
ရန်ကုန် အောက်တိုဘာ ၂၁
၂၀၂၁ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ပြည်နယ်နှင့် တိုင်း ဒေသကြီးများအတွင်း၌ မီးလောင်မှု ၉၃ ကြိမ်ဖြစ်ပွားခဲ့သည်။
ထိုသို့ ဖြစ်ပွားရာတွင် မီးဖိုမီး ကိုးကြိမ်၊ ပေါ့ဆမီး ၁၀ ကြိမ်၊ အလိုအလျောက် မီး သုံးကြိမ်၊ လျှပ်စစ်မီး ၂၁ ကြိမ်၊ မသမာသူရှို့မီး ၃၅ ကြိမ်၊ သောင်းကျန်းသူရှို့မီး ၁၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ခန့်မှန်းခြေဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် ၇၁၁၅၈၁၄၀၀ ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီး
ဌာနမှ သိရသည်။
မျိုးမင်းသူရ