စတုဂတ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ် နာမည်ကြီး ဂျေဘီယာ တက်လှမ်း

 

တူနီးရှားတင်းနစ်မယ် ဂျေဘီယာသည် စတုဂတ်အိုးပင်း အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် လတ်ဗီးယားတင်းနစ်မယ် အော့ စတာပင်ကို ကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ 

 


ဂျေဘီယာသည် နာမည်ကြီး ဗြိတိန်တင်းနစ်မယ် ရာဒူကာနူကို အနိုင်ယူကျော်ဖြတ်ခဲ့သော အော့စတာပင်ကို ကို ၁၆ ဦးအဆင့်တွင် ၁-၆၊ ၇-၅၊ ၆-၃ ဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။  ဂျေဘီယာသည်  ယခုပြိုင်ပွဲမတိုင်မီ ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့သည့်  ချာလိစ်တန်အိုးပင်းပြိုင်ပွဲ  ဆွစ်ဇာလန်တင်းနစ်မယ် ဘင်းဆစ်ကို အနိုင်ယူကာ ပူပူနွေးနွေး ဖလားဆွတ်ခူးထားသူဖြစ်သည်။ 

 


၎င်းနှင့်အတူ စတုဂတ်အိုးပင်းပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ ပိုတာ ကိုဗာ၊ ဘာဒိုဆာ၊ ပီလစ်ကိုဗာ၊ ရွိုင်ဘာကီနာ၊ ဆွီယာတက်ခ်နှင့် ဟာဒက် မာအီယာတို့ တက်ရောက်နိုင်ခဲ့သည်။ 

 


ဂျေဘီယာသည် ကွာတားဖိုင်နယ်တွင် ဘရာဇီးတင်းနစ်မယ် ဟာ ဒက်မာအီရာနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 

မိုးဇက် - စုစည်းသည်