ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လျှပ်စစ်ဝန်ထမ်းအယောင်ဆောင်သူ သုံးဦးက မီတာပြင်ဆင်စရိတ် လိမ်လည်ရယူသွားသဖြင့် အမှုဖွင့်အရေးယူထား

 

‌နေပြည်တော်  အောက်တိုဘာ  ၂၀


ရန်ကုန်တိုင်းဒေသကြီး        ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌      အောက်တိုဘာ ၁၈ ရက်က လျှပ်စစ်ဝန်ထမ်းအဖြစ်မှ ထုတ်ပယ် ခြင်းခံရသူက မြို့နယ်အတွင်း လျှပ်စစ်ဝန်ထမ်း အယောင်ဆောင်ကာ   မီတာပြင်ဆင်စရိတ် လိမ်လည်ရယူသွားသဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် နံနက် ၁၁နာရီတွင် (၅၄)ရပ်ကွက်နေ ဒေါ်တူးတူးမာ ၏ နေအိမ်၌   တပ်ဆင်ထားသော   မီတာကို ၂၀၁၂ ခုနှစ်တွင် လျှပ်စစ်ဝန်ထမ်း ကျွမ်းကျင်- ၅ မှ ထုတ်ပယ်ခြင်းခံရသူ အဆိုပါ ရပ်ကွက်နေ နိုင်လင်း(ခ)မူဆာ (၃၆နှစ်)ပါ       အမျိုးသား သုံးဦးက ပြုပြင်ရမည်ဟုပြောဆိုကာ   ဖြုတ်ယူ ပြီး မီတာပြင်ဆင်စရိတ်  ငွေကျပ်   ၂၀၀၀၀  လိမ်လည်ရယူသွားကြောင်း ဒေါ်တူးတူးမာ၏ ပြောပြချက်အရ သိရှိရသဖြင့်  မြို့နယ်လျှပ်စစ် မန်နေဂျာက အရေးယူပေးရန် တိုင်တန်းသဖြင့် နိုင်လင်း(ခ)မူဆာပါ သုံးဦးတို့အား ဒဂုံတောင် မြို့မရဲစခန်း(ပ)၆၄၉/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၁၇၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


သတင်းစဉ်