
ပရီမီယာလိဂ်ကလပ် ချယ်ဆီးအသင်းသည် အင်္ဂလန်တောင်ပံကစားသမား စတားလင်းကို ခေါ်ယူရန် မန်စီးတီးအသင်းနှင့် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အဆိုပါ ကစား သမားအတွက် ပြောင်းရွှေ့ကြေးသည် အပိုဆုကြေးအပါအဝင် ပေါင်သန်း ၅၀ အထိ ရှိနိုင်ပြီး တစ်နှစ် သက်တမ်းတိုးခွင့်အပါအဝင် ငါးနှစ်စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ အသက် ၂၇ နှစ်အရွယ်ရှိ စတားလင်းသည် မန်စီးတီးအသင်းနှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ တစ်နှစ်ကျန် ရှိနေသေး ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် စတားလင်းကို ၂၀၁၅ ခုနှစ်တွင် ပေါင် ၄၉ သန်းဖြင့် ခါးသီးပြိုင်ဘက် လီဗာပူး အသင်းထံမှ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အီတီဟက်သို့ ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် အသင်း အတွက် ပြိုင်ပွဲအရပ်ရပ် ၃၃၉ ပါဝင်ကစားထားပြီး ၁၃၁ ဂိုးသွင်းယူပေးထားသည်။ ဒါ့အပြင် စတားလင်း သည် အီတီဟက်၌ အောင်မြင်မှုသရဖူစိုက်ထူထားနိုင်သူဖြစ်ပြီး မန်စီးတီးအသင်းနှင့်အတူ ပရီမီယာလိဂ် ဖလား၊ အက်ဖ်အေဖလား၊ ကာရာဘောင်ဖလားတို့ ဆွတ်ခူးထားသူ ဖြစ်သည်။
စတားလင်းကို ချယ်ဆီးအသင်းအပြင် နာမည်ကြီးအသင်းများဖြစ်သည့် ဘာစီလိုနာ၊ ရီးရဲမက်ဒရစ် နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
အောင်ဇော်