
ကင်ညာနိုင်ငံမှရဲများသည် စံချိန်တင်အပြေးသမား အဂ္ဂနက်စ် တီရော့ဘ် အသတ်ခံရမှုအတွက် ၎င်း ၏ ခင်ပွန်းသည်ဖြစ်သူကို အောက်တိုဘာ ၁၄ ရက်တွင် ရှာဖွေမှုများပြုလုပ်နေသည်ဟု သိရသည်။
အဂ္ဂနက်စ် တီရော့ဘ်မှာ ဓားထိုးခံရပြီးနောက် သေဆုံးခဲ့သည်။ ၎င်းသေဆုံးမှုအတွက် ကမ္ဘာအနှံ့မှ အားကစားသမားများနှင့် ၎င်း၏ မိခင်နိုင်ငံမှ ပြည်သူများမှာ အံ့အားသင့် ထိတ်လန့်ခဲ့ရသည်။ အဂ္ဂနက်စ် တီရော့ဘ် သေဆုံးမှုအတွက် ၎င်း၏ ခင်ပွန်း အီမန်နျူရယ် ရိုတစ်ချ်ကို ရဲများက သံသယရှိ နေသည်။ ၎င်းကို ဖမ်းမိနိုင်ရေးတွက် နီးစပ်နေပြီ ဟုလည်း ရဲအရာရှိဖြစ်သူ တွမ်မာကိုရီက ပြောသည်။ ၎င်း၏ ဖုန်းမှတ်တမ်းကို ရဲများက ခြေရာခံလိုက်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ကင်ညာနိုင်ငံအနောက်ပိုင်း အိုင်တန်မြို့ရှိ နေအိမ်တွင် အဂ္ဂနက်စ် တီရော့ဘ်၏အလောင်းကိုတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ နေအိမ် အိပ်ခန်းအတွင်း ဓားဒဏ်ရာများဖြင့် တွေ့ရှိခဲ့သည်။ အဂ္ဂနက်စ် တီရော့ဘ်မှာ ဂျာမနီတွင်ကျင်းပခဲ့သည့် အမျိုးသမီး ၁၀ကီလိုမီတာ အပြေးပြိုင်ပွဲတွင် စံချိန်ချိုးပြီး နောက်တစ်လအကြာတွင် အသတ်ခံခဲ့ရခြင်း ဖြစ် သည်။
အောင် - ရေးသားသည်