စွယ်စုံရစာပေပညာရှင် ပင်ကိုရေးစာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း

Type
5

 

ရွှေကျော်(စာပေဗိမာန်)

(ယမန်နေ့မှအဆက်)

 


ဆရာကြီးရေးသားခဲ့သော   ဂန္ထဝင် မြောက်စာအုပ်များအနက်မှ -
နီရဲသော ဗိုလ်ဥတ္တမ


ထိုစာအုပ်သည် ၁၈၈၅ ခုနှစ်အလွန် တွင် နယ်ချဲ့ဆန့်ကျင်ရေးနှင့်  အမျိုးသား လွတ်မြောက်ရေးအတွက်   သမိုင်းတွင် ထင်ရှားသည့် ဗိုလ်ဥတ္တမအကြောင်း ဖွဲ့ ဆိုထားသော်လည်း        အခြားသော ဇာတ်ကောင်များစွာအကြောင်း   ကဏ္ဍ အလိုက် ဝေဝေဆာဆာ ဖွဲ့ဆိုထားသည်။ ခုနှစ်သက္ကရာဇ် ပြည့်စုံစွာ နေရာဒေသ အတိအကျဖြင့်       သမိုင်းနောက်ခံ လက်နက်ကိုင်   ကျူးကျော်စစ်ပွဲများ အကြောင်း  ရေးဖွဲ့ထားသည်။  နီရဲသော ဗိုလ်ဥတ္တမဆိုသည့်အတိုင်း     နောက်ဆုံး အချိန်အထိ  ကျူးကျော်စစ်ကို    အညံ့မခံ အသက်ပေးကာ   အဆုံးစီရင်ခဲ့သည်ကို ဖတ်ရှုရသောအခါ    မျိုးချစ်စိတ်ဓာတ် ပြင်းထန်လာကာ    မခံမရပ်နိုင်ဖြစ်လာ အောင်ပင် ဇာတ်လမ်းရေးဖွဲ့ထားသည်။ ဤဝတ္ထုသည်    ၁၉၇၀   ပြည့်နှစ် အောက်တိုဘာလတွင်    ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့်ဝတ္ထုဖြစ်သည်။

 


ဂဠုန်ဆရာစံ


ဤဝတ္ထုကို  ရေးသားရာတွင် အပင် ပန်းဆုံးဖြစ်သည်ဟု        ဆရာကြီးက မှတ်ချက်ပြုထားသည့်အတိုင်း   ဖတ်ရှုရ သည့်   ကျွန်ုပ်တို့စာဖတ်သူများအတွက် များစွာ   အကျိုးကျေးဇူးများလှပါသည်။ နယ်ချဲ့တော်လှန်ရေးကြီးကို      စတင် အုတ်မြစ်ချပြီး  မီးမောင်းထိုးပေးခဲ့သော လယ်သမား သူပုန်တော်လှန်ရေးကြီး၏ ခေါင်းဆောင်ကြီး       ဆရာစံနှင့်   ၎င်း၏ ရဲဘော်ရဲဘက်များ           အကြောင်းကို ခရေစေ့တွင်းကျ သိရှိခဲ့ရသည်။ တစ်မျိုး သားလုံး၏  ဝံသာနုစိတ်ဓာတ်၊ မတရား ညှဉ်းပန်းနှိပ်စက်   သတ်ဖြတ်ခံရမှုများ၊ သူ့ကျွန်ဘဝက      လွတ်မြောက်အောင် အသက်ပေး၍    တိုက်ပွဲဝင်ခဲ့သူများကို ကွင်းကွင်းကွက်ကွက်         သရုပ်ကိုပါ မြင်တွေ့ဖတ်ရှုရသောအခါ   အလွန်ပင် မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရသည်။ ထို့ပြင် နောက်ခံသမိုင်း၊   နေရာဒေသအသေးစိတ် တို့ကို    ပြည့်စုံစွာ   ရေးဖွဲ့ထားသဖြင့် နောင်လာနောက်သား စာဖတ်ပရိသတ် များအတွက် များစွာအကျိုးကျေးဇူးဖြစ် စေပါသည်။          နယ်ချဲ့ကျူးကျော်မှုကို ရွံ့မုန်းစက်ဆုပ်ကာ တောင်ပေါ်မြေပြန့် တိုင်းရင်းသား        စည်းလုံးညီညွတ်မှု၏ အရေးပါပုံကို   မျက်ဝါးထင်ထင်  တွေ့ရှိ ရပြီး မျိုးချစ်စိတ် ထက်သန်စေပါသည်။

 


ကိုဆေးရိုးဝတ္ထုတို (၁၁) တွဲ


ပုဂံပုံနှိပ်တိုက်၏         နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ်  ထုတ်ဝေခဲ့သော ဆရာကြီး၏  ကိုဆေးရိုး  အတွဲ-၁ မှ ၁၁ အထိ     ဝတ္ထုတိုပေါင်းချုပ်စာအုပ်တွင် ဆရာကြီး     မှတ်ချက်ပြုထားသည်မှာ ‘ဤမျှလောက်  များပြားသော   ဝတ္ထုတို များကို ရေးခဲ့သူမှာ မိမိမှဟုတ်ပါလေစဟု ကိုယ့်ကိုယ်ကိုယ် အံ့သြရမိကြောင်း’ ရေး သားထားသည်။ ဆရာကြီးသည်အများ နှင့်မတူ တစ်မူထူးခြားသည်မှာ စဉ်ဆက် မပြတ် မြောက်မြားသော   စာပေအမျိုး အစားစုံလင်စွာကို    ရေးသားနိုင်သူဖြစ် သည်။ ထို့ပြင် ထိုကဲ့သို့များပြားသော ကိုဆေးရိုးဝတ္ထုတိုများကို သန္ဓေတည်ခဲ့ ရာနေရာဖြစ်သော သွေးသောက်မဂ္ဂဇင်း ကို ကျေးဇူးတင်ကြောင်း ပြောကြားထား ပြီး  ပုဂံစာအုပ်တိုက်က  ပထမတွဲမှ ဧက ဒဿမတွဲအထိ ထုတ်ဝေပြီးသော အတွဲ အားလုံးကိုစုပေါင်း၍  ကိုဆေးရိုးပေါင်း ချုပ်ကြီးကို    နှစ်ပတ်လည်အထူးထုတ် အဖြစ်၂၀၀၉ ခုနှစ်တွင် တစ်စုတစ်စည်း တည်း ထုတ်ဝေခဲ့ခြင်းကိုလည်း ကျေးဇူး တင်ကြောင်း ပြောကြားထားသည်ကို ဖတ်ရှုမှတ်သားရပါသည်။    ထိုဝတ္ထုတွဲ ကြီးတွင်   မြန်မာလူမျိုးတို့၏   မှန်ကန် ကောင်းမွန်သော         ဓလေ့ထုံးစံများ မပျောက်ပျက်အောင်၊        အညာဒေသ၏ လူမှုဘဝတို့ကို   သရုပ်မှန်ပေါ်လွင်အောင် ဇာတ်ကောင်အမည်များမှအစ   ပြော စကားများပါမကျန်  ဇာတ်ကောင်များ၏ စရိုက်များကို    ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ထားပြီး  ခေတ်နှင့်  လျော်ညီ အောင် ပုံဖော်ထားသည်။ 

 


နေမင်းတစ်ထောင် ဝတ္ထုရှည် (၈) တွဲ


အတွဲ (၁) မှ အတွဲ (၈) အထိ ထိုဝတ္ထု ရှည်ကြီးမှာ    ကုန်းဘောင်မင်းဆက် ဆဋ္ဌမမင်း (ပုဂံမင်း) လက်ထက်မှ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီအထိ      သမိုင်း ကြောင်းတစ်လျှောက်လုံး   ရေးသားထား သည်။   သမိုင်းဝင်    ဝတ္ထုရှည်ကြီးဖြစ် သည်။  မည်မျှ    သက်တမ်းကြာသည် ဆိုသော်     နှစ်ပေါင်းရာကျော်ကြာမြင့် သည်။ ပဒေသရာဇ်မင်းငါးဆက်ခေတ်၊ ကျွန်ခေတ်၊  စစ်အတွင်း ဖက်ဆစ်ခေတ်၊ လွတ်လပ်ရေးခေတ်၊ ပြည်တွင်းစစ်ခေတ်၊ မြန်မာ့ဆိုရှယ်လစ်  လမ်းစဉ်ပါတီခေတ် တို့ကို ဖြတ်သန်းရေးသားထားရာ  အမျိုး သားစိတ် အမျိုးသားအားမာန်ကို အဖေ မှသား၊ သားမှမြေး၊ မြေးမှမြစ်၊ မြစ်မှတီ အထိ         လက်ဆင့်ကမ်းနိုင်ကြောင်း စာဖတ်ပရိသတ်အနေဖြင့် ခံစားသိရှိနိုင် မည်ဖြစ်သည်။   ထို့ပြင်    စာရေးသူ၏ အမှာစာပါအတိုင်း ‘မြန်မာ့စာပေ အပိုင်း တွင် ဤဝတ္ထုရှည်ကြီးသည် ဆရာမကြီး (ဒေါ်)  ဒဂုန်ခင်ခင်လေး၏  ‘စာဆိုတော်’ ဝတ္ထုပြီးလျှင်  ဒုတိယအရှည်ဆုံး မြန်မာ ဝတ္ထုရှည်ဟူ၍ သတ်မှတ်လျှင် ရနိုင်လား ၏’ ဟု ဆိုထားပါသည်။
စာရေးသူ  ဆရာကြီးသည်  နေမင်း တစ်ထောင်ဝတ္ထုကြီးကို ၁၉၉၃ ခုနှစ်တွင် စတင်ရေးသားခဲ့ရာ ၁၂ နှစ်တာ ကာလ ကြာ ၂၀၀၅ ခုနှစ်တွင် အပြီးသတ်ခဲ့သည် ဟု  မှတ်သားရသည်။  ပုဂံပုံနှိပ်တိုက်မှ ထုတ်ဝေသော ပေါင်းချုပ်စာအုပ်၏ နိဂုံး ချုပ်အမှာစာ၌ ဆရာကြီးက ‘စည်းလုံး ခြင်း၊   ချစ်ခင်ညီညွတ်ခြင်းတို့သည် အေးမြသာယာသော   သုခချမ်းသာကို ပေးသည်နှင့်အမျှ   စည်းလုံးမှုပျက်ပြား ခြင်း၊  မချစ်ခင်  မညီညွတ်ခြင်းတို့သည် ဆိုးရွားလှ၏၊    ပူလောင်လှ၏၊    နေမင်း တစ်ထောင်၏ အပူအလျှံထက်ပင်ဆိုးရွား ပြင်းထန်၏ဟု ပြောလိုသောကြောင့် ဤ ဝတ္ထုကြီးကို  “နေမင်းတစ်ထောင်” ဟု အမည်ပေးခဲ့ကြောင်း’     ပြောကြား ထားသည်။

 


ဆရာကြီး     ထီလာစစ်သူကလည်း ‘ဤဝတ္ထုကြီးသည်        မြန်မာနိုင်ငံသို့ ကျူးကျော်စော်ကား  နယ်ချဲ့သူများအား တိုက်ခိုက်ရေး၊       နယ်ချဲ့သမားများနှင့် နယ်ချဲ့စနစ်ကို   ဆန့်ကျင်တွန်းလှန်ရေး၊ ဖက်ဆစ်ကို  ဆန့်ကျင်ရေး၊   နိုင်ငံတော် လွတ်လပ်ရေး၊ အမျိုးသားလွတ်မြောက် ရေး၊ ပြည်ထောင်စုမြန်မာနိုင်ငံ အဓွန့် ရှည်တည်တံ့ခိုင်မြဲရေး၊ အမျိုးသား လွတ် မြောက်ရေး               အရေးတော်ပုံကြီး အကြောင်းတို့ကို  ရည်ရွယ်ချက်ချမှတ်၍ တို့တာဝန်အရေးသုံးပါး၏ အဓိပ္ပာယ် အနှစ်သာရကို    သမိုင်းနောက်ခံဖြစ်ရပ် များနှင့် ဖော်ကျူးဖွဲ့နွဲ့ထားသော ပင်ကို ရေးဝတ္ထုရှည်ကြီးပင် ဖြစ်သည်။ ဤဝတ္ထု ရှည်ကြီးသည်     စာပေအဆင့်အတန်း မြင့်မားလှသည့်    ဝတ္ထုကြီးများထဲတွင် စာရင်းဝင်ဝတ္ထုရှည်ကြီးတစ်ပုဒ်လည်း ဖြစ်သည်’ ဟု ရဲရဲဝံ့ဝံ့ မှတ်ချက်ပြုကြောင်း ဖတ်ရှုရပါသည်။ 

 


ထို့ပြင် ‘ဆရာကြီး၏ ကိုဆေးရိုးဝတ္ထု တိုများသည် စာရေးဆရာကြီး မောင်ထင် ၏ ကိုဒေါင်းဝတ္ထုများ၊ ငဘဝတ္ထု၊ စာရေး ဆရာကြီး သော်တာဆွေ၏ ဘဝဇာတ် အကြောင်းဝတ္ထုများ၊   စာရေးဆရာကြီး ကြယ်နီ၏ တံငါဝတ္ထုများကဲ့သို့ သရုပ်မှန် စာပေအမျိုးအစား (ဒိဋ္ဌဓမ္မ) ၌ ပါဝင်ရပ် တည်နေကြောင်း၊ ဆရာကြီး၏  ကြီးပြင်း ရှင်သန်လာရသောဘဝ၊ မွေးဖွားနေထိုင် ရာ            ကျေးရွာလူထုလောကတို့ကို စုတ်ချက်နိုင်နိုင်ဖြင့်    ဘဝသရုပ်ဖော် ပန်းချီကားချပ်များကို  ရေးခြယ်မှုန်းနိုင် စွမ်း ရှိလေရာ ဘဝဝတ္ထုများ သရုပ်ဖော်ပုံ၊ သရုပ်သကန်တင်ပြပုံများမှာ    ပြင်သစ် စာရေးဆရာကြီး မိုပါဆွန်း၏ အရေး အသား   အဖွဲ့အနွဲ့နှင့်    ဆင်ဆင်တူ ကြောင်း၊   ၁၉၆၀   ပြည့်လွန်နှစ်များနှင့် ၁၉၇၀  ပြည့်လွန်နှစ်များက ပညာရေး တက္ကသိုလ်များသို့  မတက်ရောက်ခင် မြန်မာစာပေ  ကျွမ်းကျင်တတ်မြောက်မှု ဖြင့်    စာပေတံခွန်     စိုက်ထူခဲ့ကြရာ တွင်     ဆရာကြီး    တင့်စန်း၊     ဆရာကြီး  ဦးသော်ဇင်၊  ဆရာကြီး လင်းယုန်သစ်လွင်၊  ဆရာကြီး ငွေလင်း၊   ဆရာကြီး    ရန်ကုန်ဘဆွေ၊ ဆရာကြီး ဌေးမောင်၊ ဆရာကြီး ပါရဂူတို့ နှင့်အတူ ဆရာကြီး ဆင်ဖြူကျွန်းအောင် သိန်းလည်း   ပါဝင်ကြောင်း၊   အဆိုပါ ပညာရေးတက္ကသိုလ်များ၌    မတက် ရောက်ဘဲ ဘဝတက္ကသိုလ်ကြီး၌ အတွေ့ အကြုံများ   သင်ယူ၍   မြန်မာပင်ကို အတွေးအမြင်၊         အယူအဆများကို ဦးနှောက်ထဲ၌       မြန်မာဝတ္ထုကြီးများ ရေးသားနိုင်ခြင်းကို မီးမောင်းထိုးပြလိုက် ခြင်းဖြစ်ကြောင်း၊ ဆရာကြီး၏ ဦးနှောက် ထဲ၌ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့အတွေး အခေါ်၊ မြန်မာအယူအဆ၊  မြန်မာစရိုက်၊ မြန်မာဓလေ့ထုံးစံတို့ဖြင့်   ပြည့်လျှမ်း လျက်ရှိပြီး နှစ်ပေါင်း (၇၀) ကြာ မြန်မာ စာပေလောက၌   ရပ်တည်နေနိုင်သူ ဖြစ်ကြောင်း’ ဆရာကြီး ထီလာစစ်သူ၏ နေမင်းတစ်ထောင် ဝတ္ထုရှည်ကြီးအပေါ်   ခံစားသုံးသပ်တင်ပြရာတွင်  ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်းအကြောင်း ပြည့်စုံစွာ    ချီးမွမ်းထောမနာပြုထား သည်ကို   ကောက်နုတ်မှတ်သားရပါ သည်။

 


မျိုးဆက်သစ်
လူငယ်များအတွက် အမွေ


အမှောင်ခွင်း၍   အလင်းဆောင်အံ့ (Light, where Darkness was) ဟူသည့် ဆောင်ပုဒ်ဖြင့်         တည်ထောင်ခဲ့သော စာပေဗိမာန်ကြီး၏  စာတည်းဌာနတွင် ကျွန်မသည်  အယ်ဒီတာအဖြစ်   ကျရာ ကဏ္ဍမှ ထမ်းဆောင်ခွင့်ရသဖြင့် ဂုဏ်ယူ ဝမ်းမြောက်မိသည့်အပြင်   ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်းကဲ့သို့ စာပေ ပညာရှင်ကြီးသည်    စာရေးသားခြင်း သာမက မဂ္ဂဇင်း၊   ဂျာနယ်၊   စာစောင်များ တွင် အယ်ဒီတာတာဝန်ကို  ထမ်းဆောင် ခဲ့ကြောင်း   သိရှိရ၍   မိမိ၏ အသက် မွေးဝမ်းကျောင်း အလုပ်ကို ပို၍ ဂုဏ်ယူ အားတက်လျက်     စိတ်ဓာတ်ခွန်အားများ ဆတက်တိုးပွားလာခဲ့သည်။ ထို့ကြောင့် ဆရာကြီး   ကွယ်လွန်ခြင်းမှာ    စာပေ လောကအတွက်သာမက      မိမိကဲ့သို့ စာပေလေ့လာသူ   လူငယ်လက်သစ်များ အတွက်ပါ  ဆုံးရှုံးနစ်နာမှုကြီးဖြစ်ခဲ့ကာ စွယ်စုံရပညာရှင်   ဆရာကြီးထံ     ရှိခိုး ပူဇော်ခွင့်၊    ကိုယ်တိုင်တွေ့ဆုံခွင့်နှင့် ဆိုဆုံးမနာယူခွင့်    မရရှိကြတော့ပေ။ သို့သော်   ဆရာကြီးကို  စံနမူနာယူ၍ ကြိုးစားရမည်ဖြစ်ပါသည်။ 
ဆရာကြီး၏   တန်ဖိုးဖြတ်အနဂ္ဂ ထိုက်တန်သော  ရသစုံစာပေဟင်းလေး အိုးကြီးထဲမှ   မြောက်မြားစွာသော အတတ်ပညာ၊ အသိပညာ၊ ဘာသာရေး ဆိုင်ရာ  ဗဟုသုတများ၊  အတွေးအခေါ် များသာမက       မြန်မာ့သမိုင်းကြောင်း အရပ်ရပ်ကို   နောက်ခံသမိုင်းအခိုင်အမာ ဖတ်ရှုမှတ်သားနိုင်သည့်အပြင် ဆရာကြီး လက်ဆင့်ကမ်းအမွေထားခဲ့သော သမိုင်း နောက်ခံရသဝတ္ထုများကို ဖတ်ရှုပြီး မျိုး ချစ်စိတ် ဇာတိသွေး ဇာတိမာန် ထက်သန် လာစေခဲ့ပါသည်။ 

 


အမျိုးသားစာပေ       တစ်သက်တာ ဆုရှင် ဆရာကြီးသည် ထိုကဲ့သို့ ဝံသာနု စိတ်ကို  အခြေတည်သော  မျိုးချစ်စိတ် ထက်သန်စေသည့် နိုင်ငံရေးစာပေများ၊ မိဘမေတ္တာဖော်ကျူးသည့် ဝတ္ထုတိုများ၊ ဗုဒ္ဓစာပေများ၊ ဓလေ့ထုံးတမ်းစဉ်လာများ အကြောင်း  ရေးဖွဲ့ထားသော  စာပေများ၊ သရော်စာပေများ၊    လူငယ်ဘဝဇာတ် ကြောင်းများ၊    ဇာတိသွေးဇာတိမာန် တက်ကြွစေသော   စာပေများ၊   ဂန္ထဝင် မြောက် ပင်ကိုရေးဝတ္ထုများနှင့် အညာ ဒေသနောက်ခံစာပေများ၊ ရိုးရာပုံပြင်များ စသည် စသည်တို့ကို ကဗျာ၊ ဆောင်းပါး၊ စကားပြေ၊ ပြဇာတ်၊ ဝတ္ထုတို၊ ဝတ္ထုရှည်တို့ ဖြင့်   စုံလင်စွာ   ခြယ်မှုန်းရေးသားခဲ့သည့် နည်းတူ     ၄-၇-၁၉၇ဝ     ရက်ထုတ်   ရွှေသွေးဂျာနယ် အတွဲ-၂၊ အမှတ် ၂၇ တွင်လည်း ကလေးသူငယ်များ ငယ်ရွယ် စဉ်ကပင် မျိုးချစ်စိတ် ထက်သန်စေရန် အတွက် ပန်းချီ ဆရာဦးအေးတင် သရုပ် ဖော်ထားသော ဂဠုန်ဆရာစံ ဇာတ်လမ်း ကာတွန်းကို ရေးဖွဲ့ခဲ့သည်။ ကလေးငယ် များ ငယ်စဉ်ကတည်းက စာဖတ်သည့် အလေ့အကျင့်ရလာစေရန်၊ ရသ အတွေး များဖြင့် စိတ်ခွန်အားရရှိပြီး နှလုံးသား လေးများ ပြည့်ဝနူးညံ့လာစေရန်အတွက် ပုံပြင်များ၊ ဒဏ္ဍာရီများ စသည့်ကလေး စာပေများကို   မပြတ်မလပ်  ရေးသားခဲ့ သည်။ ဂန္ထဝင်မြန်မာ့ရိုးရာဒဏ္ဍာရီများ၊ မြန်မာ့ရိုးရာ ပုံပြင်စာအုပ်များကို ဖတ်ရှု၍ မြန်မာ့ဓလေ့            ရိုးရာများကိုလည်း မပျောက်ပျက်အောင် လက်ဆင့်ကမ်းပေး ထားသည်။ ထို့ပြင် ကလောင်သွေးသူ များ   လေ့လာနိုင်ရန်အတွက်   ‘စာရေး နည်းလမ်းညွှန်’ (ကလောင်စုံ) စာအုပ် တွင် လမ်းညွှန်များ ပို့ချပေးထားသည်ကို ဖတ်ရှုရပါသည်။       အရွယ်သုံးပါးလုံး အတွက် စာပေအမျိုးအစားစုံ ရေးသားခဲ့ သည်။ ဆရာကြီးသည် ထိုထိုသော စာပေ မျိုးစုံ၊  လူနေမှုဘဝသရုပ်များ၊  သမိုင်း ကြောင်းများကို ပိုင်နိုင်စွာ စုတ်ချက်ပီပီ ရေးသားနိုင်သည့်       တစ်ဦးတည်းသော စွယ်စုံရစာရေးဆရာကြီး ဖြစ်ပေသည်။ ထို့ကြောင့်   ကျွန်မသည်   ဆရာကြီး အကြောင်းကို ရေးသားရန် မည်သို့ပင် မချင့်မရဲဖြစ်စေခဲ့ကာမူ   ရေးသားခွင့်ရ သည့်အတွက် အစဉ်မမေ့ ဂုဏ်ယူမဆုံး ဖြစ်ရပါသည်။ 

 


ကျေးဇူးပြုခွင့်ရခြင်း


ယခုအခါ       စာပေဗိမာန်ထုတ် စာကောင်းစာမွန်များကို    ပြန်လည် ထုတ်ဝေရန်   အစီအစဉ်ဖြင့်  ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း၏ ကျေးလက် ရိုးရာ     မြန်မာမှုဓလေ့များ   စာအုပ်၊ ဆရာကြီး ပါဝင်ရေးသားထားသည့် ရိုးရာ ပုံပြင် စာပေစာတမ်းများစာအုပ်နှင့် ဝတ္ထု တိုစာတမ်းများစာအုပ်တို့ကို  ပြန်လည် ရိုက်နှိပ်ထုတ်ဝေကာ          ဆရာကြီး၏  ပညာ အမွေကို    လက်ဆင့်ကမ်းဝေမျှလျက် စာပေဗိမာန်မိသားစုမှ   ဦးထိပ်ပန်ဆင် ကန်တော့လိုက်ရပါသည်။ ဆရာကြီးကို ကိုယ်တိုင်ကိုယ်ကျ ဂါရဝပြုခွင့်မရလိုက် သော်လည်း ဆရာကြီး၏ အနုပညာစာပေ အမွေများကို  ဤဆောင်းပါးဖြင့်   ဂုဏ်ပြု ရေးသားလိုက်ရပါတော့သည်။
ရည်ညွှန်းကိုးကား 


၁။    မြန်မာစာပေအဘိဓာန် (မလိခ) 
၂။    ကိုဆေးရိုးကို    ဖန်တီးသူ၊  ဘဝ သရုပ်ဖော်       သက်တော်ရှည် စာရေးဆရာကြီး ဆင်ဖြူကျွန်း အောင်သိန်း၊ စံတော်ချိန် သတင်း စာ၊   (၄-၇-၂၀၂၁)   (ဆရာ မောင်ခေတ်ထွန်း)
၃။    မြန်မာဝတ္ထုအညွှန်း (မလိခ) 
၄။    စာရေးဆရာကြီး ဆင်ဖြူကျွန်း အောင်သိန်း   (၁၉၂၈-၂၀၂၁)၊  မြန်မာ့အလင်း         သတင်းစာ      (၁၆-၇-၂၀၂၁)
၅။        နှစ်ဆယ်ရာစု   မြန်မာစာရေး ဆရာများနှင့်   စာစုစာရင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန (၂၀၀၃)
၆။        ၁၉၉၀၊ ၁၉၉၆၊ ၂၀၀၅ ခုနှစ်များ အတွက်   အမျိုးသားစာပေဆု လက်ကမ်းစာအုပ်များ
၇။        ဆရာကြီး  ဆင်ဖြူကျွန်းအောင် သိန်း                ရေးသားခဲ့သော စာအုပ်များ
၈။        ဆရာ   မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၏ ကျွန်တော် နှင့် စာရေးဆရာများ၊ လူမှုကွန် ရက်စာမျက်နှာ   (ကနောင်စက်မှု စီးပွားဂျာနယ်)
၉။        မှတ်တမ်း          ဓာတ်ပုံများကို အင်တာနက်          စာမျက်နှာမှ အသုံးပြုထားခြင်း          ဖြစ်ပါ သည်။