
e-ID စနစ်အတွက် လုပ်ငန်းသဘောတူစာချုပ် (မူကြမ်း)အား ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးလုပ်ငန်း ညှိနှိုင်းစည်းဝေး
===========================================================
နေပြည်တော် ဇန်နဝါရီ ၈
မြန်မာနိုင်ငံ၏ e-ID စနစ်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် e-ID စနစ် လုပ်ငန်းသဘောတူ စာချုပ် (မူကြမ်း)အား ဖွံ့ဖြိုးမှုအကူ အညီဆိုင်ရာ မူဝါဒပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ e-ID စနစ် လုပ်ငန်း ကော်မတီဥက္ကဋ္ဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ e-ID စနစ် လုပ်ငန်းကော်မတီဝင်များ၊ လုပ်ငန်း ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် e-ID စနစ် လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက မြန်မာ နိုင်ငံနှင့် ဩစတြီးယားနိုင်ငံ အစိုးရ အချင်းချင်း ပူးပေါင်းဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ e-ID စနစ် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့် ဩစတြီးယားနိုင်ငံ OeSD တို့အကြား လုပ်ငန်းဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လုပ်ငန်းဆိုင်ရာ သဘောတူ စာချုပ်သည် လုပ်ငန်းတစ်ခုလုံး၏ အစဦးဆုံးဖြစ်ပြီး ယင်းသဘောတူ စာချုပ် ချုပ်ဆိုပြီးပါက ဆက်လက် ဆောင်ရွက်ရမည့် အရေးကြီးသည့် လုပ်ငန်းစဉ် အများအပြားရှိပါကြောင်း။
e-ID စနစ်လုပ်ငန်းသည်
e-Government စနစ်၏ အခြေခံ အကျဆုံးသော လုပ်ငန်းစဉ်တစ်ခုဖြစ် သဖြင့် ကြီးမားကျယ်ပြန့်ပြီး အလွန် အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်ပါ ကြောင်း၊ မိမိတို့ဌာနအနေဖြင့် ယင်းလုပ်ငန်းနှင့်ပတ်သက်၍ အတွေ့ အကြုံမရှိသော်လည်း တတ်ကျွမ်း နားလည်သည့် ပညာရှင်များ၊ ဆက်စပ် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၏ သုံးသပ်ချက်၊ ဆွေးနွေးအကြံပြုချက် များအား အလေးထားမှတ်သား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်း လုပ်ငန်းများကို ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေသော်လည်း ဖွဲ့စည်းထားသည့် e-ID ဆိုင်ရာ ကော်မတီဝင်များ၊ ဆပ်ကော်မတီဝင် များ၊ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းဆွေးနွေး အကောင်အထည် ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။
ဩစတြီးယားနိုင်ငံ OeSD ၏ စီမံကိန်းအဆိုပြုလွှာအရ e-ID စနစ် စီမံကိန်းကို နှစ်နှစ်တာကာလအတွင်း အဆင့် သုံးဆင့်ဖြင့် အကောင်အထည် ဖော်သွားရန် စီစဉ်ဆောင်ရွက်ထားရှိပါ ကြောင်း၊ ယခုတင်ပြထားသည့် လုပ်ငန်းသဘောတူစာချုပ် (မူကြမ်း) ကိုလည်း ၂၀၁၉ ခုနှစ် ဇူလိုင်လမှ စတင်ကာ လုပ်ငန်းဆိုင်ရာ ပတ်သက် ဆက်နွှယ်သည့် ဝန်ကြီးဌာနများ၊ e-Government ဦးဆောင်ကော်မတီမှ လုပ်ငန်းနှင့်သက်ဆိုင်သည့် ဆပ် ကော်မတီများ၏ သဘောထား မှတ်ချက်များရယူ၍ e-ID စနစ် လုပ်ငန်းကော်မတီဝင်များနှင့် ဆပ် ကော်မတီများဖြင့် အကြိမ်ကြိမ် ညှိနှိုင်း ဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်း သဘောတူစာချုပ် (မူကြမ်း)အား လိုအပ်သည်များ ညှိနှိုင်း ပြင်ဆင်ပြီးနောက် လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ဆောင်ရွက်၍ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီ ဆိုင်ရာ မူဝါဒ (Development Assistance Policy - DAP ) ပြဋ္ဌာန်း ချက်များအရ စီးပွားရေးရာကော်မတီ သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တက်ရောက် လာကြသူများအနေဖြင့် လုပ်ငန်း သဘောတူစာချုပ် (မူကြမ်း)အား လိုအပ်ချက်များရှိပါက အကြံပြု ဆွေးနွေးညှိနှိုင်း ပြင်ဆင်ပေးကြစေ လိုကြောင်း ရှင်းလင်းပြောကြား သည်။
သုံးသပ်အကြံပြုဆွေးနွေး
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများသည် ဝန်ကြီးဌာနနှင့် OeSD ကုမ္ပဏီတို့ အကြား ချုပ်ဆိုမည့် လုပ်ငန်း သဘောတူစာချုပ် (မူကြမ်း) အပေါ် တွေ့ရှိချက်များ၊ ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းဆိုင်ရာလိုအပ်ချက် များကို သုံးသပ်အကြံပြု ဆွေးနွေးကြ ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ဖြည့်စွက်ဆွေးနွေးပြီး e-ID စနစ်လုပ်ငန်း အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်ရေး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်