
စင်စင်နတီအိုးပင်း တင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် နာမည်ကျော် ဗြိတိန် တင်းနစ်မယ် အမ်မာ ရာဒူ ကာနူသည် နိုင်ခြေ အဆင့် (၇) ရှိ အမေရိကန် တင်းနစ်မယ် ဂျက်ဆီ ကာ ပဲဂူလာကို ရှုံးနိမ့်ခဲ့သည့် အတွက် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။
အဆိုပါပွဲစဉ်တွင် ရာဒူကာနူ သည် ပြိုင်ဘက်ကို ၇-၅၊ ၆-၄ ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ရာဒူကာနူ သည် ၆၄ ဦးအဆင့်နှင့် ၃၂ ဦး အဆင့်တွင် နာမည်ကြီး တင်းနစ် မယ်များဖြစ်သည့် ဆီရီနာဝီလျံ နှင့် အဇာရင်ကာတို့ကို အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့သော်လည်း ၁၆ ဦးအဆင့်တွင် ပြိုင်ဘက်ကို ရှုံးနိမ့် ကာ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။
ထို့အပြင် နာမည်ကျော် ကမ္ဘာ့နံပါတ်တစ် ပိုလန်တင်းနစ် မယ် ဆွီယာတက်ခ်သည်လည်း အဆိုပါအဆင့်တွင် ပြိုင်ဘက်ကို ၆-၃၊ ၆-၄ ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ ဆွီယာတက်ခ် ၏ ယခုပွဲစဉ် ရှုံးနိမ့်မှုသည် ၃၇ ပွဲဆက်နိုင်ပွဲရရှိပြီးနောက် နောက် ဆုံး ယှဉ်ပြိုင်ကစားခဲ့သည့် ရှစ်ပွဲ တွင် လေးပွဲအထိ ရှုံးပွဲရှိလာခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ဂါစီယာ၊ ကေ ဗီတိုဗာ၊ စဘယ်လင်ကာတို့ နောက်တစ်ဆင့် တက်ရောက်နိုင် ခဲ့သည်။
မိုးဇက် - စုစည်းသည်