ဒီမိုကရေစီဟုဆိုရာဝယ် . . .

Type

ဒေါက်တာ မောင်ကျော်၊ ပါမောက္ခချုပ် (ငြိမ်း)
 

==========================

 

(ယမန်နေ့မှအဆက်)  
“ကျွန်တော်တို့ဟာ   စျေးကွက်စီးပွား ရေး   ပြုပြင်ပြောင်းလဲမှုတွေကို   အလေး အနက်ထားရလိမ့်မယ်။   ကုမ္ပဏီကြီးတွေ နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ယှဉ်ပြိုင် နိုင်မှသာ    ရေရှည်ရပ်တည်နိုင်မှာဖြစ်ပါ တယ်။ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းတွေကို စောင့်ရှောက်ထိန်းသိမ်း ခြင်းအားဖြင့် ဒီမိုကရေစီဟာ အမြစ်တွယ် နိုင်မှာဖြစ်တယ်” လို့ တောင်ကိုရီးယားမှ   ဒေဂျွန်း    (K Dae Jung) က ၁၉၉၈ ခုနှစ် မတ်လ  ၂  ရက်နေ့ထုတ်   Time   မှာ   ရေးသားထားတာတွေ့ရပါတယ်။
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တော့မဟုတ်
ဒီမိုကရေစီဟာ   ကမ္ဘာနဲ့ချီကြည့်ရင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တော့မဟုတ် သေးဘူး။ ဒီမိုကရေစီစနစ်ကို နိုင်ငံပေါင်း ၁၁၀  ( ၅၄   ဒသမ    ၈   ရာခိုင်နှုန်း)က ကြိုက်နှစ်သက်တဲ့ နိုင်ငံရေးစနစ်တစ်ရပ် ဖြစ်ပါတယ်။             ကမ္ဘာ့နိုင်ငံအချို့ ဟာ  ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အမျိုးမျိုးသော        အခက်အခဲအကျပ် အတည်းကြားမှ   တည်ဆောက်ကြရပါ တယ်။   ဒီမိုကရေစီနဲ့အတူ    နိုင်ငံရေး စိတ်သဘောထားတွေ၊         ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေနဲ့ အကျင့်စရိုက်တွေ နဲ့လည်း     ပွတ်တိုက်မှုရှိလာပြီး    အကြီး အကျယ်ရှုပ်ထွေးလှတဲ့      လူမှုစီးပွား ရေး၊    စျေးကွက်စီးပွားရေးကြီးတွေနဲ့ ကိုယ်ကျင့်သိက္ခာတွေကအစ ပြောင်းလဲ ရမယ့်       လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။ ဒါကြောင့်  နှစ်ပေါင်းတစ်ရာကြာပြီဖြစ်တဲ့ နိုင်ငံတွေရဲ့  ဒီမိုကရေစီကျင့်စဉ်တွေကို မြန်မာတို့အဖို့  လက်လှမ်းမီ၊    အဆင့်မီ၊ စစ်မှန်တဲ့ဒီမိုကရေစီကို      ဆွတ်ချူရန် ခဲယဉ်းလျက်ရှိနေတာကို   တွေ့ရပါလိမ့် မယ်။       ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း   ဦးသန့်ကိုယ်တိုင်ပင်လျှင် မြန်မာ့နိုင်ငံရေးဇာတ်ခုံကို    စိတ်ကုန် သလောက်ဖြစ်နေပြီလို့ မောင်ရွှေခေတ် ရေးသော  ဦးသန့်၏ဘဝ  အတွေ့အကြုံ များစာအုပ်မှာ ဖတ်ရှုရပါတယ်။
စည်းကမ်းအစ   စာသင်ကျောင်းက ဆိုသလိုပါပဲ။    မကြာသေးမီနှစ်များက ဒီမိုကရေစီအကြောင်း    သိကောင်းစရာ သဖွယ် စာသင်ကျောင်းတွေမှာ  သင်ရင် ကောင်းမလားပဲဆိုပြီး   စိတ်ကူးတွေရှိခဲ့ ကြပါတယ်။    ကိုယ့်နိုင်ငံအနေအထား၊ လူ့စွမ်းအား      အရင်းအမြစ်တွေကို အကဲခတ်ကြည့်ရင်        ဒီမိုကရေစီကို ကျောင်းသင်ခန်းစာအဖြစ် သင်ကြားပို့ချ နိုင်သူရှားပါးတာ       တွေ့ရပါလိမ့်မယ်။ ပြည်သူ့နီတိကို   မည်မည်ရရသင်ကြား နိုင်မယ်ဆိုရင် မြန်မာတို့ရဲ့ရိုးသားရိုးရှင်း တဲ့ဘဝဟာ    ပိုပြီးရှင်သန်ကြီးထွားလာ နိုင်ပါမယ်။     ပန်းတနော်အမျိုးသား ကျောင်းဆရာ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း   ဦးသန့်ဟာ သူ့တပည့်တွေ ကို နှုတ်ဆက်စကား  ပြောကြားရာမှာ “တပည့်တို့     လူတော်လူကောင်းဖြစ် အောင်  ကြိုးစားကြပါ။  လူတော်မဖြစ်ရင် တောင်မှ လူကောင်းဖြစ်အောင်  ကြိုးစား ကြပါ။ ဒီနေ့  ဒို့နိုင်ငံမှာ လူတော်သိပ်ရှား တယ်။ လူဆိုးတွေက အများကြီးပဲ”  လို့ ထည့်သွင်းပြောသွားခဲ့တာကို    ဖတ်ရပါ တယ်။ 
ဗုဒ္ဓမြတ်စွာဘုရားက    “သင်ယူခြင်း သည်      မျက်စိမှိတ်လက်ခံရန်မဟုတ်၊ မေးမြန်းခြင်းဖြင့်   သိရှိရာ၏။ သိရှိခြင်း ဖြင့် နားလည်ရာ၏။ နားလည်ခြင်းဖြင့် အသုံးချရာ၏”   တဲ့။    ဒီမိုကရေစီကိုပဲ သင်သင်၊   ဒစ်ဖရယ်ရှယ်   ကားကူးလပ် (Differential   Calculus)    ပဲသင်သင်၊ ဗုဒ္ဓရဲ့အမြင်   သွန်သင်မှုအရ   လူတို့ဟာ ဆင့်ကဲဆင့်ကဲ    ဆင့်ကာဆင့်ကာလုပ်ရ လိမ့်မယ်။    ကာလာမသုတ်လာနည်းလမ်း ဟာ သိပ္ပံနည်းကျပဲ။    သူများကောင်းတယ်၊  လူကြိုက်များတယ်ဆိုတိုင်း   လိုက်လုပ် စရာမလို၊       ချော်လဲရောထိုင်ဆိုတာ ဒီမိုကရေစီမဆန်တာ ဖြစ်ပါလိမ့်မယ်။ 
ဒီမိုကရေစီအကြောင်း 
သိကောင်းစရာ
ဒီမိုကရေစီနဲ့ပတ်သက်လို့   ပါလီမန် ဒီမိုကရေစီ၊ ဆိုရှယ်လစ်ဒီမိုကရေစီဆိုပြီး ကျွန်တော်တို့ဟာ   အထိုက်အလျောက် ကြားဖူးနားဝရှိသူတွေလို့  ပြောရမှာဖြစ်ပါ တယ်။ ထဲထဲဝင်ဝင် နှိုက်နှိုက်ချွတ်ချွတ် လေ့လာကျင့်သုံးသူ  ဘယ်လောက်ရှိလဲလို့ တော့   အတိအကျမသိနိုင်ဖြစ်ပါတယ်။ ဒီမိုကရေစီအလေ့အကျင့်နဲ့ ပတ်သက်ရင် မြန်မာနိုင်ငံဟာ   ဒီမိုကရေစီအကြောင်း သိကောင်းစရာ  သင်ရိုးညွှန်းတမ်း   ၁၀၁ ပဲရှိမယ်လို့ ခန့်မှန်းနိုင်ပါတယ်။ 
စာအုပ်စာပေလေ့လာဖို့လည်း မကြုံ ကြိုက်သူတွေ      ဒုနဲ့ဒေးရှိပါလိမ့်မယ်။ မြန်မာ  ဒေါင်းဖတ်စာအုပ်ထဲကလို   ဒီမို ကရေစီဟာ နေ့တိုင်းရွှေဥတစ်ဥ ဥပေးတဲ့ ငန်းမကြီးလို့   ထင်မြင်သူတွေ    ရှိနိုင်ပါ တယ်။  ဒီမိုကရေစီကို  ကမ္ဘာ့နိုင်ငံအများ အပြားမှာ လူကြိုက်များလာတဲ့ နိုင်ငံရေး စနစ်တစ်ရပ်ဖြစ်ပါတယ်။   ငွေပဒေသာ ပင်ဟာ မြေမှအလိုအလျောက် မပေါက် ဆိုသလို    ဒီမိုကရေစီရဲ့နီတိကို    မိမိရရ မကျင့်သုံးနိုင်ရင်    ငွေပဒေသာပင်လည်း မြင်ရမှာမဟုတ်၊   နေ့စဉ်ဥနေကျရွှေဥ လည်း    ရတော့မှာမဟုတ်ဆိုတာကို သတိမူကြရပေလိမ့်မယ်။  ယနေ့   ကမ္ဘာ အရပ်ရပ်မှာ    မဖြစ်မနေလိုအပ်နေတဲ့ ရေရှည်ဖွံ့ဖြိုးရေး ၁၇ ချက် (Sustainable Development Goal; 17 SDGs) ကို မူလ တန်းကျောင်းတွေကအစ   တက္ကသိုလ် အထိ  အဆင့်အလိုက်သင်ကြားပို့ချရင် လူမှုဘဝ   မိသားစုဘဝဟာ   ရေရှည် သာယာလိမ့်မယ်လို့ ယုံကြည်ပါတယ်။    
“ယနေ့ (June 2, 1997 Newsweek) အချိန်အခါသမယမှာ  ၅၄ ဒသမ ၈ ရာခိုင် နှုန်းသောလူထုဟာ        ဒီမိုကရက်တစ် အုပ်ချုပ်မှုအောက်မှာ     နေကြပါတယ်။ ကျွန်တော်တို့    တွေ့နေမြင်နေရတဲ့    ဒီမို ကရေစီဟာ  မျက်နှာပန်းမလှသလိုပါပဲ။    ဒီမိုကရေစီနည်းနဲ့ ရွေးချယ်တင်မြှောက် ခြင်းခံရတဲ့ အစိုးရတွေဟာ ဖွဲ့စည်းပုံအရ အပ်နှင်းထားတဲ့     အာဏာတွေကို မျက်ကွယ်ပြုမှုတွေ   ပုံမှန်ဖြစ်နေတာ ကြောင့်             m စာမျက်နှာ  ၈ မှ 
အာရှ၊   အာဖရိက၊   အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ    နိုင်ငံသားတို့ရဲ့    မူလ ခံစားခွင့်နဲ့ လွတ်လပ်မှုတွေဟာ ဆုံးရှုံးခဲ့ ကြရပါတယ်”       လို့ဆိုပါတယ်။ (Democratically elected regimes are now routinely ignoring constitutional limits on the power and depriving their   citizens of   basic   rights and freedoms) ဗြိတိန်ဝန်ကြီးချုပ် ဂျွန်မေဂျာ က “နိုင်ငံရေးဆိုသည် အတွေးအခေါ်ဝါဒ (ideology)  ရဲ့ အခန်းကဏ္ဍတစ်ခုတည်း မဟုတ်။    အဲဒီဝါဒရဲ့    လုပ်ငန်းစဉ်ကို လက်တွေ့ကျကျ        သက်ဝင်လှုပ်ရှား ပါဝင်ရမယ်။     နိုင်ငံရေးသမားတွေမှာ အာဏာရှိတဲ့အခါ၊        အစိုးရအဖွဲ့ထဲ ရောက်လာတဲ့အခါ၊    ရွေးချယ်မှုခံရတဲ့ အခါ တကယ်တမ်းကြည့်ရှုစောင့်ရှောက် ရမှာက   ထိုနိုင်ငံရဲ့အကျိုးစီးပွားဖွံ့ဖြိုး ရေးပဲ”  ဖြစ်တယ်လို့  ၁၉၉၈ ခုနှစ် မတ်လ ထုတ် Newsweek  မဂ္ဂဇင်းမှာ ဖွင့်ဆိုထား တာကို တွေ့ရပါတယ်။
 နှလုံးသားချင်းနီးကပ်သော ဒီမိုကရေစီ
ရာစုနှစ်တစ်ရာအတွင်း   အနောက် နိုင်ငံတွေမှာ   ဒီမိုကရေစီ    (liberal democracy)   ဆိုသည်မှာ   အမြင်မတူ သော်လည်း   နှလုံးသားချင်းနီးကပ်သော ဒီမိုကရေစီဖြစ်ခဲ့ပါတယ်။ လွတ်လပ်မျှတ တဲ့ရွေးကောက်ပွဲသာမက  နှလုံးသားချင်း၊ ကျောချင်းကပ်တဲ့    ဒီမိုကရေစီကိုဆိုလို တာဖြစ်ပါတယ်။    ဒီထက်ပိုတဲ့ကိစ္စမှာ လေးစားလောက်ပြီး    အခြေခံကျတဲ့ လွတ်လပ်မှု   (liberties)    တွေဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊        စုရုံးခွင့်၊ ပုဂ္ဂလိကစာချုပ်စာတမ်း၊    ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေနဲ့ ဥပဒေတွေလည်း အကျုံး ဝင်ပါတယ်။       နိုင်ငံရေးပဋိပက္ခနဲ့   အပြောင်းအလဲတွေ  ကြုံတွေ့ကြရတဲ့အခါ အခြေခံလွတ်လပ်မှု (basic    liberties)၊ လစ်ဘရယ်ဒီမိုကရေစီ        (liberal democracy)  ကိုသာ အားကျစရာအဖြစ် ရှုမြင်နိုင်ပါတယ်။    လူအုပ်ကိုအခြေပြု၊ အနိုင်ယူလိုတဲ့ ဒီမိုကရေစီဟာ စစ်မှန်တဲ့ ဒီမိုကရေစီလို့ခေါ်ဖို့ ခဲယဉ်းပါတော့တယ်။
ယခင်          ယူဂိုဆလားဗီးယားနဲ့ အာဖရိကနိုင်ငံတွေမှာ ရွေးကောက်ပွဲတွေ ဟာ     တိုင်းရင်းသားတွေအချင်းချင်း သွေးကွဲမှုဆီကို     တွန်းပို့တယ်လို့ဆိုပါ တယ်။ အမျိုးသားစံချိန်မီဒီမိုကရေစီဟာ ဈေးကွက်လွတ်လပ်ခွင့်၊   လွတ်လပ်တဲ့ အလုပ်သမားလှုပ်ရှားမှု       (labor movements)  နဲ့   နိုင်ငံရေးပါတီတွေရဲ့ လွတ်လွတ်လပ်လပ်သီးခြားစီ လှုပ်ရှား မှုတွေကို အားပေးတဲ့သဘောရှိပါတယ်။ 
အရှေ့အလယ်ပိုင်း   (Middle   East) နိုင်ငံရေးကြိုးတန်းပေါ်မှာ    လျှောက်နေ ကြတဲ့ အစ္စရေး - ပါလက်စတိုင်းအရေးနဲ့ ပတ်သက်ပြီး  အကြမ်းဖက်မှုတွေအပေါ် သုံးသပ်မှုတွေရှိခဲ့ပါတယ်။   ဆယ်ကျော် သက် ကျောင်းသားတွေဟာ အကြမ်းဖက် မှုတွေနဲ့         သေပွဲဝင်ဖို့တောင်မမှုဘဲ  ကျောင်းတက်နေကြတာကို   စဉ်းစားရ ခက်နေပါတယ်။       သူရဲကောင်းပမာ သေပွဲဝင်         ကျောင်းသားတွေကို ကျောင်းတွေက        ဂုဏ်ပြုထောမနာ ပြုတာတွေဟာ        မှားနေပါတယ်။ “အာဇာနည်တို့သင်္ချိုင်းမှာ  မင်းတို့အနား ယူကြ၊   ဒို့ဆက်လက်တိုက်ပွဲဝင်မယ်” ဆိုပြီး    ကြွေးကြော်ဂုဏ်ပြုနေတာဟာ ကျောင်းရဲ့   အမှားတော်ကြီးပဲ။   တကယ် တော့    အစ္စရေး   -     ပါလက်စတိုင်း ကျောင်းသားတွေကို     ငြိမ်းချမ်းရေး၊ ညီညွတ်မှုနဲ့  အတူတကွနေထိုင်ကြရေး သင်ပေးရမှာဖြစ်တယ်လို့   အမေရိကန် နိုင်ငံမှ   Welfield   က    Mcurein Cooke က သုံးသပ်ပြပါတယ်။ 
 မေတ္တာအကြင်နာတရားပွားများဖို့     ပိုလိုအပ်
ဒီနေ့ဒီလိုကာလတွေမှာ    မေတ္တာ အကြင်နာတရားပွားများဖို့     ကိစ္စဟာ ရှေးယခင်ကထက် ပိုလိုအပ်တာကိုတွေ့ရ ပါတယ်။   ပထဝီနိုင်ငံရေး၊    အစ္စရေး-ပါလက်စတိုင်း၊ အာဖဂန်နစ္စတန်၊ အီရတ် ဆိုတဲ့နိုင်ငံတွေမှာ   အကြမ်းဖက်မှုတွေနဲ့ ထိန်းမရနိုင်လောက်အောင်   ကျယ်ပြန့် နေပါတယ်။   ဒီမိုကရေစီကျင့်စဉ်တွေနဲ့ ဖြေရှင်းလို့မရအောင်        ခက်ခဲတယ်လို့ သုံးသပ်လို့ရပါတယ်။  ဒါတွေကိုလျော့ပါး အောင်မလုပ်ဘူး၊    မလုပ်နိုင်ဘူးဆိုရင် ကမ္ဘာကြီးဟာ    ငရဲပြည်အလားဖြစ်ပြီး  အားလုံးဒုက္ခပင်လယ်ထဲမှာ  နစ်မြုပ်သွား နိုင်ပါတယ်လို့   ကမ္ဘာ့နိုင်ငံရေးပညာရှင် တွေက   သုံးသပ်ကြပါတယ်။    အနှေးနဲ့ အမြန်    ကောင်းမွန်သာယာတဲ့ဘဝကို ရှေးရှုကြရမှာဖြစ်ပါတယ်။ 
ဂျပန်လူမျိုးတို့ရဲ့ စိတ်ဓာတ်
ဂျပန်က စစ်ရှုံး၊ စစ်လျော်ကြေးပေးရ တဲ့နိုင်ငံ၊    ရုပ်ပိုင်းဆိုင်ရာ    စိတ်ပိုင်းဆိုင် ရာမှာ    ပြာပုံဘဝက    ထခဲ့ရတယ်လို့ ခန့်မှန်းလို့ရပါတယ်။          ဂျပန်ဟာ တိုင်းပြည်ရဲ့ ၁၀  ရာခိုင်နှုန်းကို အရင်းရှင် စနစ်၊ ကျန် ၉၀ ရာခိုင်နှုန်းကို ဆိုရှယ်လစ် စီးပွားရေးစနစ်နဲ့ တိုင်းပြည်ကို ပြာပုံက ထဖို့ နှစ်ပြိုင်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ တာ အလုပ်ဖြစ်ခဲ့တယ်။ ၁၉၈၀ ပြည့်နှစ် တွေမှာ   ဂျပန်ရဲ့    ဗျူရိုကရက်တစ် အရင်းရှင်စနစ်ဟာ   အံ့ဩဖွယ်ကောင်း လောက်အောင်  အောင်မြင်ခဲ့တာတွေ့ရပါ တယ်။   ၁၉၉၇    ခုနှစ်မှာ    အဆင့်မြင့် ပညာရှင်တွေ         နည်းပညာလုပ်သား ပညာရှင်အင်အား ၆၇  ဒသမ   ၉ သန်း အထိ ရောက်ခဲ့ပါတယ်။ ဂျပန်လူမျိုးတို့ရဲ့ စိတ်ဓာတ်ဟာ အံ့မခန်းစရာကောင်းလှ ပါတယ်။ ဂျပန်စိတ်ဓာတ်၊ အနောက်တိုင်း ပညာ၊ အနောက်ယဉ်ကျေးမှုနဲ့သင်ယူမှု၊ ဒီနှစ်ချက်ဟာ     ဦးနှောက်အတွက်ပဲ။ နှလုံးသားက ဂျပန်ပဲ၊ အပြောင်းအလဲမရှိ၊ ပကတိအတိုင်းဂျပန်ပါပဲ။    ဒါကြောင့်ပဲ ဖြစ်မယ်။     ဂျပန်အရာရှိကြီးတွေဟာ နိုင်ငံခြား  အတွေးအခေါ်တွေကြောင့် သာမန်ဂျပန်တို့ရဲ့ဦးနှောက်ကို   ပုန်ကန် ထကြွ   အကြမ်းဖက်မှုဖြစ်မှာကို   စိုးရိမ် ပူပန်ကြတယ်လို့ဆိုပါတယ်။
“သိပ္ပံပညာ (Science)၊   ခရစ်ယာန် (Christianity)၊          လွတ်လပ်မှု (Liberalism)၊ ဒီမိုကရေစီ (Democracy) တို့ဟာ စိတ်ဝင်စားဖွယ် လေ့လာစရာတွေ ပဲ။ လူဂုဏ်တန်တွေနဲ့ ပိုထိုက်တန်ပေလိမ့် မယ်။ ဒါသည်ပင်  သတိထားရွေးချယ်ပြီး သင်ယူသင့်ပါတယ်။ ဒီလိုအတွေးအခေါ် စိတ်ကူးစိတ်သန်းတွေဟာ ခေတ်မီဖွံ့ဖြိုး အင်အားကြီးတဲ့နိုင်ငံ    တည်ဆောက်ဖို့ အသုံးဝင်တဲ့   ကိရိယာတွေပဲဖြစ်တယ်။ ဒါပေမဲ့ မှားယွင်းတဲ့ လူတွေရဲ့လက်ထဲ မှာ         ဒီအတွေးအခေါ်ပညာရပ်တွေနဲ့ ကျင့်စဉ်တွေဟာ ကြီးမားတဲ့အန္တရာယ်ကို ပေါ်ပေါက်စေပါတယ်”လို့ ၂၀၀၁ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ထုတ် Time မဂ္ဂဇင်း  မှာ ဂျပန်ရဲ့စူးစမ်းလိုစိတ်၊ သင်ယူလိုစိတ်၊ နောက်ကျမကျန်ရစ်ဖို့       စိုးရိမ်စိတ်၊ ဂျပန်ရဲ့ကြွယ်ဝချမ်းသာမှု၊       အာရှမှာ နည်းပညာအရာမှာ       ခေတ်အမီဆုံး နှစ်ပေါင်း ၃၀၀  တိုင် တည်တံ့ခိုင်ခံ့မှာ ဖြစ်ခြင်းအကြောင်းနဲ့      စပ်လျဉ်းပြီး အယ်ဒီတာက     ရှုမြင်သုံးသပ်တာကို ဖတ်ရှုရပါတယ်။ ဂျပန်တို့ဟာ ဒီမိုကရေစီ အရေးကိုပင် လွယ်လွယ်ကူကူလက်မခံ ဘဲ    တွေးပူတဲ့သဘောကို   တွေ့ရပါ တယ်။ 
ကောင်းပါပြီ။    ဒီမိုကရေစီဆိုတာ အမျိုးမျိုးအဖုံဖုံရှိနေတာ  တွေ့ရပါပြီ။ စစ်မှန်တဲ့ဒီမိုကရေစီကို   ကျင့်သုံးရာမှာ လူသာပဓာနကျကြောင်း   တွေ့ရပါပြီ။ ကိုယ့်နိုင်ငံရဲ့    နောက်ခံသမိုင်းကြောင်း၊ လူမျိုးရဲ့စရိုက်လက္ခဏာ၊ အတွေ့အကြုံ၊ နိုင်ငံရေးအုပ်ချုပ်မှု၊   စီမံခန့်ခွဲမှုစနစ်တွေ ဟာ  ကျင့်သားရရင်၊    ရင့်ကျက်လာရင်၊ အလောတော်မှည့်လာရင်        ချိုမြိန်တဲ့ အရသာရှိမှာဖြစ်ပါတယ်။     နိုင်ငံရေး အကိုင်းအခက်၊ အသီးအပွင့်တွေ  ဝေဝေ ဆာဆာဖြစ်တဲ့    အရိပ်ရသစ်တောကြီး ဖြစ်အောင်၊        စစ်မှန်တဲ့ဒီမိုကရေစီ၊     ဒီမိုကရေစီနဲ့ဖက်ဒရယ်    ပြည်ထောင်စု နိုင်ငံကို စုပေါင်းအားနဲ့ အေးအေးဆေးဆေး   ဖြည်းဖြည်းနဲ့မှန်မှန်       တည်ထောင်ကြ ရလိမ့်မယ်။        ။ 
ကျမ်းကိုး 
•    Myanmar:   Facts   and Figures;   Ministry    of Information,   Myanmar, March, 2000
•    ၂၀ ရာစု မြန်မာနိုင်ငံ၊ အမျိုးသား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး ရေးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဇန်နဝါရီလ ၂၀၀၂ ခုနှစ် 
•    ဦးသန့်၏  ဘဝအတွေ့အကြုံ များ မောင်ရွှေခေတ်
•    ကြေးမုံသတင်းစာ၊ စာ ၁-၈၊ အောက်တိုဘာ ၁၆၊ ၂၀၁၈ 
•    Asia Pacific: Its Role in the new World Order, (Myanmar Burma) by M S Dobbs – Higginson, New Light of Myanmar (1998)