
စက်တင်ဘာလအတွင်း ပြည်ပသို့ တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၁၉၁ ဦးနှင့် ပြည်တွင်းအလုပ်နေရာ ၁၈၆၄၄ ကျော် ခန့်ထားနိုင်ခဲ့
==================================================================================
နေပြည်တော် အောက်တိုဘာ ၁၄
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေတိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင် စေလွှတ် ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အလုပ်ရှာဖွေပေးနိုင်ခဲ့
ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေး ခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမား လုံလောက်စွာခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများ တွင် Labour Exchange Management System ဖြင့် Online မှဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ စက်တင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှုအနေဖြင့် အစိုးရအလုပ်အကိုင် ၅၆၄၄ ဦးနှင့် ပုဂ္ဂလိက အလုပ်အကိုင် ၁၃၀၀၀ စုစုပေါင်း ၁၈၆၄၄ ဦးကို အလုပ်ရှာဖွေပေးနိုင်ခဲ့သည်။
အလုပ်အကိုင်အတွက် စေလွှတ်
အလားတူ စက်တင်ဘာလအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင် ရရှိမှုအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ ၆၈ ဦး၊ ဂျပန်နိုင်ငံသို့ ၁၂၃ ဦး စုစုပေါင်း ၁၉၁ ဦးကို အလုပ်အကိုင်အတွက် စေလွှတ်နိုင်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်