ဒုတိယသမ္မတ ဟားရစ် ဒီမိုကရက်တစ်ပါတီ၏သမ္မတလောင်း တရားဝင်ဖြစ်လာတော့မည်

 

ဝါရှင်တန်   သြဂုတ်   ၆


အမေရိကန် ဒုတိယသမ္မတ ကာမလာဟားရစ်သည်  ဒီမိုကရက်တစ် ပါတီ၏ သမ္မတလောင်းအဖြစ် တရားဝင်ဖြစ်လာတော့မည်ဖြစ်သည်။


ပါတီ၏   အွန်လိုင်းမဲပေးမှုကို   ကြာသပတေးနေ့တွင်    စတင်ခဲ့ပြီး တနင်္လာနေ့ ညနေ ၆ နာရီတွင် ပိတ်ခဲ့သည်။
ဟားရစ်သည် ကိုယ်စားလှယ်လောင်းများ၏ ၉၉ ရာခိုင်နှုန်း ထောက်ခံမဲ ရရှိခဲ့သည်။ ဟားရစ်သည် ၂၀၁၆ ခုနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန်ပြီးနောက် ဒီမိုကရက်တစ်ပါတီမှ သမ္မတအဖြစ်  အမည်စာရင်းတင်သွင်းခြင်းခံရသည့် ဒုတိယမြောက် အမျိုးသမီးဖြစ်လာခဲ့သည်။


ကလင်တန်ကဲ့သို့ပင် ဟားရစ်သည်   ရီပတ်ဘလီကင်သမ္မတ လောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။


အကယ်၍  ၎င်းသာ   အနိုင်ရခဲ့ပါက   ဘဲဥပုံရုံးတွင်   တာဝန် ထမ်းဆောင်ရမည့် ပထမဆုံး အမျိုးသမီးဖြစ်လာမည်ဖြစ်သည်။
သမ္မတ ဂျိုးဘိုင်ဒင်  နုတ်ထွက်ပြီးနောက်  ဟားရစ်သည် လွန်ခဲ့ သည့် နှစ်ပတ်ကပင် ပြိုင်ပွဲသို့ ဝင်ရောက်ခဲ့သည်။
နိုဝင်ဘာလတွင်   အမေရိကန်ပြည်သူများ    မဲရုံသွားရောက် မဲမပေးခင် ဟားရစ်သည် ပါတီကို စုစုစည်းစည်းဖြစ်ရန် လုပ်ဆောင် သွားမည်ဖြစ်သည်။


ဟားရစ်သည် ၎င်း၏ ဖြစ်နိုင်ခြေရှိသော ဒုတိယသမ္မတဖြစ်မည့် သူအား  ထုတ်ဖော်ပြောကြားခြင်း   မရှိသေးပေ။  သို့သော် အင်္ဂါနေ့ အစောပိုင်းတွင် ကြေညာသွားဖွယ်ရှိသည်။        

အင်န်အိတ်ခ်ျကေ