e-Government ဆိုင်ရာ Firewall Administration User Training (Cyber Security) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်   ဩဂုတ်  ၂၉
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် GNE Co., Ltd တို့ ပူးပေါင်းဖွင့်လှစ်သည့် “e-Government  ဆိုင်ရာ Firewall  Administration  User  Training (Cyber Security) သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့  နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး  Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်း ဝန်၊    ဒုတိယညွှန်ကြားရေးမှူးချုပ်၊   အရာထမ်း၊ အမှုထမ်းများ၊ GNE Co., Ltd မှ Branch Office Manager၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်း သား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ ဒစ်ဂျစ်တယ် ခေတ်တွင်    ဆက်သွယ်ရေးစနစ်များနှင့်   ICT နည်းပညာများ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်း ကြောင့် အကျိုးကျေးဇူးများရှိသကဲ့သို့ တစ်ချိန်တည်း တွင် ဆိုက်ဘာတိုက်ခိုက်မှု၊ ဆိုက်ဘာ ရာဇဝတ်မှုများ စသည့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်လာရပါကြောင်း၊  ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်  ဝန်ကြီးဌာန ဆိုက်ဘာလုံခြုံရေးအတွက်  GNE Co., Ltd နှင့် ပူးပေါင်း၍  Firewall - FortiGate 101F (Hardware) ကို  တပ်ဆင်ထားရှိပြီးဖြစ်၍ Firewall တပ်ဆင် အသုံးပြု  ဆောင်ရွက်ထားရှိမှုများနှင့် ဆိုက်ဘာလုံခြုံ ရေးဆိုင်ရာ   အစီအမံများနှင့်ပတ်သက်၍    သိရှိ နားလည်စေရန် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါ ကြောင်း၊  သင်တန်းသူ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချမည့် သင်ခန်းစာများအပေါ် သေချာစွာ လေ့လာသင်ယူကာ e-Government ပုံရိပ်ကို တိုးမြှင့် ဆောင်ရွက်သွားကြရန်နှင့်    မိမိတို့   မျှော်မှန်းသည့် Digital   အခွင့်အလမ်းများကို  အမိအရဆုပ်ကိုင် နိုင်ရန်အတွက်         ဒစ်ဂျစ်တယ်နည်းပညာများ၏ ခြိမ်းခြောက်မှုနှင့် အန္တရာယ်များ လျော့ပါးလာစေရေး တို့ကို  အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွား ကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ICT  ပညာရပ် ဆိုင်ရာ ကျွမ်းကျင်သည့်ဝန်ထမ်းများ ပိုမိုထွက်ပေါ် လာပါက ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက် များကို အကောင်အထည်ဖော်ရာတွင် ပိုမိုအထောက် အကူပြုနိုင်မည်ဖြစ်သဖြင့်  အထူးကြိုးစား  သင်ယူ သွားကြရန်   အလေးအနက်ထား   မှာကြားလိုပါ ကြောင်း ပြောကြားသည်။(အပေါ်ပုံ)
ဆက်လက်၍ GNE Co., Ltd မှ Branch Office Manager   က     သင်တန်းနည်းပြဆရာများနှင့် မိတ်ဆက်ပေးပြီး Powerpoint ဖြင့် ရှင်းလင်းတင်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များသည် သင်တန်းနည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ အဆိုပါ သင်တန်းကာလမှာ (၃) ရက်ခန့်  ကြာမြင့်မည်ဖြစ်ပြီး  သင်တန်းသား၊ သင်တန်းသူ ၁၄ ဦး တက်ရောက်ကြသည်။
ညနေပိုင်းတွင်      ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး    တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့်အတူ        တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊   ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့လည်းကောင်း၊ ယနေ့မွန်းလွဲ ပိုင်းတွင်   ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ရန်ကုန်တိုင်း ဒေသကြီး    ညွှန်ကြားရေးမှူးရုံးသို့လည်းကောင်း ရုံးလုပ်ငန်းဆောင်ရွက်မှု          အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး  ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် ဘတ်ဂျက်ရန်ပုံငွေများကို    ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာ သုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများ မရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများ ကိုလည်း အထူးအလေး ဂရုပြုလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများသည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်းဆောင်တာ များကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ မှန်ကန်စွာ    ဆောင်ရွက်ရန်   လိုအပ်ပါကြောင်း  တိုက်တွန်းပြောကြားသည်။
ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပဲခူးတိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးနှင့်  ရန်ကုန်တိုင်းဒေသ ကြီး တိုင်းရင်းသားရေးရာဝန်ကြီးတို့က တိုင်းဒေသ ကြီးအတွင်း  တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဝန်ထမ်းများက လုပ်ငန်းလိုအပ် ချက်များကို   တင်ပြကြရာ   ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက   ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက   ဝန်ထမ်းများ၏   တင်ပြ ချက်များနှင့် ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်