ဒိုမိန်းသုံးစွဲမှုမှတ်ပုံတင်သည့်ကုမ္ပဏီ(Registrar)များအဖြစ် ကုမ္ပဏီအသစ်လေးခု တိုးချဲ့ဆောင်ရွက်

 

 

ရန်ကုန် မေ ၃၁
မြန်မာနိုင်ငံ၏   ကိုယ်စားပြုဒိုမိန်း(Domain Name)ဖြစ်သည့် .mm Domain Name များကို ပြည်တွင်း ဈေးကွက်တွင်  ယှဉ်ပြိုင်မှုအားကောင်းလာစေရေးနှင့်  ပြည်ပဒိုမိန်းများအစား  ပြည်တွင်းဒိုမိန်းများကို အသုံးပြုမှု   ပိုမိုအားကောင်းလာစေရေးတို့အတွက် လက်ရှိ    ဝန်ဆောင်မှုပေးလျက်ရှိသည့်   Domain သုံးစွဲသူ မှတ်ပုံတင်သည့်ကုမ္ပဏီ(Registrar) သုံးဦး အပြင်  ကုမ္ပဏီအသစ်လေးခုဖြစ်သည့် Global Tech- nology ကုမ္ပဏီလီမိတက် ၊ AGB Communication ကုမ္ပဏီလီမိတက်၊ Horizon Telecom International ကုမ္ပဏီလီမိတက်နှင့် Frontiir ကုမ္ပဏီလီမိတက် တို့ကလည်း  ဒိုမိန်းသုံးစွဲသူမှတ်ပုံတင်သည့်ကုမ္ပဏီ(Registrar)များအဖြစ်      ဆောင်ရွက်သွားမည်ဖြစ် ကြောင်း       ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဘ်ဆိုက်မှ   မေ ၂၇ ရက်တွင်  သတင်းထုတ်ပြန် သည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက် သွယ်ရေးဥပဒေပါ    ပြဋ္ဌာန်းချက်များအရ   အီလက် ထရွန်နစ်လိပ်စာများဖြစ်သည့် Public IP Address,  Autonomous System (AS) Number နှင့်   Domain Name  တို့နှင့်   စပ်လျဉ်း၍   စိစစ်ကြီးကြပ်ခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများကို  ဆောင်ရွက်ရမည်ဖြစ် သည်နှင့်အညီ   မြန်မာနိုင်ငံ၏ကိုယ်စားပြု   .mm Domain Name မှတ်ပုံတင်ဌာန(Registry)အဖြစ် ၂၀၁၉  အောက်တိုဘာ ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ဒိုမိန်းသုံးစွဲသူမှတ်ပုံတင်သည့်ကုမ္ပဏီ(Registrar)များအဖြစ်  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Yatanar-pon Teleport Public ကုမ္ပဏီလီမိတက်နှင့် Myan-mar Technology Gateway ကုမ္ပဏီလီမိတက်တို့က ဆောင်ရွက်ခဲ့ရာမှ ယခုအခါ ကုမ္ပဏီအသစ်လေးခုကို ဒိုမိန်းသုံးစွဲသူမှတ်ပုံတင်သည့်ကုမ္ပဏီ(Registrar)များအဖြစ် ဆောင်ရွက်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်    ဖော်ပြထားချက်အရ သိရသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဒိုမိန်း သုံးစွဲမှုမှတ်ပုံတင်သည့်ကုမ္ပဏီ(Registrar)အဖြစ် ဆောင်ရွက်လိုသည့်   ကုမ္ပဏီအသစ်များအနေဖြင့် ယခုနှစ်   ဖေဖော်ဝါရီလလယ်မှ  မတ်  ၂၅  ရက်အထိ လျှောက်ထားနိုင်ကြောင်း      ကြေညာခေါ်ယူခဲ့ပြီး နောက် မေ ၂၇ ရက်တွင် အဆိုပါ ကုမ္ပဏီလေးခုကို ဒိုမိန်းသုံးစွဲမှုမှတ်ပုံတင်သည့်ကုမ္ပဏီသစ်များအဖြစ် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။ 
ကိုစိုး