
ကာတာနိုင်ငံ လူဆေးမြို့၌ မတ် ၁ ရက်ညပိုင်းက ယှဉ်ပြိုင်ကျင်းပခဲ့ သည့် ONE Championship ပြိုင်ပွဲ၏ One 166 ပြိုင်ပွဲတွင် ရုရှား နိုင်ငံသား မာလီခင်သည် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို တတိယ အချီတွင် ဒိုင်ပွဲရပ်ဖြင့် အလဲထိုးကာ မစ်ဒယ်ဝိတ်တန်းကိုယ်ခံပညာ သိုင်းပေါင်းစုံချန်ပီယံ ခါးပတ်ကို ရယူသိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ဒီရစ်ဒါနှင့် မာလီခင်တို့သည် ခေါင်ပွဲစဉ်အဖြစ် ထိုးသတ်ခဲ့ကြခြင်းဖြစ်သည်။ ဒီရစ်ဒါက ၎င်းပိုင်နိုင်သည့် ချုပ်ကွက် များဖြင့်သာ ယှဉ်ပြိုင်ခဲ့ကာ မာလီခင်က ၎င်း၏ ချုပ်ကွက်များကို ပါးနပ်စွာ ရှောင်နိုင်ခဲ့ပြီး အားပါသော လက်သီးထိုးချက်များဖြင့် ထိုးသတ်ခဲ့သည်။ တတိယအချီအစတွင် မာလီခင်က လက်သီး ထိုးချက်များဖြင့် တရစပ်ထိုးပြီး ဒီရစ်ဒါကို အပေါ်စီးမှ ဖိထားနိုင်ချိန် တွင် လက်သီးထိုးချက်၊ ဒူးတိုက်ချက်များဖြင့် ထိုးသတ်ခဲ့မှုကြောင့် ဒီရစ်ဒါ ဆက်မထိုးနိုင်တော့ဘဲ ဒိုင်ပွဲရပ်ဖြင့် မာလီခင် အနိုင်ရခဲ့သည်။ ယခုပွဲစဉ်တွင် မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ်ကို သိမ်းပိုက်ရယူ နိုင်ခဲ့သည့် မာလီခင်သည် ONE Championship ပြိုင်ပွဲ၏ ဟဲဗီးဝိတ် နှင့် လိုက်ဟဲဗီးဝိတ်တန်းများ၏ ချန်ပီယံခါးပတ်များကိုလည်း ရယူ ထားနိုင်သည့်အတွက် ONE Championship ပြိုင်ပွဲသမိုင်းတွင် ပထမဆုံးဝိတ်တန်းသုံးခု ချန်ပီယံဖြစ်လာခဲ့သည်။
ဒီရစ်ဒါသည် လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ်တန်းတွင် မာလီခင်ကို နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သည့်အတွက် ၎င်း၏ ခါးပတ်များကို လက်လွှတ်လိုက်ရပြီ ဖြစ်သည်။
Photo- ONE Championship