
ဒဗလျူဘီစီ ဟဲဗီးဝိတ်ချန်ပီယံ ဒီယွန်တေ ဝိုင်ဒါဟာ လွန်ခဲ့တဲ့ သီတင်းပတ်အကုန်က ဗြိတိန် ကစားသမား တိုင်ဆန်ဖျူရီနဲ့ ယှဉ်ပြိုင် ထိုးသတ်ပွဲအပြီးမှာ သူ့ရဲ့ညာဘက်လက် ခွဲစိတ်မှုခံယူရမယ်လို့ သူ့ရဲ့ ပူးတွဲ မန်နေဂျာက ESPN ရုပ်သံကို ပြောကြား ခဲ့ပါတယ်။
ဗြိတိန်လက်ဝှေ့ကျော် ဖျူရီဟာ အောက်တိုဘာ ၉ ရက်က ပြုလုပ်တဲ့ လက်ဝှေ့ပွဲ ၁၁ ချီမြောက်မှာ အမေရိကန် ကစားသမား ဝိုင်ဒါကို အနိုင်ရရှိပြီး သူ့ရဲ့ ဒဗလျူဘီစီ ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။
မန်နေဂျာ ရှယ်လီဖင်ကယ်လ်က ဝိုင်ဒါဟာ အရိုးကျိုးခဲ့တာကြောင့် သူ့ရဲ့ ညာဘက်လက်ခွဲစိတ်ရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ သူဟာ လက်နာနေတဲ့ အတွက် တတိယအချီမှာ အားမမျှ တော့ဘဲ ရှုံးနိမ့်ခဲ့ရတာဖြစ်တယ်လို့ ဖင် ကယ်လ်က ပြောခဲ့ပါတယ်။
ဝိုင်ဒါက အရင်တုန်းကတော့ အနား ယူဖို့အစီအစဉ်မရှိဘူးလို့ ပြောခဲ့ပါတယ်။
“ကျွန်တော်တို့ အနိုင်မရခဲ့ပါဘူး။ ဒါပေမယ့်လည်း ပညာရှိတစ်ဦး ပြောတာကတော့ အောင်မြင်မှုဆိုတာ သင်ခန်းစာတွေထဲမှာရှိတာပါ”လို့ ဝိုင်ဒါ က ပြောခဲ့ပါတယ်။
လင်းခေတ်ဆန်