ဒုတိယဝန်ကြီး ဦးလွင်ဦး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား လက်ခံတွေ့ဆုံ

နေပြည်တော်   မေ  ၇
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး   ဦးလွင်ဦးသည်   အပြည် ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏    မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone  Sessera  အား    ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော် ရှိ   နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ 
တွေ့ဆုံစဉ်     မြန်မာနိုင်ငံ၌ ICRC က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လူသားချင်းစာနာ ထောက်ထားမှု    အကူအညီများ  ပိုမိုထိရောက်စွာပေးနိုင်ရေး နည်း လမ်းများနှင့်  စပ်လျဉ်း၍  အမြင် ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့    နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ကြီးများနှင့် ICRC ဒုတိယဌာနေ ကိုယ်စားလှယ် Mr. Christophe Ami Leon Taramarcaz တို့ ပါဝင် တက်ရောက်ခဲ့ကြကြောင်း  သိရ သည်။                    

သတင်းစဉ်