ဒီပဲယင်းမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သူများ ထိတွေ့မှုဖြစ်ပွား အကြမ်းဖက်သူ အချို့နှင့်အတူ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

 

နေပြည်တော် ဇူလိုင်  ၂


စစ်ကိုင်းတိုင်းဒေသကြီး  ဒီပဲယင်း မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊        ရပ်ရွာအေးချမ်း   သာယာရေးနှင့်      တရားဥပဒေ စိုးမိုးရေးတို့အတွက်    လုံခြုံရေး     ဆောင်ရွက်နေသည့်    တပ်ဖွဲ့ဝင် များသည် ယနေ့ညနေ ၆    နာရီခွဲ   ခန့်တွင်    ဒီပဲယင်းမြို့ ကျွန်းတော        ကျေးရွာ၏   အရှေ့ဘက်   မီတာ   ၉၀၀   ခန့် အကွာသို့        အရောက်၌ အကြမ်းဖက်သူအင်အား   ၁၀၀  ခန့်က      လက်နက်ငယ်၊      တူမီး သေနတ်များဖြင့်       စောင့်ကြို ပစ်ခတ်တိုက်ခိုက်    လာခဲ့သဖြင့်  အပြန်အလှန်           ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး  ည  ၇  နာရီခန့်တွင် အကြမ်းဖက်သူများသည်    ကျွန်း တောကျေးရွာ၏      အနောက် ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ သည်။


ဖြစ်စဉ်ဖြစ်ပွားရာ   ပတ်ဝန်း ကျင်   တစ်ဝိုက်အား    လုံခြုံရေး တပ်ဖွဲ့ဝင်များက     သွားရောက် စစ်ဆေးခဲ့ရာ   အကြမ်းဖက်သူ အမျိုးသားအလောင်း ၉ လောင်း  ကို  တူမီးသေနတ်  ၁၉  လက်၊ လက်လုပ်စိန်ပြောင်း  ၂  လက်၊ လက်လုပ်ပစ္စတို ၁ လက်တို့နှင့်  အတူ သိမ်းဆည်းရမိခဲ့သည်။


ဖြစ်စဉ်တွင်        လုံခြုံရေး တပ်ဖွဲ့ဝင်အချို့  ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး  အကြမ်းဖက်သူအချို့  ဖမ်းဆီးရမိခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့်      အများ ပြည်သူများ အေးချမ်းစွာ နေထိုင် နိုင်ရေးတို့အတွက်       ရပ်ရွာ လုံခြုံရေးနှင့်        တရားဥပဒေ စိုးမိုးရေး         လုပ်ငန်းများကို ဆက်လက်       ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်