
ရန်ကုန် ဇူလိုင် ၃
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် စကိုင်းနက် တို့ ပူးပေါင်းကျင်းပသော စကိုင်းနက် ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ ငါးချီစိန်ခေါ်ပွဲ ကီလိုတန်း အလိုက် ဆီမီးဖိုင်နယ်ပြိုင်ပွဲများကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပရိသတ်အကြိုက် ပွဲကောင်းများဖြစ်ခဲ့သည်။
အဆိုပါပြိုင်ပွဲ၌ ၆၀ ကီလိုတန်း များတွင် စောအယ်ဖူ(ဒို့ရိုးရာ)နှင့် ဟိန်းထွန်းအောင် (ရွှေသထုံ)တို့ ပထမအချီမှ ပဉ္စမအချီအထိ နှစ်ယောက်စလုံး ဖွင့်ထိုးကြသည်။ စောအယ်ဖူထိုးလုံး ထိုးပေါက်ကောင်းသော်လည်း ဟိန်းထွန်းအောင်၏ လက်သီးထိချက်များကြောင့် ဒိုင်သုံးဦးက ဟိန်း ထွန်းအောင်ကို အမှတ်ဖြင့် အနိုင်ပေးလိုက်သည်။နောက်တစ်ပွဲဖြစ်သည့် စောဘဟိန်း (ဘိလပ်မြေ စက်ရုံ)လက်သီးတွဲလုံးများကြောင့် တတိယအချီမှာ မင်းကျော်ဇ(ဇွဲကပင်မြေ) မယှဉ်ပြိုင်နိုင်ဘဲ အရှုံးပေး လိုက်ပြီး စောဘဟိန်း ဗိုလ်လုပွဲ တက်ရောက်သွားသည်။
၆၃ ဒသမ ၅ ကီလိုတန်း နက္ခမင်း(ဇွဲကပင်မြေ)နှင့် ကျားသွေး(ထွန်းထွန်းမင်း)တို့ပြိုင်ပွဲ၌ ပထမအချီ တွင် နက္ခမင်း ခြေကန်ချက်များကြောင့် ကျားသွေး ညာခြေဒဏ်ရာရခဲ့ရာ ဒုတိယအချီ ၁၃ စက္ကန့်တွင် နက္ခမင်း ဆက်လက်ခြေကန်ချက်ကြေင့် ကျားသွေး အမှတ်စဉ် ရေခံရကာ မယှဉ်ပြိုင်နိုင်၍ နက္ခမင်း အနိုင် ရရှိသွားသည်။ ထို့ပြင် အဲမွီ(နဂါးမင်း) လက်သီး ထိချက်ကြောင့် သက်ဝင်းအောင်(ရွှေသထုံ) ပထမချီ အမှတ်စဉ်ရေတွက်ခံရသည်။ ဒုတိယအချီမှ ငါးချီ မြောက်အထိ သူတစ်ပြန်ကိုယ်တစ်ပြန် ထိုးသတ်ခဲ့ရာ အရှုံးအနိုင်မပေါ်ဘဲ ဒိုင်သုံးဦးက အမှတ်ဖြင့် အဲမွီ ကို အနိုင်ပေးလိုက်သည်။ ၆၇ ကီလိုတန်းတွင်
စောမင်းမင်း(ရွှေသထုံ)နှင့် ကိုနိုင်း(ဇာနည်သွေး) ငါးချီပြည့်အထိ သူတစ်ပြန်ကိုယ်တစ်ပြန် ထိုးကြ သော်လည်း ဒိုင်သုံးဦးက စောမင်းမင်းကို အမှတ်ဖြင့် အနိုင်ပေးလိုက်သည်။ နောက်တစ်ပွဲဖြစ်သည့် မာန်မင်း အောင်(ဘိလပ်မြေစက်ရုံ)နှင့် ကမ္ဘာရှား (AMT2)တို့ ပြိုင်ပွဲတွင် လေးချီမြောက်မှာ ကမ္ဘာရှား လက်သီးတွဲ လုံးများကြောင့် မာန်မင်းအောင် အမှတ်စဉ် ရေတွက် ခံရပြီး မယှဉ်ပြိုင်နိုင်၍ ကမ္ဘာရှား အနိုင်ရရှိသွားသည်။
ဗိုလ်လုပွဲပြိုင်ပွဲများတွင် ၆၀ ကီလိုတန်း၌ ဟိန်းထွန်းအောင်(ရွှေသထုံ)နှင့် စောဘဟိန်း(ဘိလပ် မြေစက်ရုံ)၊ ၆၃ ဒသမ ၅ ကီလိုတန်းတွင် နက္ခမင်း (ဇွဲကပင်မြေ)နှင့် အဲမွီ(နဂါးမင်း)၊ ၆၇ ကီလိုတန်းတွင် စောမင်းမင်း(ရွေသထုံ)နှင့် ကမ္ဘာရှား(AMT2)၊ ၇၀-၇၁ ကီလိုတန်းတွင် စောမင်းအောင် (တောင် ကလေး)နှင့် ကြယ်ကြီး(G3G)တို့ ယှဉ်ပြိုင်ထိုးသတ် ကြမည်ဖြစ်သည်။ ဗိုလ်လုပွဲစဉ်များကို ဇူလိုင် ၁၀ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အာကာစိုး၊ ဓာတ်ပုံ-တင်စိုး