
ဗြိတိန်နံပါတ်တစ် တင်းနစ်မယ် အမ်မာ ရာဒူကာနူသည် ပထမအဆင့် ပွဲစဉ် မတိုင်မီ လက်ကောက်ဝတ်ဒဏ်ရာကြောင့် မက်ဒရစ်အိုးပင်းပြိုင်ပွဲမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
မကြာသေးမီ လများအတွင်း လက်ကောက်ဝတ်ဒဏ်ရာရရှိခဲ့သော ၂၀၂၁ ယူအက်စ်အိုးပင်းချန်ပီယံ ရာဒူကာနူသည် မေ ၅ ရက်တွင် မက်ဒရစ်အိုးပင်း၌ ဘူလ်ဂေးရီးယားတင်းနစ်မယ် ဗစ်တိုရီကာ တိုမိုဗာနှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သော်လည်း ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
ရာဒူကာနူသည် ယခုလအတွင်း စတုဂတ်အိုးပင်းပြိုင်ပွဲတွင်လည်း ပြိုင်ဘက် အော့စတာပင်ကိုကို ၆-၂၊ ၆-၁ ဖြင့် ရှုံးနိမ့်ထားသူ ဖြစ်သည်။ ထို့ကြောင့် အသက် ၂၀ အရွယ် ရာဒူကာနူသည် လက်ရှိတွင် ကမ္ဘာ့အဆင့် ထိပ်ဆုံး ၁၀၀ အပြင်ဘက် ရောက်ရှိရန် သေချာသလောက်ရှိနေပြီ ဖြစ်သည်။ ၎င်းသည် နှစ်ပေါင်း ၄၄ နှစ်အတွင်း ၂၀၂၁ ယူအက်စ် အိုးပင်းပြိုင်ပွဲ၌ ဂရင်းဆလမ်းဖလားဆွတ်ခူးနိုင်သည့် ပထမဆုံး ဗြိတိန်တင်းနစ်မယ် ဖြစ်လာ ခဲ့သည်။
မိုးစက် - စုစည်းသည်