ဒူဘိုင်းတင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဂျိုကိုဗစ် တက်လှမ်း

 

ကမ္ဘာ့နံပါတ်တစ် နိုဗက် ဒီဂျိုကိုဗစ်သည် ဒူဘိုင်းတင်းနစ်ပြိုင်ပွဲ  ကွာတားဖိုင်နယ် တွင်       ပိုလန်တင်းနစ်ကစားသမားဟာ ကက်ဇ်ကို အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါပွဲ စဉ်တွင် ဂျိုကိုဗစ်သည် ပြိုင်ဘက်ကို ၆-၃၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ အသက် ၃၅ နှစ်အရွယ် ဒီဂျိုကိုဗစ်သည် ဆီမီးဖိုင်နယ်တွင် ၎င်း၏ အဓိကပြိုင်ဘက် မက်ဗီဒက်နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ် သည်။ မက်ဗီဒက်ဇ်က ကွာတားဖိုင်နယ် တွင် ခရိုအေးရှားပြိုင်ဘက်ကို ၆-၃၊ ၆-၂ ဖြင့် အနိုင်ရရှိထားသည်။ 

မိုးဇက်