ယခုအခါ မိမိတို့နိုင်ငံအတွင်း COVID-19 တတိယလှိုင်းဖြစ်ပေါ်လျက်ရှိပြီး ကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံတစ်ဝှမ်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ဆေးရုံများ၊ ဆေးခန်းများ၊ Quarantine Center များ၊ Community COVID Positive Centre များ ဖွင့်လှစ်၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများပြုလုပ်ရာတွင် လိုအပ်သည့် ရောဂါကာကွယ်ရေးပစ္စည်းများ၊ ဆေးဝါးများ၊ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ အခြားအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများအား သက်ဆိုင်ရာ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဆေးရုံ၊ ဆေးခန်း၊ Quarantine Center များနှင့် Community COVID Positive Centre များနှင့် သက်ဆိုင်ရာနေရာများသို့ တိုက်ရိုက်ပေးပို့လှူဒါန်းနိုင်ကြောင်းအသိပေး နှိုးဆော်အပ် ပါသည်။
Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့်
အရေးပေါ်တုံ့ပြန်ရေးကော်မတီ