ဒေါပုံ၊ သန်လျင်၊ တာမွေ၊ ရွာငံနှင့် တန့်ယန်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ   ၁၃ 


မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ဝင်များ    ပါဝင်သော   ပူးပေါင်းအဖွဲ့သည်      ဇန်နဝါရီ  ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဒေါပုံ မြို့နယ်       နွယ်အေးရပ်ကွက် ဦးစိန်ကျော်   လမ်းမပေါ်တွင်  မင်းမင်းထွန်း (ခ) အလီယာကဒ် ကို    မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊  ထို့အတူ ယင်းနေ့ မွန်းလွဲ ၁ နာရီ ခွဲတွင်   မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် သန်လျင် မြို့နယ်    မြို့ဟောင်း   (အရှေ့) ရပ်ကွက် သစ်စက်လမ်း တံတား ဖြူအနီးတွင် ယဉ်ထွေး မောင်းနှင် လာသည့် ဆိုင်ကယ်ကို စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊  ထို့ပြင် ယင်းနေ့   ညနေ   ၆    နာရီတွင်  မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်း ရေး  ရဲတပ်ဖွဲ့ဝင်များ  ပါဝင်သော    ပူးပေါင်းအဖွဲ့သည်     တာမွေ မြို့နယ်     မာန်အောင်ရပ်ကွက် လေးထောင့်ကန်    လမ်းမကြီးရှိ ကုန်တိုက်နောက်ကျော     ကား ပါကင်အနီးတွင်  ပြည့်ဖြိုးမောင် မောင်းနှင်ပြီး    အောင်ကျော်ဆန်း (ခ)   ဖြိုးကို      လိုက်ပါလာသည့် TOYOTA SUCCEED အမျိုးအစား မော်တော်ယာဉ်နှင့် မနီနီဝင်း (ခ)မနီ မောင်းနှင်ပြီး စည်သူ လိုက်ပါ လာသည့်   TOYOTA   PROBOX အမျိုးအစား        မော်တော်ယာဉ် နှစ်စီးတို့ကို    စစ်ဆေးရှာဖွေရာ အိုက်စ် ၁ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၈၀၀ ကိုလည်းကောင်း။

 


ထို့အတူ   ယင်းနေ့   ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး  ရဲတပ်ဖွဲ့ဝင်များ ပါဝင် သော  ပူးပေါင်းအဖွဲ့သည်   ရွာငံ မြို့နယ်       ရွာငံ-ဟံမြင့်မိုရ်သွား ကားလမ်း      ကျောက်ကူပြင် ကျေးရွာအုပ်စု  ကျောက်ကူပြင် ကျေးရွာအနီးတွင် ခင်စောမောင်    မောင်းနှင်လာသည့်  မော်တော် ယာဉ်ကို         စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၂၀၀၀  ကိုလည်းကောင်း၊      ထို့အတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် တွင်    မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ  ပါဝင် သော ပူးပေါင်းအဖွဲ့သည် တန့်ယန်း မြို့   အမှတ်   (၂)   ရပ်ကွက် လေယာဉ်ကွင်း ဟောင်းလမ်းတွင်    မနန်းခမ်းလူကို     ဆိုင်ကယ်တစ်စီး နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ကို  လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့်   ၎င်းတို့ ကို မူးယစ်ဆေးဝါးနှင့်  စိတ်ကို ပြောင်းလဲစေသော   ဆေးဝါးများ ဆိုင်ရာဥပဒေအရ  အရေးယူထား ကြောင်း သိရသည်။ 

 

ရဲပြန်ကြား