
နေပြည်တော် ဩဂုတ် ၉
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက ပခုက္ကူ မြို့နယ် ဝါဇီ အခြေခံပညာ အထက်တန်းကျောင်း နှင့် လမ်းရွာအလယ်တန်းကျောင်း တို့ကိုရောက်ရှိပြီး ကျောင်းအုပ် ဆရာမကြီးများနှင့် ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများ အားတွေ့ဆုံ၍ လူငယ်များ ဗလ ငါးတန်ပြည့်ဝရေး၊ အသိပညာ အတတ်ပညာပြည့်ဝသည့် နိုင်ငံ့ သားကောင်းများဖြစ်အောင် ကြိုး စားကြရေးနှင့် ဘဝတစ်လျှောက် လုံး စာပေဖတ်ရှု လေ့လာရေးတို့ကို ဆွေးနွေး မှာကြားသည်။
ထို့နောက် ကျောင်းစာကြည့် တိုက်များအတွက် စာအုပ်စာစောင် များလှူဒါန်းပြီး အားကစားပစ္စည်း များ ပေးအပ်သည်။
ယင်းနောက် လမ်းရွာကျေးရွာ ရှေ့ဆောင် စာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက် ရေရှည်တည်တံ့နိုင်ရေး၊ လူငယ် များ စာပေလေ့လာဖတ်ရှုနိုင် အောင် စည်းရုံးဆောင်ရွက်ရေး တို့မှာကြားပြီး စာကြည့်တိုက် အတွက်အလှူငွေပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ရုံးကို ကြည့်ရှု စစ်ဆေး၍ ဝန်ထမ်းများကို လိုအပ် သည်များ မှာကြားသည်။
ယနေ့နံနက်ပိုင်းတွင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန၊ မကွေးခရိုင်ရုံး၌ တိုင်းဒေသ ကြီးရုံးမှ ဝန်ထမ်းများ၊ မကွေးခရိုင် နှင့် မင်းဘူးခရိုင်ရုံးတို့မှ ဝန်ထမ်း များအား တွေ့ဆုံ၍ လုပ်ငန်း တာဝန်ပိုင်းဆိုင်ရာများနှင့် ဝန်ထမ်း ရေးရာများ၊ လုံခြုံရေးဆိုင်ရာ များ မှာကြားပြီး ဝန်ထမ်းများ ၏ တင်ပြချက်များကို ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်