CRPH ၊ NUG အကြမ်းဖက်အဖွဲ့မှ NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော် အား လက်နက်/ခဲယမ်းနှင့် ငွေကြေးများထောက်ပံ့၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်ခဲ့မှုများအား ဆက်လက်ဖော်ထုတ်ရရှိ

 

နေပြည်တော်    နိုဝင်ဘာ   ၂၆


CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများအား ဦးစီးဆောင်ရွက်ခဲ့သည့် NLD ပါတီဝင် တရားခံ မောင်ကျော်(ခ) ဖြိုးဇေယျာသော်  အပါအဝင် ကျား ၄၃ ဦး၊   မ ၇ ဦး၊ ပေါင်း ၅၀ အား လက်နက်/ ခဲယမ်းများ၊ လက်ပစ်ဗုံးများ၊ အခြား ဆက်စပ်ပစ္စည်းများနှင့်  ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်အား နိုဝင်ဘာ ၂၀ ရက်တွင်လည်းကောင်း၊ NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော်မှ လက်နက်/ ခဲယမ်းများ ထုတ်ပေး၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အချို့ ဖော်ထုတ်ရရှိသည့်သတင်းအား နိုဝင်ဘာ ၂၂   ရက်တွင်လည်း ကောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 


လက်နက်/ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများအား  ပို့ဆောင်


တရားခံ  မောင်ကျော်(ခ) ဖြိုးဇေယျာသော်၏   ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၈ ရက်တွင် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ခဲ့သော PDF အကြမ်းဖက်အဖွဲ့မှ တရားခံ အောင်ကိုလတ် (၂၈)နှစ်၊ သက်ပိုင် ထွေး (၂၃)နှစ်၊ အောင်ကိုကို (၂၂)နှစ်၊ ချစ်ကိုကိုသန့် (၁၉)နှစ်၊ ဝေယံထွန်း (၂၀)နှစ်၊ ရှိန်းဝေမိုး (၂၇)နှစ်၊ စောဗစ်တယ်ကိုကို (၂၄)နှစ်နှင့် လွင်လွင် ထွန်း (၂၇)နှစ်တို့ ၈ ဦးကို ကျိုက်ထိုမြို့နယ် ရိုးရိုးလေးတည်းခိုခန်းတွင် လည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် လက်နက်/ ခဲယမ်းများ သယ်ယူ ပို့ဆောင်ရေးနှင့် ထိန်းသိမ်းရေးဆောင်ရွက်လျက်ရှိသော တေဇာလင်း(ခ)အုပ်ကြီး (၃၃)နှစ်၊ စိုးမြတ်ရွှေ  (၂၃)နှစ်နှင့်    စဇင်အောင် (၂၆)နှစ်တို့    ၃ ဦးကို ညောင်တုန်းမြို့နယ် အရွဲအုပ်စုကျေးရွာ ပန်းတိုင်စစ်ဆေး ရေးဂိတ်၌ လည်းကောင်း၊  နိုဝင်ဘာ ၂၀ ရက်တွင် လက်နက်/ခဲယမ်းများ နှင့် ဖောက်ခွဲရေးပစ္စည်းများအား အကြမ်းဖက်သမားများထံ ပို့ဆောင် ပေးခြင်းနှင့် ပြန်လည်သိမ်းဆည်းခြင်းများ ဆောင်ရွက်ပေးသူ တရားခံ ဇင်မင်းထွန်း(ခ)စတိ (၃၀)နှစ်၊ ရှင်းသန့်ဟိန်း (၂၄)နှစ်၊ နေမျိုးထွန်း (၂၇)နှစ်၊ ဟိန်းမင်းလတ် (၂၄)နှစ်နှင့် ဝင်းသင်ဇာ (၃၁)နှစ်တို့  ၅ ဦးကို သထုံမြို့ အောက်ကျင်းရပ်ကွက် သထုံဘူတာရုံ၌ လည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်အား (ဘ) ဒေါက်တာ မြသော် (မိ) ဒေါက်တာ ဒေါ်ခင်ဝင်းမေတို့မှ ၁၉၈၁ ခုနှစ်  မတ်လ ၂၆ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ကြောင်း၊ ၂၀၀၃ ခုနှစ်တွင် ရတနာပုံ တက္ကသိုလ်မှ အင်္ဂလိပ်စာအထူးပြုဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ)အား ရရှိခဲ့ပြီး အနုပညာ(အဆိုတော်)လုပ်ငန်းအား လုပ်ကိုင်ခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်တွင် တရားမဝင်အသင်းဖွဲ့စည်းမှု၊ တရားမဝင်  ငွေကြေး ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် ၆ နှစ်ကျခံခဲ့ရသော်လည်း ၂၀၁၁ ခုနှစ် တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် NLD ပါတီသို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဇမ္ဗူသီရိမြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်စိတ်ချရသူတစ်ယောက် အနေဖြင့် တာဝန်ထမ်းဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်း/ပြည်ပ ခရီးစဉ်များ၊ စည်းရုံးရေးလှုပ်ရှားမှုများတွင် အနီးကပ်လိုက်ပါခဲ့သည်။

 


တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက် ဆူပူဆန္ဒပြမှုများအား ဦးစီးဆောင်ရွက်ခဲ့ပြီး ဧပြီလမှစ၍ NUG အကြမ်း ဖက်အဖွဲ့မှ ရည်မွန်၊ ဇော်ဝေစိုး၊ လွင်ကိုလတ် တို့နှင့် ချိတ်ဆက်ကာ ရန်ကုန်တိုင်းအကြမ်းဖက်အဖွဲ့တာဝန်ခံအဖြစ် ဒီငြိမ်းလင်း (ခ)ဒေဝ၊ ဝေဖြိုးဟန်(ခ) နောင်ရိုး တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မေလနှင့် ဇွန်လတို့တွင် NUG အကြမ်းဖက်အဖွဲ့မှ ရည်မွန်၊ နိုင်ထူးအောင် တို့နှင့် Zoom Meeting များပြုလုပ်၍ KNLA တပ်မဟာ(၆)နယ်မြေတွင် ဖောက်ခွဲရေးနှင့်    အကြမ်းဖက်သင်တန်းများ     တက်ရောက်ရေး၊ လက်နက်/ ခဲယမ်းထောက်ပံ့ရေး၊   အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှု များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရေး၊ အစိုးရအား စတင် တိုက်ခိုက်မည့် နေ့ရက်(D-Day) သတ်မှတ်ရေးနှင့် ငွေကြေးထောက်ပံ့ ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။    

 


NUG အကြမ်းဖက်အဖွဲ့မှ ရည်မွန်၏ စေခိုင်းချက်အရ နိုင်ထူးအောင် သည် KNLA တပ်မဟာ(၆)မှ ရင်းမှူးအဆင့်ရှိ   ရန်နိုင်အား  ငွေကြေးထောက်ပံ့ပေးမှုများ‌ဆောင်ရွက်ကာ NLD ပါတီ ထောက်ခံအားပေးသော အစွန်းရောက်လူငယ်အချို့အား ကော့ကရိတ်မြို့နယ်အနီးနှင့် ဘုရား သုံးဆူအနီးတွင် အကြမ်းဖက်သင်တန်းများ သင်ကြားပေးခဲ့ပြီး ရက်တို သင်တန်းဆင်းများအား STF အကြမ်းဖက်အဖွဲ့၊ ရက်ရှည်သင်တန်းဆင်း များအား PDF အကြမ်းဖက်အဖွဲ့၊ မွမ်းမံသင်တန်းဆင်းများအား SOF အကြမ်းဖက်အဖွဲ့၊ မြို့နယ်အလိုက် NLD အမာခံများအား မြို့နယ် ပကဖ အကြမ်းဖက်အဖွဲ့များ အဖြစ်ဖွဲ့စည်း၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 


တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ ဇူလိုင်လတွင် NUG အကြမ်းဖက်အဖွဲ့မှ PDF အကြမ်းဖက်အဖွဲ့ကိုဖွဲ့စည်း၍ မြောက်ပိုင်းတိုင်း PDF  အကြမ်းဖက်အဖွဲ့နှင့်   အရှေ့ပိုင်းတိုင်း PDF အကြမ်းဖက်အဖွဲ့ကို ရည်မွန်မှလည်းကောင်း၊ တောင်ပိုင်းတိုင်း PDF အကြမ်းဖက်အဖွဲ့ကို လွင်ကိုလတ်မှလည်းကောင်း၊ အလယ်ပိုင်းတိုင်း PDF အကြမ်းဖက်အဖွဲ့ကို နေမျိုးမှလည်းကောင်း တာဝန်ခံများအဖြစ် ဆောင်ရွက်ကာ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြား စေရန်နှင့် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်အတွက် အကြမ်းဖက် လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လွင်ကိုလတ်နှင့် ကွမ်မင်း တို့၏ စေခိုင်း ချက်အရ တရားခံ မောင်ကျော်(ခ) ဖြိုးဇေယျာသော် နှင့် ဒီငြိမ်းလင်း(ခ)ဒေဝ တို့သည်  STF အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့တို့၏  ပူးတွဲတာဝန်ခံ၊ ဝေဖြိုးဟန် (ခ)နောင်ရိုး ကို ရန်ကုန်တိုင်း ပကဖ အကြမ်း ဖက်အဖွဲ့တာဝန်ခံ၊ PK ကို SOF အကြမ်းဖက်အဖွဲ့တာဝန်ခံ၊ ကျော်စွာ(ခ)အံ့ကျော် အား သတင်းထုတ်ပြန်ရေးတာဝန်ခံအဖြစ်ဖွဲ့စည်းကာ အကြမ်း ဖက်လုပ်ငန်းများအား      ပိုမိုအရှိန်မြှင့်တင်လုပ်ဆောင်စေခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 


တရားခံ  မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏  ထွက်ဆိုချက်အရ NUG အကြမ်းဖက်အဖွဲ့ဝင် ရည်မွန် နှင့် လွင်ကိုလတ် တို့မှ ရန်ကုန် တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လက်နက်၊ ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများအား နိုင်ထူးအောင်၊ PK၊ ဝေဖြိုးဟန်(ခ)နောင်ရိုး တို့ကို KNU အဖွဲ့နှင့် ချိတ်ဆက်၍ သိမ်ဇရပ်-ဝေါ- သနပ်ပင်- တာဝ မှ ပဲခူးမြစ်အတိုင်း သရပ်ပင်ချောင်မှ ရန်ကုန်မြို့ သို့လည်းကောင်း၊ မြဝတီ-သိမ်ဇရပ်-ရန်ကုန်သို့ အံဝှက်ပြုလုပ်ထားသော မော်တော်ယာဉ်ဖြင့်လည်းကောင်း ပို့ဆောင်ပေးခဲ့ပြီး ရန်ကုန်မြို့သို့ ရောက်ရှိပါက  ဖမ်းဆီးရန်ကျန်   တရားခံ ဇင်ဦးမောင်(ခ)နေလ နှင့် တေဇာလင်း(ခ)အုပ်ကြီး တို့ကို သွားရောက်ယူဆောင်စေပြီး သင်္ဃန်း ကျွန်းမြို့နယ် (၂၉)ရပ်ကွက် သုခိတာလမ်း အမှတ်(၆၇)နှင့် (ဇ)မြောက် ရပ်ကွက် ပြည်သာယာလမ်းသွယ်(၂) ငွေတိုက်စိုးခြံ အမှတ်(၁၄၂)တို့တွင် ဖြန့်ခွဲသိမ်းဆည်းစေခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 


အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ  ပျက်ပြားစေရန်


တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏  ထွက်ဆိုချက်အရ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ  ပျက်ပြားစေရန်အတွက် တာဝန် ထမ်းဆောင်နေသော မြို့နယ်/ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများအား သတ်ဖြတ်ခြင်း၊ ပြည်ခိုင်ဖြိုးပါတီဝင် များအပါအဝင် အခြားဆန့်ကျင်ဘက် ပါတီဝင်များနှင့် အပြစ်မဲ့ပြည်သူ များအား လုပ်ကြံသတ်ဖြတ်မည့် (Hit List)များ စာရင်းပြုစု၍ NUG အကြမ်းဖက်အဖွဲ့ထံ တင်ပြရပြီး NUG အကြမ်းဖက်အဖွဲ့မှ သတ်မှတ် ပေးသော     Mission များကို   လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့များသို့ လက်နက်/ ခဲယမ်းများ ထုတ်ပေးရကြောင်း ဖော်ထုတ်သိရှိရသည်။

 


ထိုသို့  NUG အကြမ်းဖက်အဖွဲ့၏   စေခိုင်းမှုကြောင့်   တရားခံ မောင်ကျော် (ခ) ဖြိုးဇေယျာသော် သည်   အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအနေဖြင့်  အစိုးရအဆောက်အဦများအား  ဖောက်ခွဲ ဖျက်ဆီးမှု အကြိမ်(၃၀)၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးရုံးများအား ဖောက်ခွဲ ဖျက်ဆီးမှု(၃၂)ကြိမ်၊ လျှပ်စစ်ရုံးနှင့်အနီးဝန်းကျင် ဖောက်ခွဲဖျက်ဆီးမှု (၉)ကြိမ်၊ ကညနရုံးနှင့် အနီးဝန်းကျင် ဖောက်ခွဲဖျက်ဆီးမှု (၉)ကြိမ်၊ ယာဉ်ထိန်းရုံးများအား ဖောက်ခွဲဖျက်ဆီးမှု (၁၂)ကြိမ်၊ CCTV Control Box များအား    ဖောက်ခွဲဖျက်ဆီးမှု (၅)ကြိမ်၊   အပြစ်မဲ့ပြည်သူလူထု ထိတ်လန့်ကြောက်ရွံ့စေရန်ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင် သောနေရာများအား ဖောက်ခွဲဖျက်ဆီးမှု အကြိမ်(၆၀)၊ ဘာသာရေး ဆိုင်ရာ အဆောက်အဦအနီး ဖောက်ခွဲဖျက်ဆီးမှု (၂)ကြိမ်၊ စာသင်ကျောင်း များအား ဖောက်ခွဲဖျက်ဆီးမှု(၃)ကြိမ် စုစုပေါင်း (၁၇၈) ကြိမ်ရှိသည့်အပြင် အကြမ်းဖက်သတ်ဖြတ်ကျူးလွန်ခဲ့မှုအနေဖြင့် (၃၆) ကြိမ်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။

 


တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ ထွက်ဆိုချက်အရ အကြမ်းဖက် CRPH နှင့် NUG အဖွဲ့ဝင် ဖြူဖြူသင်း၊  နိုင်ထူးအောင် ၊ ဝင်းမြတ်အေး နှင့် လွင်ကိုလတ် တို့မှ နည်းလမ်းပေါင်းစုံဖြင့် ငွေကြေး များကောက်ခံ၍ အကြမ်းဖက်မှုများ   ပြုလုပ်ရန်အတွက်   ၎င်းထံသို့ တရားမဝင်နည်းလမ်းများဖြင့်   ငွေကြေးပို့ဆောင်ပေးခဲ့ပြီး   အဆိုပါ ရရှိငွေများအား လက်နက်/ခဲယမ်းများဝယ်ယူခြင်း၊ ဖောက်ခွဲရေးအတွက် လိုအပ်သော   ပစ္စည်းများဝယ်ယူခြင်း၊    အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် လိုင်စင်မဲ့မော်တော်ယာဉ်များဝယ်ယူခြင်း၊ အကြမ်း ဖက်အဖွဲ့များ ပုန်းခိုနေထိုင်နိုင်ရေးအတွက် နေရာ(Safe House)များ ငှားရမ်းခြင်း၊  ပြည်သူလူထု  အထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲရေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အပြစ်မဲ့ပြည်သူလူထုများအား လုပ်ကြံ သတ်ဖြတ်ခြင်းများ ဆောင်ရွက်ရာတွင် အောင်မြင်မှုအပေါ်မူတည်၍ အကြမ်းဖက်သမားများအား   ထောက်ပံ့ပေးအပ်ခြင်းနှင့်  အချို့အား ကိုယ်ကျိုးအတွက် ရယူသုံးစွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 


တရားခံ မောင်ကျော် (ခ) ဖြိုးဇေယျာသော် ၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ပထမပတ်တွင်ပြုလုပ်သော Zoom Meeting တွင် NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းမှုဖြင့် SOF အကြမ်းဖက်အဖွဲ့တာဝန်ခံ PK မှ ပျံလွှားအောင် စစ်ဆင်ရေး အမည်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရုံးများ၊  နယ်မြေရဲကင်းစခန်းများ၊   လုံခြုံရေးယာဉ်တန်းများအား ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူလူထုအထိတ်တလန့် ဖြစ်စေရန်အတွက် အများပြည်သူနှင့်သက်ဆိုင်သော နေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ပညာသင်ကြားမှုများ မပြုလုပ်နိုင်ရန်အတွက် စာသင်ကျောင်းများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ကျောင်းဆရာ/ ဆရာမ များအား လုပ်ကြံသတ်ဖြတ်ခြင်း၊ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များအား ဖောက်ခွဲဖျက်ဆီးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရားခံ မောင်ကျော်(ခ) ဖြိုးဇေယျာသော် အနေဖြင့်  အဆိုပါ ပျံလွှားအောင် စစ်ဆင်ရေးအား အရှိန်မြှင့်ဆောင်ရွက်ရန် ပြင်ဆင်နေစဉ် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

 


တရားခံ  မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ ထွက်ဆိုချက်အရ အကြမ်းဖက်ဖောက်ခွဲမှုများနှင့်  လုပ်ကြံသတ်ဖြတ်ခြင်းများအတွက် KNU/KNLA တပ်မဟာ(၆)မှ    ရင်းမှူးအဆင့်ရှိ   ရန်နိုင်နှင့် KNU မှ ဗိုလ်မှူးကြီး အဆင့်ရှိသူတို့က  လိုအပ်သော အကြံဉာဏ်များ ပေးအပ်ခဲ့ ကြောင်း၊ အောက်တိုဘာ  ၃၁ ရက်တွင် လှိုင်ရဲစခန်းအား ပထမအကြိမ် M-79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့ရာ ဗုံးသီးမထွက်ခဲ့သဖြင့် ရန်နိုင် နှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူတို့၏ ပြောကြားချက်အတိုင်း ထပ်မံပစ်ခတ် ခဲ့ရာ ဗုံးသီး ၃ လုံး ပစ်ခတ်နိုင်ခဲ့ကြောင်း၊ KNLA တပ်မဟာ(၆)နယ်မြေရှိ စစ်ရေးလှုပ်ရှားမှုများအား ဖော်ပြရာတွင် ရန်နိုင်မှ ၎င်းအား ဆက်သွယ် မေးမြန်းပြီးမှသာဖော်ပြရန်   ပြောကြားထားကြောင်း    ဖော်ထုတ် သိရှိရသည်။

 


အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်မည့်စီမံချက် ရေးဆွဲလျက်ရှိ


ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးတို့တွင်   အကြမ်းဖက်လုပ်ငန်းများ   ဆောင်ရွက်မည့် ဟံသာဝတီ စစ်ရေးစီမံချက်အား ရေးဆွဲလျက်ရှိပြီး အကြမ်းဖက်လုပ်ငန်း များ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အင်အားနည်းသည့် လုံခြုံရေးကင်းစခန်းငယ်များ အား ဝင်ရောက်တိုက်ခိုက်၍ လက်နက်/ ခဲယမ်းများ လုယူရန်စီစဉ်ထား ကြောင်း ဖော်ထုတ်သိရှိရသည်။

 


တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ စေခိုင်းမှုဖြင့် အကြမ်း ဖက် လုပ်ငန်းဆောင်ရွက်ခဲ့သူများအား ဖမ်းဆီးရမိမှုအနေဖြင့် 


    -    ဧပြီလမှ ဇွန်လအတွင်း ဒဂုံမြို့သစ်မြို့နယ်များတွင် ဗုံးဖောက်ခွဲမှု (၁၀) ကြိမ်   ဆောင်ရွက်ခဲ့သည့်ဖြစ်စဉ်တွင်   ပါဝင်သော တရားခံ နေလင်း ပါ ၆ ဦးကို လက်နက်/ခဲယမ်းများဖြင့်လည်းကောင်း။ 


    -    ဇွန်လ ၈ ရက်တွင်   တာမွေမြို့နယ်   ကျားကွက်သစ်ရပ်ကွက်  သတိပဋ္ဌာန်လမ်း တိုက်(၃၂) တတိယထပ်နေ    အပြစ်မဲ့ပြည်သူ ၁ ဦးကို   သတ်ဖြတ်ခဲ့သည့်   ဖြစ်စဉ်တွင်ပါဝင်သော   တရားခံ ရွှေရည်ညွန့် ပါ ၈ ဦးကို  လက်နက်/ခဲယမ်းများဖြင့် လည်းကောင်း။ 


    -    ဇွန်လ ၁၀ ရက်တွင် KNLA တပ်မဟာ(၆)၌ အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသော SRU အကြမ်းဖက် အဖွဲ့မှ တရားခံ ဇော်ထိုက် (ခ) ဇော်သူရ ပါ ၁၃ ဦးကိုလည်းကောင်း။

-    ဇွန်လ ၂၉ ရက်တွင် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် သမာဓိ လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးအား ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင်  ပါဝင်သော   တရားခံ ခန့်စည်သူ ပါ  ၅ ဦးကို လက်နက်/ခဲယမ်းများဖြင့် လည်းကောင်း။


    -    ဇူလိုင်လ ၇ ရက်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အပြစ်မဲ့ ပြည်သူ ၁ ဦးကို  အကြမ်းဖက်အဖွဲ့ဝင်   ၂ ဦးမှ ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော တရားခံ အောင်မျိုးမင်း ကို လက်နက်/ခဲယမ်းများဖြင့်လည်းကောင်း။ 


    -    ဇူလိုင် ၈ ရက်တွင် လမ်းမတော်မြို့နယ်ရှိ ရွှေနန်းတော်ရွှေဆိုင်အား ဖောက်ခွဲ၍    လက်ဝတ်ရတနာများ   လုယူခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ကျော်ဇောဟိန်း ပါ ၃၅ ဦးကို  လက်နက်/ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများဖြင့်လည်းကောင်း။


    -    ဩဂုတ် ၁၄ ရက်တွင်    ရန်ကုန်မြို့ပတ်ရထားပေါ်၌   လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ကောင်းပြည့်စုံဦး ပါ ၅ ဦးကို လက်နက်/ခဲယမ်းများဖြင့် လည်းကောင်း။


    -    ဩဂုတ် ၁၇ ရက်တွင် ကမာရွတ်မြို့နယ် ဈေးလမ်းရှိ အပြစ်မဲ့ပြည်သူ ၁ ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင်ပါဝင်သော တရားခံ ညီညီထွန်း ပါ ၃၁ ဦးကို လက်နက်/ခဲယမ်းများဖြင့်လည်းကောင်း။ 


    -    စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် သုနန္ဒာမီးပွိုင့်နှင့်    ခုံးကျော်တံတားအောက်၌    လက်လုပ်မိုင်း ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်တွင်ပါဝင်သော တရားခံ ဟိန်းကျော်လွင် ပါ ၁၆ ဦးကို   လက်နက်/ခဲယမ်းများ၊    ဖောက်ခွဲရေးပစ္စည်းများ၊ စိတ်ကြွရူးသွပ်ဆေးပြားများဖြင့်လည်းကောင်း။ 


    -    စက်တင်ဘာ ၉ ရက်တွင် စမ်းချောင်းမြို့နယ်တွင် လှည့်ကင်းဆောင် ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သည့်  ဖြစ်စဉ် တွင် ပါဝင်သော တရားခံ အောင်ချမ်းငြိမ်း ပါ၁၁ ဦးကို လက်နက်/ခဲယမ်းများဖြင့်လည်းကောင်း။ 

-    စက်တင်ဘာ ၁၀ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် တံတားပေါ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သည်ဖြစ်စဉ်တွင်  ပါဝင်သော တရားခံ ဇင်မင်းထွန်း ပါ ၁၂ ဦးကို လက်နက်/ခဲယမ်းများ၊ စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့် လည်းကောင်း။

-    စက်တင်ဘာ ၁၃ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၉) ရပ်ကွက် ရစဖရုံး အဖွဲ့ဝင် ဦးနိုင်လင်း အား လုပ်ကြံသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ဟိန်းထက်အောင် (ခ)ဈန်ရဲ ပါ ၉ ဦးကို လည်းကောင်း။


    -    စက်တင်ဘာ  ၁၈ ရက်တွင်   ကမာရွတ်မြို့နယ်   (၃)ရပ်ကွက် လှည်းတန်း(၆)  လမ်းထိပ်ရှိ  King    လက်ဖက်ရည်ဆိုင်အနီး၌ အပြစ်မဲ့ပြည်သူ ၁ ဦးကို ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ဝင်းကိုဦး(ခ) သူရလွင်(ခ) ဝေကြီး ပါ ၇ ဦးကို လက်နက်/ခဲယမ်းများဖြင့်လည်းကောင်း။


    -    အောက်တိုဘာ ၂၀ ရက်တွင် လှိုင်မြို့နယ် သီရိမြိုင်ဘူတာအနီး၌ အပြစ်မဲ့ ပြည်သူတစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော  လှည်းကူး  အကြမ်းဖက်    PDF အဖွဲ့မှ   တရားခံ ဇွဲဝေယံထွဋ်(ခ) အက်ဒီဆင် ပါ ၁၈ ဦးကို   လက်နက်/ ခဲယမ်းများဖြင့် လည်းကောင်း။

-    အောက်တိုဘာ ၂၂ ရက်တွင် ဗိုလ်တထောင်မြို့နယ် (၉)ရပ်ကွက် (၄၈)လမ်း  အလယ်ဘလောက်ရှိ   ကမ္ဘောဇဘဏ်ခွဲကို   STF အကြမ်းဖက်အဖွဲ့မှ   ဓားပြတိုက်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ဟန်ဝင်းထွဋ် ပါ ၁၃  ဦးကို လက်နက်/ခဲယမ်းများ၊ ဓားပြ တိုက် ယူဆောင်သွားခဲ့သော ငွေများဖြင့်လည်းကောင်း။


    -    အောက်တိုဘာ ၂၃ ရက်တွင် ကြည့်မြင်တိုင်မြို့နယ် ဗားကရာမီးပွိုင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်သော တရားခံ စောဘယ်လ်ဇင်ထူး ပါ ၁၄ ဦးကို လက်နက်/ခဲယမ်းများဖြင့် လည်းကောင်း။


    -    အောက်တိုဘာ ၂၃ ရက်တွင် အင်းစိန်မြို့နယ်အတွင်း အကြမ်းဖက် ဖောက်ခွဲရေးပြုလုပ်ခဲ့သည့် တရားခံ အောင်ကောင်းစံ ပါ ၁၁ ဦးကို လက်နက်/ ခဲယမ်းများဖြင့်လည်းကောင်း။ 


    -    အောက်တိုဘာ ၂၆ ရက်တွင် ပုဇွန်တောင်မြို့နယ်၌ အပြစ်မဲ့ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့မှုနှင့် စာသင်ကျောင်းများ၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲရေး လုပ်ငန်း များဆောင်ရွက်ခဲ့သူ   44 st UG   အကြမ်းဖက်အဖွဲ့မှ   တရားခံ မင်းဟိန်းခန့် ပါ ၂၃ ဦးကို   လက်နက်/ ခဲယမ်းများဖြင့်လည်းကောင်း။


    -    နိုဝင်ဘာ ၄ ရက်တွင် မရမ်းကုန်းမြို့နယ်ရှိ  Mytel GM ဦးသိန်းအောင် ကို  ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော SRU အဖွဲ့မှ တရားခံ စစ်ဇော်ကံ (ခ) ဟန်သာထွန်း ပါ ၄ ဦးကို လည်းကောင်း။  


    -    နိုဝင်ဘာ ၇ ရက်တွင် မင်္ဂလာဒုံမြို့နယ် အမှတ် (၃)လမ်းမကြီးဘေးရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးကို လက်နက်ငယ်များဖြင့် ပစ်ခတ် ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော တရားခံ သန်းနိုင်(ခ)ဘဲဥ ပါ ၇ ဦး ကို လက်နက်/ခဲယမ်းများဖြင့် လည်းကောင်း။


    -    နိုဝင်ဘာ ၉ ရက်တွင် လှိုင်မြို့နယ်အတွင်း အကြမ်းဖက်ဖောက်ခွဲရေး လုပ်ငန်းများဆောင်ရွက်ခဲ့သော Octopus (ရေဘဝဲ)အကြမ်းဖက် အဖွဲ့မှ တရားခံ လျှမ်းဆက် (ခ)Steven ပါ ၄ ဦးကို လက်လုပ်မိုင်း များဖြင့်လည်းကောင်း။  


    -    နိုဝင်ဘာ ၁၄ ရက်တွင်   ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်   (၂၅)ရပ်ကွက် ရစဖရုံးအနီး၌ ဖောက်ခွဲမှုပြုလုပ်ခဲ့သော တရားခံ မြတ်သူ (ခ)နတ်ဆိုး ပါ ၁၁ ဦးကို လည်းကောင်း။

 


    -    နိုဝင်ဘာ ၁၅ ရက်တွင် သာကေတမြို့နယ်ဘက်ခြမ်းရှိ သန်လျင် တံတား လုံခြုံရေးအဖွဲ့ဝင်များနှင့် ထန်းတပင်မြို့နယ် စစ်ဆေးရေး ဂိတ်ရှိ    လုံခြုံရေးတပ်ဖွဲ့ဝင်များအား   တိုက်ခိုက်ခဲ့သည့် တရားခံ အောင်ကိုဦး နှင့် ရန်နိုင်ထွန်း ပါ  ၁၃ ဦးကို  လက်နက်/ခဲယမ်း များဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 


ခြိမ်းခြောက်အကျပ်ကိုင်၍ အကြမ်းဖက်မှုများစေခိုင်း


ဖမ်းဆီးရမိတရားခံအချို့၏   ထွက်ဆိုချက်အရ   ၎င်းတို့သည် အကြောင်းအမျိုးမျိုးကြောင့် KNU နယ်မြေအတွင်း အကြမ်းဖက်သင်တန်း များ  တက်ရောက်ခဲ့ကြသော်လည်း သင်တန်းတွင် နေထိုင်စားသောက်မှု ပင်ပန်းဆင်းရဲခြင်း၊    KNU  တပ်ဖွဲ့ဝင်များ၏   လူမျိုးရေးခွဲခြားခြင်း၊ ပြည်သူလူထုမှ   အကြမ်းဖက်မှုအား မလိုလားခြင်းတို့ကြောင့် လူငယ် အများစုမှာ     အကြမ်းဖက်မှုလုပ်ငန်းများအား   ဆောင်ရွက်လိုခြင်း မရှိကြသော်လည်း သင်တန်းတက်ရောက်စဉ်တွင် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ    ဖြည့်သွင်းခဲ့ရသဖြင့်    မိသားစုဝင်များအပေါ် ခြိမ်းခြောက်အကျပ်ကိုင်၍ အကြမ်းဖက်မှုများစေခိုင်းခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

 


NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ  ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ  ဆောင်ရွက်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ကျူးလွန် ခဲ့သော  NLD  ပါတီဝင်  တရားခံ   မောင်ကျော် (ခ) ဖြိုးဇေယျာသော် အပါအဝင်   တရားခံ ကျား  ၂၄၇ ဦး၊   မ ၄၆ ဦး၊  ပေါင်း ၂၉၃ ဦးတို့ကို  လက်နက်မျိုးစုံ ၁၆၉ လက်၊ လက်လုပ်သေနတ်မျိုးစုံ ၂၃၁ လက်၊ လက်လုပ်စိန်ပြောင်း ၆ လက်၊ ကျည်အိမ်မျိုးစုံ ၃၁၂ ခု၊ ကျည်မျိုးစုံ ၁၈၈၁၀၊ ၄၀ မမဗုံးသီး ၄၃ လုံး၊ မိုင်းမျိုးစုံ ၁၆ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၄၈ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၀၉၉ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၇၅ လုံး၊ မီးခိုးဗုံး ၆၁ လုံး၊ ယမ်းစိမ်း ၅ ပိဿာ၊ ယမ်းပြင်း ၂၈ တောင့်၊ ယမ်းပျော့ ၁၁ တောင့်၊ လက်လုပ်ယမ်း ၄၃ ထုပ်၊ ယမ်းကြိုး(၁၀၀ ပေ) ၁ ခွေ၊ ဒီတိုနေတာ ၈၉၆ ချောင်း၊ ဒီတိုနေတာကြိုးခွေ ၄ ခွေ၊ TNT ယမ်းမျိုးစုံ ၁၆၃ တောင့်၊  C4 ယမ်း (၁.၂၅) ပေါင် ၉ တောင့်၊ Transistor ၁၄ ဘူး၊ ကီးပက်ဖုန်း အလုံး ၂၀၊ လမ်းလျှောက်စကားပြောစက် ၁၆ လုံး၊ ဆက်သွယ်ရေးအထိုင် စက် ၅ လုံး၊ မှန်ပြောင်း ၂ ခု၊ ဂြိုဟ်တုဖုန်း ၁၆ လုံး၊ Laptop ၂ လုံး၊  Hard Disk ၁ ခု၊ ATM ကတ်များ၊ နိုင်ငံကူး လက်မှတ်စာအုပ် ၁ အုပ်၊ ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေး ပြုလုပ်မည့်စာရင်းများ၊ လုပ်ကြံသတ်ဖြတ်မည့်စာရင်းများ ပြုစုထားသည့် မှတ်တမ်းစာအုပ်များ၊  စိတ်ကြွရူးသွပ်ဆေးပြားများ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 


ထို့ပြင် အကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သော နေအိမ်/ တိုက်ခန်း များအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သက်သေခံအဖြစ် ထိန်းသိမ်း၍ တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းယူခြင်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အကြမ်းဖက် PDF အဖွဲ့ဝင်များ နေထိုင်နိုင်ရေးအတွက် ငှားရမ်းပေးသော အိမ်ပိုင်ရှင်များအား တည်ဆဲဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက် သွားမည်ဖြစ်သည်။

 


အဆိုပါ   ဖမ်းဆီးရမိတရားခံများအား  ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများကို   ပြည်သူတစ်ရပ်လုံးက    ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိ ရေးအတွက်   ၎င်းတို့ပုန်းခိုရာနေရာများ၊   လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြား နိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍   ဆုငွေများ  ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့်  မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်   ကြိုးပမ်းဆောင်ရွက်နိုင်ပါရန်   သက်ဆိုင်ရာက   မေတ္တာရပ်ခံထားသည်။


သတင်းစဉ်