ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ် ဗိုလ်လုပွဲ ဆွီယာတက်ခ်နှင့် ခရီဂျစ်ကိုဗာတို့ ယှဉ်ပြိုင်မည်

 

ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် နာမည်ကြီး ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်သည် အမေရိကန်တင်းနစ်မယ် ကိုကိုဂါ့ဖ်ကို ၆-၄၊ ၆-၂ ဖြင့် အနိုင်ရရှိကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ 


ဆွီယာတက်ခ်သည် ပြီးခဲ့သည့် ပြင်သစ်အိုးပင်းပြိုင်ပွဲ ဗိုလ်လု ပွဲတွင် ကိုကိုဂါ့ဖ်နှင့် တွေ့ဆုံခဲ့ပြီး အနိုင်ယူထားသည်။ ဆွီယာ တက်ခ်သည် ဗိုလ်လုပွဲတွင် ချက်တင်းနစ်မယ် ဘာဘိုရာ ခရီဂျစ် ကိုဗာနှင့် ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်သည်။ 


ခရီဂျစ်ကိုဗာသည် ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီး ဖိုင်နယ်တွင် အမေရိကန်တင်းနစ်မယ် ပဲဂူလာကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီး ၁-၆၊ ၇-၅၊ ၀-၆ ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲ သို့ တက်လှမ်းလာသည်။ 


ဆွီယာတက်ခ်သည် မကြာသေးမီက ယှဉ်ပြိုင်ကစားခဲ့သည့် ကာတာတိုတယ်အိုးပင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် အမေရိကန်တင်းနစ် မယ် ပဲဂူလာကို ၆-၃၊ ၆-၀ ဖြင့် အနိုင်ယူကာ ဖလားဆွတ်ခူးထား နိုင်သည်။ 
 

မိုးဇက်