
ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့်မှ နာမည်ကြီး ပေါ်တူဂီနှင့် စလို ဗေးနီးယားအသင်းပွဲစဉ်ကို ဇူလိုင် ၂ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင် ကစားခဲ့ရာ ပေါ်တူဂီအသင်းက ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် နိုင်ပွဲရရှိပြီး နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
အဆိုပါပွဲစဉ်ကို ဖရန့်ဖတ် မြို့ရှိ ဖရန့်ဖတ်အရီနာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပြီး ပရိသတ် ၄၆ ၀၀၀ ကျော် လာရောက်ကြည့်ရှု ခဲ့သည်။ နာမည်ကြီး ပေါ်တူဂီ အသင်းသည် ပြိုင်ဘက် စလိုဗေးနီး ယားအသင်း၏ တုံ့ပြန်ကစားပုံ ကောင်းမွန်မှုကြောင့် သွင်းဂိုးရရှိရေး အခက်တွေ့ခဲ့ရ သည်။
ပေါ်တူဂီအသင်းသည် စလိုဗေးနီးယားအသင်းကို သာမန်ပွဲချိန်အတွင်းရော အချိန်ပို မိနစ် ၃၀ အတွင်း မှာပါ တစ်ဖတ်သတ်ဖိအားပေး ကစားနိုင်ခဲ့သော် လည်း သွင်းဂိုးရယူနိုင်ခြင်း မရှိခဲ့ပေ။ ထို့ပြင် ပေါ်တူဂီ အသင်းသည် ပွဲချိန် ၁၀၅ မိနစ်တွင် ပယ်နယ်တီ ကန်သွင်းခွင့်ရရှိခဲ့ရာ အသင်းအဓိက တိုက်စစ်ကစား သမား စီရော်နယ်ဒို အဆုံးသတ်သွင်းယူခဲ့သော်လည်း စလိုဗေးနီးယားဂိုးသမား အော့ဘလက် လက်စွမ်းပြ ပုတ်ထုတ် ကာကွယ်နိုင်ခဲ့သည့်အတွက် နစ်နာခဲ့ရ သည်။
အချိန်ပို မိနစ် ၃၀ တွင်လည်း တစ်ဖက်နှင့် တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိသည့်အတွက် ပယ်နယ် တီ အဆုံးအဖြတ်ခံယူခဲ့ရသည်။ ပယ်နယ်တီအဆုံး အဖြတ်တွင် စလိုဗေးနီးယားအသင်းကစားသမားများ ၏ ကန်သွင်းချက်များကို ပေါ်တူဂီဂိုးသမား ဒီယေဂို ကော်စတာ အထူးလက်စွမ်းပြကာကွယ်နိုင်ခဲ့သည့်အတွက် ပေါ်တူဂီအသင်းက သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ပွဲ ရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခြင်း ဖြစ်သည်။ ပေါ်တူဂီအသင်းသည် ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ဇူလိုင် ၆ ရက်၌ နာမည်ကြီး ပြင်သစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့်မှ ပြင်သစ်နှင့် ဘယ်လ်ဂျီယံအသင်းပွဲစဉ်ကို ဇူလိုင် ၁ ရက် ည ၁၀ နာရီခွဲက ဒတ်ဆဲလ်ဒေါ့ဖ်မြို့ ဒတ်ဆဲလ်ဒေါ့ဖ်အရီနာ ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ပြင်သစ်အသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် နိုင် ပွဲရရှိပြီး ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
အောင်ဇော်