ဒေသခံပြည်သူတို့၏ သတင်းပေးချက်အရ လွိုင်ကော်မြို့ နောင်ယား(ခ)ရပ်ကွက် ခရစ်တော်ဘုရင် ဗဟိုဘုရားရှိခိုးကျောင်းတွင် တရားမဝင်ဆေးကုသသူများ ဖမ်းဆီးရမိ

‌နေပြည်တော်    နိုဝင်ဘာ   ၂၃ 


တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကို လိုလား သော  ဒေသခံပြည်သူတို့၏  သတင်းပေးချက်အရ လွိုင်ကော်မြို့ နောင်ယား(ခ)ရပ်ကွက် ခရစ်တော် ဘုရင်ဗဟိုဘုရားရှိခိုးကျောင်းတွင်   အကြမ်းဖက် အဖွဲ့အစည်းမှ   ဒဏ်ရာရသူများ၊   ကျန်းမာရေး မကောင်းသူများအား တရားမဝင် ဆေးကုသမှုများ  ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသဖြင့် နယ်မြေခံ တပ်မှ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၂ ရက် နံနက် ၉ နာရီခွဲတွင် သွားရောက်စစ်ဆေးခဲ့သည်။


ထိုသို့စစ်ဆေးရာ ခရစ်တော်ဘုရင်ဗဟိုဘုရား ရှိခိုးကျောင်းအတွင်း  ဂရုဏာဆေးခန်းအမည်ဖြင့်  တရားမဝင်ဆေးခန်းတစ်ခုအား     တွေ့ရှိခဲ့သည်။ အဆိုပါဆေးခန်း၌ ဖာသာချဲလ်ဆိုဘရွှေ၊ လွိုင်ကော် ကက်သလစ်သာသနာခေတ္တဂိုဏ်းအုပ် အပါအဝင်  ဖာသာ ၁၃ ဦး၊ စစ္စတာ ၁၃ ဦးတို့အား တွေ့ရှိရသည့် အပြင် တရားမဝင်ဆေးကုသပေးနေသည့် ဆရာဝန် လေးဦး၊  သူနာပြု လေးဦး၊ သူနာပြုအကူ ၁၀ ဦး စုစုပေါင်း ၁၈ ဦးတို့အား   တရားမဝင် ခွဲစိတ်ခန်း တစ်ခု၊ တရားမဝင် ဆေးကုသလူနာ အမျိုးသား ၂၀၊ အမျိုးသမီး ၂၁ ဦးနှင့် ကိုဗစ်လူနာ အမျိုးသား လေးဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်းလူနာ ၄၈ ဦးနှင့်အတူ စစ်ဆေးတွေ့ရှိရသည်။  ထို့ပြင် ဘုရားကျောင်း ဝင်းအတွင်း ရပ်တန့်ထားသော လိုင်စင်မဲ့ မော်တော် ယာဉ် လေးစီးအပါအဝင် ယာဉ်မျိုးစုံ ၁၄ စီးတို့အား စစ်ဆေးတွေ့ရှိခဲ့သည်။


စစ်ဆေးတွေ့ရှိရသည့် ဆရာဝန်၊ သူနာပြုများ အား ပဏာမစစ်ဆေးချက်အရ ၎င်းတို့အနက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် CDM ပြုလုပ်ခဲ့သော မြို့နယ် ကုသရေးဦးစီးဌာနမှ  ဆရာဝန်  နှစ်ဦး၊  လွိုင်ကော် ပြည်သူ့ဆေးရုံမှ သူနာပြု လေးဦး၊ CDM ပြုလုပ်ခြင်း မရှိဘဲ အခကြေးငွေရယူ၍ တရားမဝင်အချိန်ပိုင်း  သွားရောက်လုပ်ကိုင်သူ လွိုင်ကော်ပြည်သူ့ဆေးရုံမှ သူနာပြုအကူ ၁၀ ဦး ပါဝင်ကြောင်း၊ CDM ပြုလုပ်ခဲ့ သည့် ဆရာဝန်များနှင့် သူနာပြုများမှာ မတ်လတွင် ပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ထားခြင်းခံရသူများ ဖြစ်ပြီး        ထွက်ပြေးတိမ်းရှောင်လျက်ရှိသူများ ဖြစ်ကြောင်း  စစ်ဆေးတွေ့ရှိရသဖြင့်  ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် တရားမဝင် ဆေးကုသမှု ခံယူနေသော လူနာ ၄၈ ဦးအား မွန်းလွဲ ၁ နာရီခန့်တွင် လွိုင်ကော်မြို့ရှိ    ပြည်သူ့ဆေးရုံသို့   စနစ်တကျ လွှဲပြောင်းပို့ဆောင်၍    ဆေးကုသမှုပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်
‌n