ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ငလိုက်ရေလှောင်တမံနှင့် ပေါင်းလောင်းရေလှောင်တမံ ကြံ့ခိုင်ရေး၊ ပေါင်းလောင်းရေပိုလွှဲတွင်တပ်ဆင်ထားသော HED (Hydraulic Elevator Dam) စမ်းသပ်မောင်းနှင်မှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော်    ဩဂုတ်    ၂၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဩဂုတ် ၂၂ ရက် နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည် တော် ဥတ္တရသီရိမြို့နယ် ကျွဲရှင်းရွာအနီး တမံအလျား ပေ ၃၉၈၀၊  တမံအမြင့်  ၈၂ ပေ  အကျိုးပြုဧရိယာ ၁၇၇၈၄    ဧကရှိသည့်   ငလိုက်ရေလှောင်တမံသို့ ရောက်ရှိစစ်ဆေးပြီး လက်ရှိရေသိုလှောင်ပမာဏ ၅၈၉၇၄ ဧကပေ သိုလှောင်ထားပြီး၍ မကြာမီရက် များအတွင်း   ကန်ရေပြည့်အမှတ်သို့   ရောက်ရှိမည် ဖြစ်ရာ  ကြိုတင်ဆောင်ရွက်ရမည့် ရေလှောင်တမံ ဘေးကင်းလုံခြုံရေးလုပ်ငန်းများ အထူးအလေးထား စီမံဆောင်ရွက်ရန်၊ ရေပိုလွှဲကြံ့ခိုင်မှုအခြေအနေနှင့် ရေပိုလွှဲမှ    ရေစီးဆင်းနိုင်သည့်   လမ်းကြောင်း တစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေး ဆောင်ရွက် ရန်၊    ရေလှောင်တမံကြံ့ခိုင်မှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ   ကြည့်ရှုစစ်ဆေးရန်၊   မိုးစပါး လျာထားဧကပြည့်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံနှင့် နွေစပါး/အခြား သီးနှံများ စိုက်စွမ်းအားပြည့် စိုက်ပျိုး နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး စနစ်တကျစီမံ ဆောင်ရွက်ရန်ဆွေးနွေးမှာကြားသည်။
ထို့နောက် ငလိုက်ရေလှောင်တမံနှင့် ရေပိုလွှဲ တို့၏ ကြံ့ခိုင်မှုအခြေအနေ၊ ရေထုတ်ပြွန်အခြေအနေ၊ ရေသိုလှောင်ထားရှိမှု   အခြေအနေများကို   ကြည့်ရှု စစ်ဆေးပြီး    ရေအရင်းအမြစ်များ   အလေအလွင့် နည်းပါးပြီး   ရေရှည်အကျိုးရှိစွာ   အသုံးချနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည်  ဇေယျာသီရိ မြို့နယ် ပေါင်းလောင်းရေလှောင်တမံသို့ ရောက်ရှိပြီး တမံကြံ့ခိုင်ရေး၊ ရေပိုလွှဲကြံ့ခိုင်ရေး၊ မူလကန် ရေပြည့် ရေသိုလှောင်ပမာဏထက်ရေလှောင်ပမာဏ ၂၁၀၀၀ ဧကပေခန့်   ပိုမိုသိုလှောင်ပြီး နှစ်စဉ်လျှပ်စစ်ယူနစ် ရှစ်သန်း ပိုမိုထုတ်လုပ်ရန် ရေပိုလွှဲတွင် တပ်ဆင်ထား သော  HED (Hydraulic Elevator Dam)  စမ်းသပ် မောင်းနှင်မှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်HED ရေတံခါးများ ဖွင့်ခြင်း၊ ပိတ်ခြင်း များကို စမ်းသပ်မောင်းနှင် ပြသရာ ဒုတိယဝန်ကြီးက တမံအတွင်း   စီးဝင်ရေကို    ဂရုစိုက်စောင့်ကြည့်၍  HED   ရေတံခါးများကို    လုပ်ထုံးလုပ်နည်းနှင့်အညီ  ဆောင်ရွက်ရန် ၊ HED ရေတံခါးနှင့် ဆက်စပ် ပစ္စည်း များ   အမြဲကြံ့ခိုင်မှုစစ်ဆေးရန်၊   တမံကြံ့ခိုင်ရေး နှင့်   လုံခြုံရေးတို့ကို   စဉ်ဆက်မပြတ်   သတိထား စောင့်ကြည့်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်