စပါးကို ယခုနှစ်ရာသီတွင် ဂိုးပြတ်အနိုင်ယူခဲ့သည့် ပဲလေ့စ်

 

 

ပရီမီယာလိဂ်ပွဲစဉ် (၄)မှ အစောဆုံးပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် စပါးအသင်းတို့ပွဲစဉ် ကို စနေနေ့ညပိုင်းက ပဲလေ့စ်အိမ်ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ ပဲလေ့စ်အသင်းက   သုံးဂိုး-ဂိုး မရှိဖြင့် စပါးအသင်းကို အနိုင်ရရှိခဲ့သည်။ 
ယနေ့ပွဲစဉ်တွင် ပဲလေ့စ်အသင်းသည် တိုက်စစ် ပိုင်းတွင် အယူး၊ ဘန်တီကီ၊ ဇာဟာ စသည့်ကစား သမားများဖြင့်  ပွဲထွက်လာခဲ့ပြီး   စပါးအသင်းက 
တိုက်စစ်ပိုင်းတွင် အလီ၊ ကိန်း၊ မော်ရာတို့ကို အသုံးပြုကာ ပွဲထွက်လာခဲ့သည်။   ပဲလေ့စ် အသင်းသည် ယခုနှစ်ရာသီ ပထမဆုံးပရီမီယာ လိဂ် နိုင်ပွဲရရှိရန်အတွက်  ပွဲစသည်နှင့်   စပါး အသင်းကို ဖိအားပေးကစားနိုင်ခဲ့သည်။     စပါး အသင်းအနေဖြင့် ပထမပိုင်းပွဲချိန်တွင် ပဲလေ့စ် အသင်းဘက်သို့    ဖိအားပေးကစားနိုင်ခြင်း မရှိသလို ဂိုးကန်သွင်းမှုလည်း ပြုလုပ်ထားနိုင် ခြင်းမရှိပေ။ ပဲလေ့စ်အသင်းက  စပါးအသင်း ဘက်သို့   ဂိုးကန်သွင်းခွင့်     ခုနစ်ကြိမ်ထက် မနည်းရှိခဲ့သော်လည်း ရီဂူလီယွန်၊ ဒီယာ၊ အီမာ ဆင်တို့ ဦးဆောင်သည့် စပါးအသင်းခံစစ်က ရှင်းထုတ်ပုံကောင်းခဲ့၍ သက်သာရာရခဲ့သည်။ 
ဒုတိယပိုင်း    ပြန်လည်စတင်ချိန်တွင် လည်း စပါးအသင်း၏ ကစားပုံကောင်းမွန်လာ ခြင်းမရှိဘဲ ပဲလေ့စ်အသင်း၏ ဖိအားပေးမှုကို သာ ခံခဲ့ရသည်။ ထို့အပြင်  စပါးအသင်းသည် ပွဲချိန် ၅၈ မိနစ်၌ ခံစစ်ကစားသမားဖြစ်သူ တန်အန်ဂါ   နှစ်ဝါ  တစ်နီဖြင့်    ထုတ်ပယ်ခံ ခဲ့ရသောကြောင့်        လက်ကျန်မိနစ်များကို တစ်ယောက်လျော့ဖြင့်    ယှဉ်ပြိုင်ကစားခဲ့ရ သည်။ ထို့နောက်  စပါးအသင်းသည်    ဂိုးရရှိ ရေးထက်   ဂိုးမပေးရရေးကိုသာ     အားပြု ကစားခဲ့သည့်အတွက်   ပွဲမှာ   အနည်းငယ် အေးစက်ခဲ့သည်။ ပွဲချိန် ၇၆ မိနစ်တွင် ပဲလေ့စ် အသင်း  ဦးဆောင်ဂိုးရရှိခဲ့သည်။    အဆိုပါ ဦးဆောင်ဂိုးကို ပယ်နယ်တီမှတစ်ဆင့် ဇာဟာ က အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့သည်။   ဦးဆောင်ဂိုးရပြီးနောက် ပဲလေ့စ်အသင်းသည်   စပါးအသင်းဘက်သို့    ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးကန်သွင်းမှု သိသိသာသာ အသာရခဲ့သည်။ ပွဲချိန် ၈၄ မိနစ်တွင်  လူစားဝင်ကစားသမား အီဒေါ့ဒ်က ဇာဟာ၏ ဖန်တီး ပေးမှုမှုတစ်ဆင့်       ပဲလေ့စ်အသင်းအတွက် ဒုတိယဂိုးသွင်းယူပေးနိုင်ခဲ့သည်။  ထို့အပြင်  တတိယဂိုးကို   ပွဲချိန် ပြီးခါနီးတွင် အီဒေါ့ဒ်ကပင်   သွင်းယူပေးနိုင် ခဲ့သည်။ 
အခြားပွဲစဉ်ရလဒ်
ယနေ့ပွဲစဉ်တွင် ပဲလေ့စ်အသင်းသည် စပါး အသင်းကို အနိုင်ရရှိခဲ့သောကြောင့် ပရီမီယာ လိဂ် ပွဲစဉ်(၄)အပြီးတွင် တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် ငါးမှတ်ရရှိထားသည်။
အာဆင်နယ်က နော့ဝှစ်ကို တစ်ဂိုး-ဂိုးမရှိ၊ ဘရိုက်တန်က အဝေးကွင်း၌    ဘရန့်ဖို့ဒ်ကို တစ်ဂိုး-ဂိုးမရှိ၊ မန်စီးတီးကလည်း အဝေးကွင်း ၌ လက်စတာကို တစ်ဂိုး-ဂိုးမရှိဖြင့်နိုင်သည်။ ဆောက်သမ်တန်နှင့် ဝက်စ်ဟမ်း ဂိုးမရှိ သရေ ကျပြီး ဝက်ဖို့ဒ်ကွင်း၌ ဝုလ်ဖ်က နှစ်ဂိုး-ဂိုးမရှိ ဖြင့် နိုင်သည်။
မန်ယူနိုင်ပွဲရ
မန်ယူနှင့် နယူးကာဆယ်ပွဲတွင် မန်ယူက လေးဂိုး-တစ်ဂိုးဖြင့်   ဂိုးပြတ်အနိုင်ရသည်။ မန်ယူသို့ တစ်ကျော့ပြန် ရောက်ရှိလာသော စီရော်နယ်ဒို ပွဲဦးထွက် ခြေစွမ်းပြပြီး နှစ်ဂိုး သွင်းယူပေးကာ ဖာနန်ဒက်နှင့် လင်ဘတ်တို့က တစ်ဂိုးစီ သွင်းယူပေးသည်။ မန်ယူက လေးပွဲ ကစား လေးပွဲနိုင် ၁၀ မှတ်ရရှိပြီး ဇယားထိပ်၌ ရပ်တည်ထားသည်။                     အောင်ဇော်