
အမှတ်ပေးဇယားကို သုံးမှတ်အသာနဲ့ ဦးဆောင်နေတဲ့ ချယ်ဆီးအသင်းရဲ့ ခြေစွမ်း က ဒီရာသီမှာ ပုံစံကောင်းရရှိနေပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စီးရီးအေ နာမည်ကြီး ဂျူဗင်တပ်စ်လို အသင်းကို လေးဂိုးပြတ်အနိုင်ရရှိထားတာကို ကြည့်ရင် ခြေစွမ်းအထူးကောင်းမွန်နေတာကို တွေ့ရတယ်။ အထူးသဖြင့် ချယ်ဆီးအသင်းရဲ့ ခံစစ်က ယခုနှစ်ရာသီ ပရီမီယာလိဂ် ၁၂ ပွဲကစားပြီးချိန်မှာ လေးဂိုးသာ ခွင့်ပြုပေး ထားရတာကြောင့် ခံစစ်အကောင်းဆုံးအသင်းအဖြစ် ရှိနေပါတယ်။ ပြိုင်ဘက် မန်ယူ အသင်းက နည်းပြဆိုးလ်ရှားကို ထုတ်ပယ်လိုက်ပြီးနောက် ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗီလာရီးရဲကို နှစ်ဂိုးပြတ် အနိုင်ရရှိထားပါတယ်။
ဂိုးပြတ်ရှုံးနိမ့်ထား
သို့ပေမယ့် မန်ယူအသင်းအနေနဲ့ ပရီမီယာလိဂ် နောက်ဆုံးငါးပွဲမှာ စပါး အသင်းကိုသာ သုံးဂိုးပြတ် အနိုင်ရရှိထားပြီး လက်စတာ၊ လီဗာပူး၊ မန်စီးတီး၊ ဝက်ဖို့ဒ်စတဲ့အသင်းတွေကို ဂိုးပြတ်ရှုံးနိမ့်ထားတာကြောင့် ခြေစွမ်းက အားရစရာ မရှိပါဘူး။
အထူးသဖြင့် မက်ဂွိုင်းယားဦးဆောင်တဲ့ အသင်းရဲ့ခံစစ်က ၁၂ ပွဲကစားပြီး ချိန်မှာ ၂၁ ဂိုးအထိ ခွင့်ပြုပေးထားရတာကြောင့် ခံစစ်အဆိုးရွားဆုံးအသင်းထဲမှာ ပါနေပါတယ်။
မည်သို့ပင်ဆိုစေ နှစ်သင်းစလုံးနိုင်ပွဲရရှိရေးကို အဓိကထား ပြင်ဆင်လာမှာ ဖြစ်တာကြောင့် ဘယ်အသင်းက ရမှတ်အပြည့်ရယူသွားနိုင်မလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။