ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် ( ၂၁၁ /၂၀၂၁)
၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်)
COVID-19 ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက်
အများပြည်သူ အလုပ်ပိတ်ရက်များနှင့် ဆက်စပ်နေသည့် ကြားရက်နှစ်ရက်အား
အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၇၊ ၁၈ နှင့် ၁၉ ရက်နေ့တို့သည် စနေနေ့၊ တနင်္ဂနွေနေ့နှင့် အာဇာနည်နေ့၊ ဇူလိုင်လ ၂၁ ရက်နေ့သည် အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်)နေ့၊ ဇူလိုင်လ ၂၃၊ ၂၄ နှင့် ၂၅ ရက်နေ့ တို့သည် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့နှင့် စနေနေ့၊ တနင်္ဂနွေနေ့ အများပြည်သူအလုပ်ပိတ်ရက်များဖြစ်ကြပါသည်။
COVID-19 ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသ နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကြားရက်များဖြစ်သော ဇူလိုင်လ ၂၀ ရက်နေ့ နှင့် ဇူလိုင်လ ၂၂ ရက်နေ့တို့ကို အများပြည်သူအလုပ်ပိတ်ရက်များ အဖြစ် သတ်မှတ်ကာ ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အထိအား တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ် ပိတ်ရက် ရှည်အဖြစ် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ ကြေညာလိုက်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး