ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများကို အကြမ်းဖက်သမားများက ရိုက်ခွဲဖျက်ဆီးခြင်း၊ သင်ထောက်ကူပစ္စည်းများခိုးယူခြင်းနှင့် ခြိမ်းခြောက်စာသားရေးသားခြင်းများပြုလုပ်

 

နေပြည်တော်  ဇန်နဝါရီ   ၂၆


နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအခန်း ကဏ္ဍမှပါဝင်ပြီး လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရည်မြင့်မားရေးမှာ အရေး အကြီးဆုံးဖြစ်သောကြောင့်  နိုင်ငံတော်အစိုးရအနေဖြင့်  ပညာရေးကဏ္ဍ  မြင့်မားတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် စာသင်ကျောင်းများ တည်ဆောက်ပြုပြင်ပေးခြင်း၊ သင်ထောက်ကူပစ္စည်း များ ဖြည့်တင်းပေးခြင်း၊ အရည်အချင်းပြည့်ဝသည့် ဆရာ ဆရာမများ မွေးထုတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် အနာဂတ်မျိုးဆက်သစ်လူငယ်များ ကျောင်းနေပျော်ရေးနှင့် ပညာ သင်ကြားရေးတွင် စိတ်ဝင်စားမှုရှိစေရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ ဆရာ ဆရာမများနှင့် မိဘအုပ်ထိန်း သူများက ညီညွတ်မျှတစွာ ထိန်းမတ်ဆောင်ရွက်ပေးလျက်ရှိသည်။ 

 


ထိုသို့ နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ်အတွက်     အရေး အကြီးဆုံးဖြစ်သော   ပညာရည် မြင့်မားရေးကို  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေမှုအပေါ် အကြမ်း ဖက်  အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အကြမ်း ဖက်သမားများသည် အနန္တဂိုဏ်း ဝင် ဆရာ ဆရာမများကို ရက်စက် ယုတ်မာစွာ          အကြမ်းဖက် သတ်ဖြတ်ခြင်းများ   ဆောင်ရွက် လျက်ရှိသည့်အပြင်      ပညာရေး ကဏ္ဍအတွက်   အဓိကကျသော အခြေခံအဆောက်အဦများ ဖြစ် သည့်      စာသင်ကျောင်းများနှင့် ပညာရေးအဆောက်အဦများကို ဖျက်ဆီးခြင်းများ  အသိတရားမဲ့ စွာ  လုပ်ဆောင်လျက်ရှိသည်။

 


ယင်းသို့ လုပ်ဆောင်လျက်ရှိ ရာ  ဇန်နဝါရီ   ၂၃ ရက်   မွန်းလွဲ ၁၂   နာရီခွဲခန့်တွင်    ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ ပိုင်း)မြို့နယ် အမှတ်(၁)ရပ်ကွက် ဗိုလ်ဘစိုးလမ်းနှင့်   ညောင်ဦးဖီး လမ်းထောင့်ရှိ အမှတ်(၄)အခြေခံ ပညာမူလတန်းကျောင်းအတွင်းရှိ ကျောင်းအုပ်ကြီးရုံးခန်း  ပြတင်း ပေါက်များအား    အကြမ်းဖက် သမားများက  ရိုက်ခွဲဖျက်ဆီး၍ ရုံးခန်းအတွင်းသို့ဝင်ရောက်ကာ သင်ထောက်ကူ  ပစ္စည်းများအား ခိုးယူခြင်း၊     ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 


အလားတူ မွန်းလွဲ ၁ နာရီခန့် တွင် အမှတ်(၄)ရပ်ကွက် အနော် ရထာလမ်း   အမှတ်(၁) အခြေခံ ပညာမူလတန်းကျောင်းရှိကျောင်း အုပ်ကြီးရုံးခန်း     ပြတင်းပေါက် များအား အကြမ်းဖက်သမားများ ကရိုက်ခွဲဖျက်ဆီး၍ ရုံးခန်းအတွင်း သို့ ဝင်ရောက်ကာ ခြိမ်းခြောက်စာ ရေးသားပြီး စာရွက်စာတမ်းများ နှင့် ကျောင်းသုံးပရိဘောဂပစ္စည်း များ      ဖြန့်ကြဲဖျက်ဆီးထားခဲ့ ကြောင်း သိရှိရသည်။

 


အထက်ပါ    စာသင်ကျောင်း များအတွင်းသို့ ဝင်ရောက်ဖျက်ဆီး ခြင်း၊  ခိုးယူခြင်းနှင့် ခြိမ်းခြောက်စာရေးသားခဲ့သူများကို   လုံခြုံ ရေးတပ်ဖွဲ့ဝင်များက  အမြန်ဆုံး ဖမ်းဆီးရမိရေးနှင့် တရားဥပဒေ နှင့်အညီ အရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။                    

သတင်းစဉ်