ဒဏ်ရာကြောင့် ဘီလ်လီဂျီးကင်းဖလား ဖိုင်နယ်ပွဲစဉ်များကို တင်းနစ်မယ် ရာဒူကာနူ လွဲချော်ဖွယ်ရှိ

 

ညာလက်ကောက်ဝတ်ဒဏ်ရာ ပြန်လည်သက်သာလာခြင်း မရှိ သေးသောကြောင့် နိုဝင်ဘာလ တွင် ဂလက်စ်ဂိုး၌ ကျင်းပမည့် ဘီလီဂျီးကင်းဖလားဖိုင်နယ်ပွဲစဉ် များကို  ဗြိတိန်မှ  နာမည်ကျော် တင်းနစ်မယ် အမ်မာ ရာဒူကာနူ လွဲချော်ဖွယ်ရှိနေကြောင်း သိရ သည်။ 

 


၂၀၂၁ ခုနှစ် ယူအက်စ်အိုးပင်း ချန်ပီယံ ရာဒူကာနူကို ဗြိတိန် အသင်းအား ဦးဆောင်ရန် ရွေး ချယ်ခဲ့ကြောင်း     သိရသည်။ အသက် ၁၉ နှစ်အရွယ်ရှိ ရာဒူ ကာနူသည်  အဆိုပါ  ဒဏ်ရာ ကြောင့်    ယခုလအစောပိုင်းက  ရိုမေးနီးယားနိုင်ငံ၌  ကျင်းပမည့် ထရန်ဆန်ဗေးနီးယား  အိုးပင်း ပြိုင်ပွဲကိုလည်း လွဲချော်ထားသူ ဖြစ်သည်။ 

 


ရာဒူကာနူ လွဲချော်ဖွယ်ရှိသည့်  ဘီလ်လီဂျီးကင်းဖလားပြိုင်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် စတင်    ကျင်းပမည်ဖြစ်ကြောင်း   သိရသည်။ 

 


ရာဒူကာနူက အချိန်မီ အဆင် သင့် ဖြစ်အောင်   တတ်နိုင်သမျှ ကြိုးစားလုပ်ဆောင်ခဲ့ကြောင်း၊ နောက်ဆုံးပြိုင်ပွဲပြီးကတည်းက ကိုယ်ကာယလေ့ကျင့်ခန်းနှင့် ပြန် လည်ထူထောင်ရေးကို  နေ့တိုင်း လိုလို    လုပ်ဆောင်ခဲ့ကြောင်းနှင့် ၎င်း၏         အသင်းဖော်များကို ယုံကြည်ပြီး        လာမည့်နှစ်တွင် ကစားနိုင်မည်ဟု        မျှော်လင့်ပါ ကြောင်း ပြောသည်။ 
ရာဒူကာနူသည် ဒီဇင်ဘာ ၁၆ ရက်တွင် အဘူဒါဘီရှိ ပြပွဲတစ်ခု၌ ဂျေဘီယာနှင့်  ကစားရန်   စီစဉ် ထားကြောင်း သိရသည်။ 

မိုးဇက်