ဒီဂီယာ၏ နေရာကို အစားထိုးခေါ်ယူရန် လျာထားစာရင်းတွင် ဗီလာဂိုးသမား မာတီနက်ဇ် ပါဝင်လာ

 

ဗီလာဂိုးသမား     အမ်မီလီယာနို မာတီနက်ဇ်သည်     ပြီးခဲ့သည့်    နှစ်နှစ် အတွင်း     ပရီမီယာလိဂ်တွင် လက်စွမ်းပြသ       ထားနိုင်သည့် ကစားသမားများထဲမှ    တစ်ဦး ဖြစ်သောကြောင့် ယခုအခါ မန်ယူ အသင်းက အသက် ၃၁ နှစ်အရွယ် ဂိုးသမား  ဒီဂီယာ၏ နေရာကို အစားထိုးခေါ်ယူရန်   လျာထား စာရင်းတွင် ပါဝင်လာခဲ့သည်။ 

 


အသက်   ၂၉    နှစ်အရွယ် အာဂျင်တီးနားဂိုးသမား     မာတီ နက်ဇ်သည် ၂၀၂၀ ပြည့်နှစ်တွင် အာဆင်နယ်အသင်းမှ အက်စ်တွန် ဗီလာအသင်းအထံသို့ ပြောင်းရွှေ့ ခဲ့ပြီးနောက်    အသင်းအတွက် ပြိုင်ပွဲစုံ ၅၄ ပွဲအထိ ပါဝင်ကစား ထားသူဖြစ်သည်။    ၎င်းသည် အဆိုပါ ၅၄ ပွဲတွင် ဂိုးမပေးရအောင် ပွဲ    ၂၀  အထိ   စွမ်းဆောင်ထား နိုင်သည့်  ဂိုးသမားတစ်ဦးလည်း ဖြစ်သည်။ 

 


မန်ယူအသင်းသည်       မာတီ နက်ဇ်၏    စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး        ကြိမ်ဖန်များစွာ အနီးကပ်လေ့လာပြီးနောက်   အိုး ထရက်ဖို့ဒ်၌ နံပါတ်တစ်ဂိုးသမား နေရာအတွက်     အသင့်တော်ဆုံး ဂိုးသမားဟု    မှတ်ယူကာ ခေါ်ယူ လိုနေခြင်းဖြစ်သည်။ လက်ရှိတွင် ဂိုးသမား ဒီဂီယာသည်    မန်ယူ အသင်းတွင်     အင်္ဂလန်ဂိုးသမား ဒိန်းဟန်ဒါဆင်ထက်  လက်စွမ်း ပြသထားနိုင်ကာ    နံပါတ်တစ် နေရာကို ရယူထားသည်။ 

 


ဒီဂီယာနှင့် မန်ယူအသင်းတို့ ချုပ်ဆိုထားသော စာချုပ်သက်တမ်း မှာ ၂၀၂၃ ခုနှစ် ဇွန်လအထိ ရှိနေ သည်။   သို့သော်လည်း   မန်ယူ အသင်းသည်   ဒီဂီယာအနေဖြင့် အိုးထရက်ဖို့ဒ်တွင်    လက်စွမ်း ပြသထားနိုင်ခြင်းမရှိပါက မာတီ နက်ဇ်ကို  ပေါင်သန်း   ၅၀ ဖြင့် ခေါ်ယူသွားဖွယ်ရှိနေသည်။ 

 


မာတီနက်ဇ်နှင့် ဗီလာအသင်း တို့  ချုပ်ဆိုထားသော   စာချုပ် သက်တမ်းမှာ နှစ်နှစ်ခွဲကျန်ရှိနေ သေးသည်။  မန်ယူအသင်းသည် မာတီနက်ဇ်အပြင် လိဒ်စ်အသင်းမှ ဂိုးသမားဖြစ်သူ မက်စ်လီယာကို လည်း ခေါ်ယူရန် စိတ်ဝင်စားနေ သည်။  အသက် ၂၁  နှစ်အရွယ် မက်စ်လီယာသည် လိဒ်စ်အသင်း တွင် လက်စွမ်းပြသထားနိုင်သည့် ဂိုးသမားတစ်ဦးဖြစ်ပြီး အကောင်း ဆုံး   လူငယ်ဂိုးသမားများထဲမှ တစ်ဦးအဖြစ်     သတ်မှတ်ခြင်း ခံထားရသူလည်းဖြစ်သည်။ 

 


အခြား  သတင်းတစ်ခုတွင် မန်ယူအသင်းသည် လေဗာကူဆင် အသင်းမှ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်ကစားသမား ဖလော် ရင်ဝစ်ဇ်ကို   ခေါ်ယူရန်  ပစ်မှတ် ထားနေကြောင်း    ဖော်ပြထား သည်။ မန်ယူအသင်းသည်   ပရီ မီယာလိဂ် ၁၆ ပွဲကစားပြီးချိန်တွင် ရမှတ်၂၇ မှတ်ရရှိထားပြီး လာမည့် ပွဲစဉ်အဖြစ်  ဒီဇင်ဘာ  ၂၈ ရက် တွင်    နယူးကာဆယ်အသင်းနှင့် ယှဉ်ပြိုင်    ကစားသွားရမည်ဖြစ် သည်။                                             
           

အောင်ဇော်