
နေပြည်တော် နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၃၈ ရပ်ကွက် တပင်ရွှေထီးလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ အိမ်အမှတ် (၂၂) ၌ လက်လုပ်မိုင်းစမ်းသပ်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံး ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၃၈ ရပ်ကွက် တပင် ရွှေထီးလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ အိမ်အမှတ် (၂၂) ၌ ယနေ့ နံနက် ၉ နာရီခန့်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်အပေါ်ထပ် ၌ ဂျွန်ဇန်ဗန်ဗျက်လာ(ဘ)ဦးငွန်ဇလျန်၊ အသက် (၁၇ နှစ်)၊ ကျော်သီဟ (ဘ) ဦးသူရကျော်ခေါင်၊ အသက် (၁၇ နှစ်)နှင့် အောင်ခန့်ပိုင်(ဘ)ဦးရဲအောင်၊ အသက်(၁၇ နှစ်)တို့တွင် ပြင်းထန်မိုင်းစထိမှန်ဒဏ်ရာများဖြင့် တွေ့ရှိခဲ့သဖြင့် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေခဲ့သော်လည်း ကျော်သီဟသည် ရရှိဒဏ်ရာများ ဖြင့် သေဆုံးသွားခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းတို့သုံးဦးသည် ဂျွန်ဇန်ဗန်ဗျက်လာ၏ နေအိမ်၌ လက်လုပ်မိုင်း စမ်းသပ်မှုများပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၃၇) ရပ်ကွက် သုခလမ်း အိမ်အမှတ် (၄၇) ရှိ ကျော်သီဟ၏ နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ နေအိမ် အတွင်းမှ ၁၂ ဗို့ကျည် ၂၆ တောင့်၊ ဖိုက်ဘာဦးထုပ်ခြောက်လုံး၊ လက်ရိုက် တုတ်တစ်ချောင်းနှင့် အကြမ်းဖက်မှုပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိသူများအား လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သေဆုံးမှုနှင့်ပတ်သက် ၍ သက်ဆိုင်ရာမှ သေမှုသေခင်းဖွင့်လှစ်၍ လိုအပ်သည်များ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်