည်။ မှန်သော သစ္စာစကား ကို ပြောရပါမည်။  ထို့ကြောင့်  ကောင်း သည့်စကားဟုဆိုလျှင် သုဘာ သိတ၊ ဓမ္မ၊ သစ္စ၊ ပီယ စကား လေးမျိုးကိုသာ ပြော သင့်ပါသည်။
တစ်ယောက်နှင့်        တစ်ယောက် မုန်းစေနိုင်သည့်   စကားများ၊   အမုန်း တရားကို ပွားများစေနိုင်သည့် စကားများ ကို ရှောင်ကြဉ်ရပါမည်။ စကားတစ်ခွန်း ကြောင့်    အမုန်းတရားများ   ပွားနိုင်ပါ သည်။ ဖေ့စ်ဘွတ်တွင်လည်း တစ်ဦးနှင့် တစ်ဦး    အမုန်းတရားပွားများစေသည့် စကားများဖြင့်    တိုက်ခိုက်ကြသည်ကို နေ့စဉ်လိုလို    တွေ့နေရပါသည်။   စိတ် ဒေါသဖြစ်အောင်၊    အမုန်းတရားဖြစ် အောင်  လူမျိုးရေး၊  ဘာသာရေးနှင့် ပတ်သက်သည့်    အကြောင်းအရာများ ရေးကြသည်ကိုလည်း တွေ့နေရပါသည်။ ဗုဒ္ဓဘုရားရှင်က           မေတ္တာထားရန်သာ ဟောခဲ့ပါသည်။      တစ်ဖက်သားအပေါ် အမုန်းတရားပွားများခြင်းသည်  မင်္ဂလာ တရားတော်နှင့် ဖီလာဆန့်ကျင်ပါသည်။ မြန်မာနိုင်ငံကို     ချမ်းသာအောင်မြင်ပြီး ကမ္ဘာ့အလယ်တွင်     သိက္ခာရှိသည့်နိုင်ငံ ဖြစ်လိုလျှင်   ပြည်သူတစ်ယောက်ချင်း၏ စိတ်ဓာတ်များလည်း ပြင်ရန်လိုပါသည်။ ပြည်သူတိုင်းက မိမိနှင့် ကွဲပြားခြားနား သော   လူမျိုး၊    ဘာသာ၊   ဓလေ့စရိုက်၊ ယဉ်ကျေးမှုများကို   လက်ခံတတ်ရန်၊ ချစ်ခြင်း မေတ္တာထားတတ်ရန်၊ နားလည် တန်ဖိုးထားတတ်ရန် လိုပါသည်။
သုဘာသိတဖြစ်စေမည့်  စကား ၅ မျိုးကိုလည်း      ဗုဒ္ဓမြတ်စွာဘုရားက ဟောခဲ့ပါသည်။ 
၁။        အချိန်အခါ     နေရာဒေသနှင့်         သင့်သည့်စကားကို ပြောရန်။ 
၂။ မှန်သောစကားကို ပြောရန်။ 
၃။        သိမ်မွေ့သော         စကားကိုသာ 
        ပြောရန်။ 
၄။ အကျိုးစီးပွားနှင့်  ဆက်စပ်သော 
        စကားကိုသာ ပြောရန်။
၅။ မေတ္တာစိတ်ဖြင့် ပြောရန်။
နောက်ဆုံးအချက်သည်  တစ်ဖက် သားအပေါ်မှာ     စကားပြောသည့်အခါ မေတ္တာစိတ်ထားပြီး   မေတ္တာတရားနှင့် ပြောပါဟု ဆိုပါသည်။   ယနေ့ခေတ်တွင် မိုင်ပေါင်းများစွာကို  လှမ်းပြီး  ဒုံးပျံနှင့်ပစ် ၍ ရပါသည်။ အဖျက်စွမ်းအားကြီးသော အဏုမြူလက်နက်များ ရှိနေပါပြီ။ မည်မျှ အစွမ်းထက်သည့်  လက်နက်ဖြစ်ပါစေ မေတ္တာ   တရားကိုနိုင်သည့်   လက်နက် မရှိသေးပါ။ တစ်ဖက်သားအပေါ် ပြော သည့်အခါတိုင်း မေတ္တာထားပြီး မှန်သည့် စကားကို ပြောပါသည်။ စကားပြောသည့် အခါတွင်   ချိုသာပါမည်။  အကျိုးစီးပွား ဖြစ်သည့် စကားကို ပြောပါသည်။
ညောင်ပင်သာ   ဦးပုညရေးခဲ့သည့် “တံတားအို   မှောင်ခို   မလျှောက်နှင့်၊ စကားဆို      တောင်လိုမမောက်နှင့်၊ တံတားအို        မှောင်ခိုလျှောက်တော့ ကျိုးတတ်သည်။ စကားကို တောင်လို မောက်တော့ ကြွားတတ်သည်” ဆိုသည့် အဆိုအရလည်း စကားပြောသည့်အခါ တစ်ဖက်သား      မခံမရပ်နိုင်အောင် ကြွားဝါပြီး မောက်မောက်မာမာ မပြော သင့်ကြောင်း ရှင်းလင်းပြပါသည်။
နိဂုံးချုပ်အနေဖြင့်  မင်္ဂလာတရား တော်နှင့်အညီ    စကားကိုကောင်းစွာ ဆိုခြင်း၊ စကားကို ကောင်းစွာ   ပြောခြင်း ဖြင့် ချမ်းသာအောင်မြင်မှုကို ရရှိနိုင်ပါ မည်။
 “မှတ်သားစရာ” 
မှန်သောစကား၊   အကျိုးရှိသော စကား၊  တရားနှင့်   ယှဉ်သောစကားကို ချိုချိုသာသာ၊      ယဉ်ယဉ်ကျေးကျေး ပြောရပါမည်။ 

 

ကျမ်းကိုး 
၁။ သုတေသန သရုပ်ပြအဘိဓာန်။ အရှင်သြဘာသာ           ဘိဝံသ မထေရ်မြတ်။ 
၂။ မြန်မာစကားပုံ။ မြန်မာစာအဖွဲ့ ဦးစီးဌာန။ 
၃။ မေတ္တသုတ်။ ဦးသုခ။