ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အပြစ်မဲ့ပြည်သူတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် တရားခံကို ဖမ်းဆီးရမိ

 

နေပြည်တော်  ဇူလိုင်   ၈


နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေလိုသူ အကြမ်း  ဖက်အဖွဲ့များအနေဖြင့်   လူငယ် များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက် သင်တန်းများ တက်ရောက်စေပြီး အများပြည်သူလူထု   သွားလာ လှုပ်ရှားလျက်ရှိသည့်    နေရာများ ကို   မိုင်းထောင်တိုက်ခိုက်ခြင်း၊ အစိုးရ၏      အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်       ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း၊    ကလေး သူငယ်များ၏         ပညာရေးကို ထိခိုက်စေရန်  စာသင်ကျောင်း များအား        မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာ ထောက်ထားမှု မရှိဘဲ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်နေမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက   ဖမ်း ဆီးထိန်းသိမ်းနိုင်ရေး     ဆောင် ရွက်လျက်ရှိရာ    ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းတွင်       ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၌   အပြစ်မဲ့ ပြည်သူတစ်ဦးကို     အကြမ်းဖက် အဖွဲ့ဝင်နှစ်ဦးက         ပစ္စတိုဖြင့် ပစ်ခတ်ခဲ့သဖြင့်        လှည့်ကင်း ဆောင်ရွက်နေသော    လုံခြုံရေး အဖွဲ့မှ လုံးထွေးသတ်ပုတ်ဖမ်းဆီး ခဲ့ရာ   ပြည်သူတစ်ဦးနှင့် ရဲတပ်ဖွဲ့ ဝင်တစ်ဦး    ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကာ    တရားခံအောင်မျိုးမင်းအား ၉ မမ ပစ္စတိုတစ်လက်၊ ၎င်းကျည် ရှစ်တောင့်နှင့်အတူ   ဖမ်းဆီးရမိခဲ့ ပြီး တရားခံ သန့်ဇင်မှာ   ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။


တရားခံ    အောင်မျိုးမင်း၏ ထွက်ဆိုချက်အရ    လုံခြုံရေးအဖွဲ့ ဖြင့်      သာကေတမြို့နယ်၊ ၂/မြောက်ရပ်ကွက်၊ အနော်မာ(၁၈)လမ်းရှိ   နေအိမ်ကို    ဝင်ရောက် ရှာဖွေခဲ့ရာ  ကျော်ထက်အောင် (၁၉)နှစ်၊     အောင်ကျော်မျိုး(၂၉)နှစ်၊     ဇော်မိုးအောင်(၅၂)နှစ်၊   စန်းစန်းမော် (၅၂)နှစ်၊ သန်းသန်း ထွေး(၅၀)နှစ်တို့ကို    လက်လုပ် ဂက်စ်သေနတ်     သုံးလက်၊    သစ်သားဒူးလေးနှစ်လက်၊  အခြား ခုခံပစ္စည်းများနှင့်အတူ     ဖမ်းဆီး ရမိခဲ့ကြောင်းနှင့်   သာကေတ မြို့နယ်နှင့်     ဒေါပုံမြို့နယ်များ အတွင်း     ဆူပူအကြမ်းဖက်မှု၊      အဖျက်လုပ်ငန်းများ   ဆောင်ရွက် ရန်နှင့် ဒလန်/ သတင်း  ပေးဆိုသူ များကို     လုပ်ကြံသတ်ဖြတ်ရန် အတွက်  သောကြာဦးဆောင်သော အဖွဲ့အား   NUG အဖွဲ့မှ   လက်နက် များ ထောက်ပံ့ပေးထားကြောင်း            သိရှိရပြီး   သောကြာဆိုသူက ဒလန်/ သတင်း ပေးဆိုသူများကို      လုပ်ကြံ      သတ်ဖြတ်နိုင်ပါက  ငွေကျပ်နှစ်သိန်း    ပေးမည်ဟု    ပြောဆိုခဲ့သောကြောင့် ဖမ်းဆီးရမိ တရားခံအောင်မျိုးမင်းမှာ    ငွေ ကြေးရယူလိုမှုအတွက် သောကြာ ထံမှ    လက်နက်ရယူကာ ယခုကဲ့ သို့ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


ထိုသို့    လုပ်ကြံသတ်ဖြတ်ရန် အတွက်    ဖမ်းဆီးရမိတရားခံ အောင်မျိုးမင်းသည် ဇွဲညီ၊ သန့်ဇင် နှင့်အတူ          ကားတစ်စီးဖြင့် လည်းကောင်း၊     Roman နှင့် ဆက်ပိုင်တို့သည်    အခြားကား တစ်စီးဖြင့်           လည်းကောင်း၊ အာကာလေးသည်   ဆိုင်ကယ်ဖြင့် လည်းကောင်း   လာရောက်ခဲ့ခြင်း ဖြစ်ပြီး   စံပယ်လမ်းထိပ်နှင့် ၈၄ ကားဂိတ်ထိပ်တွင်   ကားနှစ်စီးမှ အသင့်         စောင့်ဆိုင်းနေခဲ့ပြီး ဖမ်းဆီးရမိတရားခံ အောင်မျိုးမင်း နှင့်   သန့်ဇင်မှာ     ဆိုင်ကယ်ဖြင့် လာရောက်    လုပ်ကြံသတ်ဖြတ် ခြင်းဖြစ်ကြောင်း၊    ပြစ်မှုကျူးလွန် ရာ တွင်        ပါဝင်သူများဖြစ်သော  သန့်ဇင်၊    Roman၊    ဆက်ပိုင်၊ ဇွဲညီနှင့် အာကာလေးတို့မှာ ထွက် ပြေးလွတ်မြောက်ဆဲ  ဖြစ်ကြောင်း သိရှိရသည်။


သို့ဖြစ်ပါ၍   နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေ စိုးမိုးရေးကို    ထိခိုက်ပျက်ပြား အောင်   အဖျက်အမှောင့်လုပ်ငန်း များ လုပ်ဆောင်ခဲ့သည့်   တရားခံ ကို    ဖမ်းဆီးနိုင်ခဲ့ပြီး    ၎င်းတို့ကို ဥပဒေအရ   ထိရောက်စွာအရေးယူ သွားမည်        ဖြစ်ကြောင်းနှင့် ဆက်စပ်သူများအား    အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက်   ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများရရှိပါက   သက်ဆိုင်ရာသို့    လျှို့ဝှက်စွာ   သတင်းပေး    တိုင်ကြားနိုင်ပါ ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ် ရေးအတွက်    ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်         ကြိုးပမ်း   ဆောင်ရွက်နိုင်ပါရန်  မေတ္တာရပ်ခံ    အသိပေးထား ကြောင်းသိရသည်။        


   သတင်းစဉ်