
ကေတီတေလာသည် မေ ၂၀ ရက်တွင် ဒဗ္ဗလင်၌ ၎င်းရွေးချယ်ထားသော ဝိတ် တန်းတွင် ထိုးသတ်မည့်ပွဲစဉ်အတွက် ချန် တဲလ်လီ ကာမီရွန်ကို စိန်ခေါ်လိုက်သည်။
တေလာသည် ဒူဘလင်ရှိ ၃ အရီနာ အားကစားကွင်း၌ အေမန်ဒါ ဆာရာနိုနှင့် ကမ္ဘာ့လိုက်ဝိတ်တန်းချန်ပီယံဆုအတွက် မကျေပွဲထိုးသတ်ရန် သတ်မှတ်ထားသော် လည်း ပြိုင်ဘက်ပွာတိုရီကိုလက်ဝှေ့မယ် မှာ ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ကြောင်း သိရသည်။
တေလာသည် ကမ္ဘာ့လိုက်ဝဲလ်တာ ဝိတ်ချန်ပီယံ ကာမီရွန်ကို ကြာသပတေး နေ့က အင်စတာဂရမ်တွင် ရေးသားကာ စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။ တေလာသည် လက်ဝှေ့လောကတွင် ၂၂ ပွဲ ထိုးသတ် ထားကာ ခြောက်ပွဲ အလဲထိုး အပါအဝင် ၂၂ ပွဲစလုံးအနိုင်ရရှိထားသူဖြစ်သည်။
ကာမီရွန်ကလည်း လက်ဝှေ့လောက တွင် ၁၇ ပွဲ ထိုးသတ်ထားပြီး ၁၇ ပွဲစလုံး နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားနိုင်သည်။ အဆိုပါ နိုင်ပွဲ ၁၇ ပွဲထဲမှ ရှစ်ပွဲမှာ ပြိုင်ဘက် ကို အလဲထိုးခြင်းဖြင့် အနိုင်ရရှိထားသည်။
ထို့ကြောင့် လက်ဝှေ့လောကတွင် မှတ်တမ်းကောင်းများ ပိုင်ဆိုင်ထားသည့် တေလာနှင့် ကာမီရွန်တို့၏ပွဲစဉ် ဖြစ် မြောက်လာမလား စောင့်ကြည့်ရမည် ဖြစ်သည်။
မိုးဇက်